အန်တိုနီလို အဆမတန် ဈေးတက်မသွားခင် မန်ချက်ခေါ်ယူထားသင့်တဲ့ တိုက်စစ်မှူး
မန်ချက်စတာ ယူနိုက်တက်ရဲ့ အန်တိုနီ အပြောင်းအရွေ့ဟာ အောင်မြင်လာဖို့
မျှော်လင့်ရပါတယ်။ အဖွင့်ပွဲစဉ်မှာတော့ ဂိုးသွင်းပြီး အားလုံးကို
ကျေနပ်မှု ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီအပြောင်းအရွေ့မှာ ယူနိုက်တက်
လုပ်ခဲ့တဲ့ အမှားတစ်ခုက နောက်ကျမှ အသည်းအသန် ခေါ်ယူဖို့
လုပ်ခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွေ့ အပြီးသတ်ချိန်မှာ စုစုပေါင်း
ပေါင် ( ၈၁ )သန်း နှင့် အပိုဆုကြေး ပေါင် ( ၄ ) သန်း ကုန်ကျခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ နွေရာသီ အပြောင်းအရွေ့ စတင်ချိန်ကတည်းက
ဦးစားပေး ကြိုးစားခဲ့သင့်ပါတယ်။ The Mail သတင်းဌာနရဲ့ အဆိုအရ
သူ့ရဲ့ တန်ဖိုးက ဇွန်မှာ ပေါင်သန်း ( ၄၀ ) ဝန်းကျင်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲလာခဲ့ပြီး အေဂျက်အသင်းက
အဆမတန် ဈေးတင်လိုက်ပါတော့တယ်။ ယူနိုက်တက်အနေနဲ့
ဒါကို သင်ခန်းစာ ယူသင့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ
ဒီအပတ်အတွင်း ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်နဲ့ သတင်းတွေ
ထွက်ပေါ်လာပါတယ်။ သူဟာ ဒီရာသီ( ၁၂ ) ပွဲမှာ ( ၈ ) ဂိုး သွင်းပြီး
ပုံစံကောင်း ပြသနေသူဖြစ်ပါတယ်။ The Sun ရဲ့ အဆိုအရ ယူနိုက်တက်က
ပေါင် ( ၂၅ ) သန်းနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ရာမို့စ်ကို အစောဆုံး ခေါ်ယူနိုင်မယ့် ကာလက ဇန်နဝါရီဖြစ်ပါတယ်။
ဘောလုံးရာသီ ပိုကြာလာတာနဲ့အမျှ သူက သွင်းဂိုးတွေ ပိုရလာပြီး
စိတ်ဝင်စားတဲ့အသင်းတွေလည်း ပိုများလာပါလိမ့်မယ်။
နယူးကာဆယ် ၊ ဝုဗ် ၊ လိဒ် ၊ ဆောက်သမ်တန်တို့နဲ့သာမက
ဘိုင်ယန်မြူးနစ် အသင်းနဲ့ပါ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယခုလို စိတ်ဝင်စားတဲ့ အသင်းတွေ များလာတာနဲ့အမျှ သူ့ရဲ့
ပြောင်းရွေ့ကြေးကလည်း ပိုများလာပါတယ်။ တကယ်လို့ ရာမို့စ်သာ
ရာသီကုန်ထိ ဂိုးတွေအဆက်အပြတ် သွင်းနေမယ်ဆိုရင် သန်း ( ၁၀၀ ) တန်
ကစားသမားတောင် ဖြစ်လာနိုင်ပါတယ်။ လီဗာပူးလ်ကို ပေါင် ( ၈၅ ) သန်းနဲ့
ပြောင်းရွေ့ခဲ့တဲ့ ဒါဝင် နူးနက်ဟာ ဇန်နဝါရီလတုန်းက ပေါင်သန်း
( ၅၀ ) ဝန်းကျင်ပဲ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ဇန်နဝါရီ အပြောင်းအရွေ့
ကာလမှာ ရာမို့စ်ကို ခေါ်ယူဖို့ကြိုးစားတာက အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမယ့် ဂလေဇာက ဇန်နဝါရီမှာ ပိုက်ဆံသုံးဖို့ တွန့်တိုနေတယ်လို့ သတင်းတွေ ကြားနေရပါတယ်။
zawgyi