
အေဂျက်စ်အသင်းနည်းပြရှရူဒါက မန်ချက်စတာယူနိုက်တက်
အသင်းဟာ သူတို့ကစားသမား အန်တိုနီကို မတန်တဆဈေးပေးပြီးတော့
ခေါ်ယူသွားတာဖြစ်တယ်လို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အသက်(၂၂)နှစ်သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်ကစားသမား
အန်တိုနီဟာ တနင်္လာနေ့တုန်းက ယူနိုက်တက်အသင်းရဲ့
ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုခံယူခဲ့ပြီးတဲ့နောက်
ယူနိုက်တက်အသင်းကို တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
အေဂျက်စ်ကစားသမားဘ၀ (၂)ရာသီအတွင်း ပြိုင်ပွဲစုံ(၈၂)ပွဲကစား၊
(၂၄)ဂိုးသွင်းယူခဲ့သူ အန်တိုနီအတွက် ယူနိုက်တက်အသင်းဟာ
ပေါင်(၈၅.၅)သန်းအထိသုံးစွဲခဲ့ရပြီး ကစားသမားဟောင်း ပေါ့ဘာပြီးရင်
အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် ကြေးအကြီးဆုံး
ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အေဂျက်စ်အသင်းဟာ
အန်တိုနီကို လက်မလွှတ်လိုပေမယ့် ကစားသမားကိုယ်တိုင်က
ယူနိုက်တက်ဆီပြောင်းခွင့်ရဖို့ အသည်းအသန်ဖြစ်ခဲ့ပြီး အသင်းမှာ
လေ့ကျင့်ခန်းမဆင်းဘဲ ဆန္ဒပြခဲ့တာကြောင့် နောက်ဆုံး အန်တိုနီရဲ့
ဆန္ဒအတိုင်း လိုက်လျောခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အေဂျက်စ်အသင်း
နည်းပြရှရူဒါကတော့ အန်တိုနီရဲ့အပြုအမူအပေါ် ဝေဖန်ခဲ့သလို သူက
ဒီလောက်အထိ တန်ကြေးရှိတဲ့ကစားသမားမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
Ziggo Sport ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ရှရူဒါက “ဒီနေ့ခေတ်မှာတော့
ကစားသမားတွေရဲ့ပြောင်းရွှေ့ကြေးတွေက တကယ်ရူးကြောင်ကြောင်
နိုင်လွန်းပါတယ်။ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကိုခေါ်ခဲ့တုန်းက
ယူရို(၁၁၅)သန်း (ပေါင်၉၉သန်း)ပေးခဲ့သလို မန်ချက်စတာယူနိုက်တက်ကလည်း
ဆန်ချိုကို ယူရိုသန်း(၁၀၀)ကျော် (ပေါင်၈၄သန်း)အထိ ပေးပြီးတော့
ခေါ်ယူခဲ့ပါတယ်။ အခုလည်း အန်တိုနီကို အဲဒီပမာဏနဲ့ ခေါ်သွားပြန်ပါပြီ။
ဒီကစားသမားတွေဟာ အဲဒီလောက် တန်ကြေးရှိလားလို့မေးရင်တော့
‘No’လို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့လည်း ဒီအသင်းတွေကတော့ ရက်ရက်ရောရောနဲ့ကို
ပေးနေတာပါပဲ”လို့ပြောကြားခဲ့ပါတယ်။
zawgyi
” အန္တုိနီဟာ အဲဒီေလာက္တန္ေၾကးမရွိတာကုိ ယူႏုိက္တက္က ေစ်းႀကီးေပးၿပီး ေခၚသြားျပန္ပါၿပီ ” _ ရွ႐ူဒါ
ေအဂ်က္စ္အသင္းနည္းျပရွ႐ူဒါက မန္ခ်က္စတာယူႏိုက္တက္
အသင္းဟာ သူတို႔ကစားသမား အန္တိုနီကို မတန္တဆေဈးေပးၿပီးေတာ့
ေခၚယူသြားတာျဖစ္တယ္လို႔ ေဝဖန္ျပစ္တင္လိုက္ပါတယ္။
အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဘရာဇီးလ္လူငယ္တိုက္စစ္ကစားသမား
အန္တိုနီဟာ တနလၤာေန႔တုန္းက ယူႏိုက္တက္အသင္းရဲ႕
ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ေဆးစစ္မႈခံယူခဲ့ၿပီးတဲ့ေနာက္
ယူႏိုက္တက္အသင္းကို တရားဝင္ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။
ေအဂ်က္စ္ကစားသမားဘ၀ (၂)ရာသီအတြင္း ၿပိဳင္ပြဲစုံ(၈၂)ပြဲကစား၊
(၂၄)ဂိုးသြင္းယူခဲ့သူ အန္တိုနီအတြက္ ယူႏိုက္တက္အသင္းဟာ
ေပါင္(၈၅.၅)သန္းအထိသုံးစြဲခဲ့ရၿပီး ကစားသမားေဟာင္း ေပါ့ဘာၿပီးရင္
အသင္းသမိုင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ ေၾကးအႀကီးဆုံး
ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ေအဂ်က္စ္အသင္းဟာ
အန္တိုနီကို လက္မလႊတ္လိုေပမယ့္ ကစားသမားကိုယ္တိုင္က
ယူႏိုက္တက္ဆီေျပာင္းခြင့္ရဖို႔ အသည္းအသန္ျဖစ္ခဲ့ၿပီး အသင္းမွာ
ေလ့က်င့္ခန္းမဆင္းဘဲ ဆႏၵျပခဲ့တာေၾကာင့္ ေနာက္ဆုံး အန္တိုနီရဲ႕
ဆႏၵအတိုင္း လိုက္ေလ်ာခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ ေအဂ်က္စ္အသင္း
နည္းျပရွ႐ူဒါကေတာ့ အန္တိုနီရဲ႕အျပဳအမူအေပၚ ေဝဖန္ခဲ့သလို သူက
ဒီေလာက္အထိ တန္ေၾကးရွိတဲ့ကစားသမားမဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။
Ziggo Sport ဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ ရွ႐ူဒါက “ဒီေန႔ေခတ္မွာေတာ့
ကစားသမားေတြရဲ႕ေျပာင္းေ႐ႊ႕ေၾကးေတြက တကယ္႐ူးေၾကာင္ေၾကာင္
ႏိုင္လြန္းပါတယ္။ ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီကိုေခၚခဲ့တုန္းက
ယူ႐ို(၁၁၅)သန္း (ေပါင္၉၉သန္း)ေပးခဲ့သလို မန္ခ်က္စတာယူႏိုက္တက္ကလည္း
ဆန္ခ်ိဳကို ယူ႐ိုသန္း(၁၀၀)ေက်ာ္ (ေပါင္၈၄သန္း)အထိ ေပးၿပီးေတာ့
ေခၚယူခဲ့ပါတယ္။ အခုလည္း အန္တိုနီကို အဲဒီပမာဏနဲ႔ ေခၚသြားျပန္ပါၿပီ။
ဒီကစားသမားေတြဟာ အဲဒီေလာက္ တန္ေၾကးရွိလားလို႔ေမးရင္ေတာ့
‘No’လို႔ပဲ ေျဖရမွာပါ။ ဒါေပမဲ့လည္း ဒီအသင္းေတြကေတာ့ ရက္ရက္ေရာေရာနဲ႔ကို
ေပးေနတာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။