
ယခုအပတ်အစောပိုင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ပိုင်ဆိုင်ဆိုင်တဲ့
ကားတစ်စီးဟာ စပိန်နိုင်ငံ Majorca ကျွန်းမှာ မတော်တဆမှုတစ်ခု
ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသက် ( ၃၇ ) နှစ်အရွယ် တိုက်စစ်မှူး
ပိုင်ဆိုင်တဲ့ ပေါင် ( ၁.၇ ) သန်းတန် ဘူဂါဒီ ဇိမ်ခံကားကြီးဟာ ဒေသခံတစ်ဦးရဲ့
အိမ်ကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ မတော်တဆဖြစ်ပွားချိန်မှာ ရော်နယ်ဒိုက
အဆိုပါ ကားထဲတွင်ရှိမနေပဲ သူ့ရဲ့ ဝန်ထမ်းတစ်ဦးတည်းသာ မောင်းနှင်နေခဲ့တာလို့
သိရပါတယ်။ ကားဒရိုင်ဘာက ကားကို ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ပြီး
အိမ်နဲ့ ဆက်ထားတဲ့ ကျောက်ဆောင်နံရံ ကို သွားတိုက်မိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် အိမ်ပိုင်ရှင်ဟာ အနီးနားမှာရှိတဲ့ ရော်နယ်ဒို တည်းခိုနေရာ
ဇိမ်ခံအိမ်ဆီ သွားရောက်ခဲ့ပြီး လျော်ကြေးတောင်းခဲ့တယ်လို့ သိရပါတယ်။
The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ အိမ်ပိုင်ရှင်က
“ အိမ်ထံခါးဖွင့်အောင် ခဏတော့ စောင့်ခဲ့ရပါတယ်။
အဲ့ဒီနောက်မှာ အရမ်းယဉ်ကျေးတဲ့ အမျိုးသမီး နှင့် အမျိုးသားတစ်ဦးကို
တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒို ကိုယ်စား ဘူဂါဒီကြောင့် ပျက်စီးသွားခဲ့တဲ့
အရာအားလုံးကို လျော်ပေးမယ်လို့ ကတိပေးပါတယ်။ အားလုံးကို ပြင်ပြီး
ဘောက်ချာသိမ်းထားလို့ ပြောခဲ့ပါတယ်။”လို့ ဆိုခဲ့ကြောင်း သိရပါတယ်။
“ ရဲတွေက မတော်တဆမှု အကြောင်း အလုပ်ခွင်ကို ဖုန်းဆက်ပြောလာချိန်
ပထမဆုံး စိုးရိမ်မိတာက နံရံဘေးမှာ အမြဲနေတဲ့ ခွေးလေးများ သေသွားမလားဆိုတာပါ။
အိမ်ထဲဝင်သွားပြီးကြည့်လိုက်တော့ အဝင်ဝနဲ့ တော်တော်ဝေးနဲ့ နေရာမှာ
တုန်တုန်ရင်ရင် ဖြစ်နေရှာပါတယ်။” ရော်နယ်ဒိုဟာ အပန်းြဖေခရီးထွက်တဲ့ဆီကို
သူ့ရဲ့ ဇိမ်ခံကား ( ၂ ) စီးပါ သင်္ဘောတင် ခေါ်လာတယ်လို့ သိရပါတယ်။
zawgyi
အပန္းေျဖခရီးမွာ အေလ်ာ္ေတာင္းတာခံခဲ့ရတဲ့ သရဲနီတုိက္စစ္မွဴးႀကီး
ယခုအပတ္အေစာပိုင္းမွာ ခရစၥတီယာႏို ေရာ္နယ္ဒို ပိုင္ဆိုင္ဆိုင္တဲ့
ကားတစ္စီးဟာ စပိန္ႏိုင္ငံ Majorca ကြၽန္းမွာ မေတာ္တဆမႈတစ္ခု
ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ အသက္ ( ၃၇ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉး
ပိုင္ဆိုင္တဲ့ ေပါင္ ( ၁.၇ ) သန္းတန္ ဘူဂါဒီ ဇိမ္ခံကားႀကီးဟာ ေဒသခံတစ္ဦးရဲ႕
အိမ္ကို ဝင္တိုက္မိခဲ့တာျဖစ္ပါတယ္။ မေတာ္တဆျဖစ္ပြားခ်ိန္မွာ ေရာ္နယ္ဒိုက
အဆိုပါ ကားထဲတြင္ရွိမေနပဲ သူ႔ရဲ႕ ဝန္ထမ္းတစ္ဦးတည္းသာ ေမာင္းႏွင္ေနခဲ့တာလို႔
သိရပါတယ္။ ကားဒ႐ိုင္ဘာက ကားကို ထိန္းခ်ဳပ္မႈ ကင္းမဲ့သြားခဲ့ၿပီး
အိမ္နဲ႔ ဆက္ထားတဲ့ ေက်ာက္ေဆာင္နံရံ ကို သြားတိုက္မိခဲ့တာျဖစ္ပါတယ္။
အဲ့ဒီေနာက္ အိမ္ပိုင္ရွင္ဟာ အနီးနားမွာရွိတဲ့ ေရာ္နယ္ဒို တည္းခိုေနရာ
ဇိမ္ခံအိမ္ဆီ သြားေရာက္ခဲ့ၿပီး ေလ်ာ္ေၾကးေတာင္းခဲ့တယ္လို႔ သိရပါတယ္။
The Mirror သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အိမ္ပိုင္ရွင္က
“ အိမ္ထံခါးဖြင့္ေအာင္ ခဏေတာ့ ေစာင့္ခဲ့ရပါတယ္။
အဲ့ဒီေနာက္မွာ အရမ္းယဥ္ေက်းတဲ့ အမ်ိဳးသမီး ႏွင့္ အမ်ိဳးသားတစ္ဦးကို
ေတြ႕ခဲ့ရပါတယ္။ ေရာ္နယ္ဒို ကိုယ္စား ဘူဂါဒီေၾကာင့္ ပ်က္စီးသြားခဲ့တဲ့
အရာအားလုံးကို ေလ်ာ္ေပးမယ္လို႔ ကတိေပးပါတယ္။ အားလုံးကို ျပင္ၿပီး
ေဘာက္ခ်ာသိမ္းထားလို႔ ေျပာခဲ့ပါတယ္။”လို႔ ဆိုခဲ့ေၾကာင္း သိရပါတယ္။
“ ရဲေတြက မေတာ္တဆမႈ အေၾကာင္း အလုပ္ခြင္ကို ဖုန္းဆက္ေျပာလာခ်ိန္
ပထမဆုံး စိုးရိမ္မိတာက နံရံေဘးမွာ အၿမဲေနတဲ့ ေခြးေလးမ်ား ေသသြားမလားဆိုတာပါ။
အိမ္ထဲဝင္သြားၿပီးၾကည့္လိုက္ေတာ့ အဝင္ဝနဲ႔ ေတာ္ေတာ္ေဝးနဲ႔ ေနရာမွာ
တုန္တုန္ရင္ရင္ ျဖစ္ေနရွာပါတယ္။” ေရာ္နယ္ဒိုဟာ အပန္းျေဖခရီးထြက္တဲ့ဆီကို
သူ႔ရဲ႕ ဇိမ္ခံကား ( ၂ ) စီးပါ သေဘၤာတင္ ေခၚလာတယ္လို႔ သိရပါတယ္။