အပြောင်းအရွှေ့ကိစ္စအတွက် မက်ဒရစ်မှာ ဂျာအိုဖီးလစ်နဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ တွေ့ဆုံ

အပြောင်းအရွှေ့ မပိတ်ခင်အထိ ယူနိုက်တက်နဲ့ ကစားသမားတွေ

သတင်းက ပြီးမှာ မဟုတ်ပါဘူး။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာလည်း

အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့

တွေ့ဆုံမှုတွေပါ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

စပိန်နိုင်ငံရဲ့ နာမည်ကျော် သတင်းစာကြီး Marca မှာတော့ ယူနိုက်တက်

အသင်းဟာ အက်သလက်တီကိုအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ

ဂျာအိုဖီးလစ်ရဲ့ တာဝန်ရှိသူတွေနဲ့ မက်ဒရစ်မြို့မှာ တွေ့ဆုံခဲ့ပြီး

ဂျာအိုဖီးလစ်ကို ခေါ်ယူချင်နေတဲ့ ရည်ရွယ်ချက်တွေကိုပါ ရှင်းရှင်းလင်းလင်း

ပြောကြားသွားခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဖီးလစ်ဟာ ဘင်ဖီကာအသင်းမှာ

ပါဝင်ခဲ့စဉ်ကတည်းက ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ

အတော်လေးကို ထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့်

ယူနိုက်တက်ကို မရောက်ဖြစ်ခဲ့ဘဲ အက်သလက်တီကိုအသင်းဆီသာ

ရောက်ရှိခဲ့ရပါတယ်။ ဖီးလစ်ဟာ ဂီတာဖေးအသင်းကို (၃)ဂိုးပြတ်နဲ့

အနိုင်ရခဲ့တဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာအသင်းအတွက် ဂိုးဖန်တီးမှု (၃)ကြိမ်ပါ

ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဖီးလစ်ဟာ အက်သလက်တီကိုအသင်းကို

ယူရို(၁၂၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့

၂၀၂၆ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။

zawgyi

အေျပာင္းအေရႊ႕ကိစၥအတြက္ မက္ဒရစ္မွာ ဂ်ာအုိဖီးလစ္နဲ႔ ယူႏုိက္တက္ တာ၀န္ရွိသူေတြ ေတြ႕ဆုံ

အေျပာင္းအေ႐ႊ႕ မပိတ္ခင္အထိ ယူႏိုက္တက္နဲ႔ ကစားသမားေတြ

သတင္းက ၿပီးမွာ မဟုတ္ပါဘူး။ ယူႏိုက္တက္အသင္းဟာ လက္ရွိမွာလည္း

အက္သလက္တီကိုမက္ဒရစ္ တိုက္စစ္မႉး ဂ်ာအိုဖီးလစ္ကို ေခၚယူဖို႔

ေတြ႕ဆုံမႈေတြပါ လုပ္ေဆာင္ေနတယ္လို႔သိရပါတယ္။

စပိန္ႏိုင္ငံရဲ႕ နာမည္ေက်ာ္ သတင္းစာႀကီး Marca မွာေတာ့ ယူႏိုက္တက္

အသင္းဟာ အက္သလက္တီကိုအသင္းရဲ႕ အဓိက ကစားသမားျဖစ္သူ

ဂ်ာအိုဖီးလစ္ရဲ႕ တာဝန္ရွိသူေတြနဲ႔ မက္ဒရစ္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၿပီး

ဂ်ာအိုဖီးလစ္ကို ေခၚယူခ်င္ေနတဲ့ ရည္႐ြယ္ခ်က္ေတြကိုပါ ရွင္းရွင္းလင္းလင္း

ေျပာၾကားသြားခဲ့တယ္လို႔ ေဖာ္ျပလာခဲ့ပါတယ္။ ဖီးလစ္ဟာ ဘင္ဖီကာအသင္းမွာ

ပါဝင္ခဲ့စဥ္ကတည္းက ယူႏိုက္တက္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ

အေတာ္ေလးကို ထြက္ေပၚခဲ့တဲ့ ကစားသမားတစ္ဦး ျဖစ္ခဲ့ေပမယ့္

ယူႏိုက္တက္ကို မေရာက္ျဖစ္ခဲ့ဘဲ အက္သလက္တီကိုအသင္းဆီသာ

ေရာက္ရွိခဲ့ရပါတယ္။ ဖီးလစ္ဟာ ဂီတာေဖးအသင္းကို (၃)ဂိုးျပတ္နဲ႔

အႏိုင္ရခဲ့တဲ့ လာလီဂါ အဖြင့္ပြဲစဥ္မွာအသင္းအတြက္ ဂိုးဖန္တီးမႈ (၃)ႀကိမ္ပါ

ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ ဖီးလစ္ဟာ အက္သလက္တီကိုအသင္းကို

ယူ႐ို(၁၂၇)သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး အသင္းနဲ႔

၂၀၂၆ခုႏွစ္အထိ သက္တမ္းရွိေနတာျဖစ္ပါတယ္။