အပြောင်းအရွှေ့ရာသီမှာ ဂယက်အတော် ထခဲ့ပေမယ့် မန်ချက်ကို ဒီဂျောင် ဘာလို့ မပြောင်းရွှေ့ဖြစ်ခဲ့တာလဲ…

ဖရန်ကီ ဒီဂျောင်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ကာလအတွင်း

လူပြောအများဆုံး အကြောင်းအရာတစ်ခုဖြစ်ခဲ့တဲ့ သူ့ရဲ့ မန်ချက်စတာ

ယူနိုက်တက် အပြောင်းအရွေ့နဲ့ ပတ်သက်လို့ ရင်ဖွင့်လာပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ် တင်ဟာ့ခ်က သူ့ရဲ့ တပည့်ဟောင်း

ဒတ်ချ်ကွင်းလယ်လူကို နံပါတ် ( ၁ ) ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပြီး

ဘာစီလိုနာ နှင့် မန်ယူနိုက်တက်တို့ကြားမှာလည်း ကွင်းလယ်

ကစားသမားအတွက် ပေါင် ( ၆၃ )သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း မရှိတဲ့အတွက်

အပြောင်းအရွေ့ ပျက်ပြယ်သွားခဲ့ပါတယ်။ ဒီဂျောင်က မနေ့တုန်းက

ပြုလုပ်တဲ့ နယ်သာလန်အသင်းရဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ

“ ချဲလ်ဆီး နှင့် မန်ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုလား ?

ကျွန်တော် မေလမှာကတည်းက ဘာစီလိုနာမှာပဲ ဆက်နေဖို့

ဆုံးဖြတ်ခဲ့ပြီးသားပါ။ နွေရာသီ တစ်လျှောက်လုံးလည်း ဒီဆုံးဖြတ်ချက်ကို

ပြောင်းလဲခြင်း မရှိပါဘူး။”လို့ ဆိုခဲ့ပါတယ်။ “ ကျွန်တော် အသေးစိတ်တော့

ပြောလို့ မရပါဘူး ။ အသင်းမှာလည်း သူ့ရဲ့ ကိုယ်ပိုင် အိုင်ဒီယာရှိတယ်။

ကျွန်တော့်မှာလည်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်အိုင်ဒီယာရှိပါတယ်။

တခါတလေမှာ ဒါတွေက တစ်ဦးနဲ့ တစ်ဦး ထိပ်တိုက်တွေ့တတ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အခြေအနေတွေက အဆင်ပြေသွားခဲ့ပါတယ်။”

zawgyi

အေျပာင္းအေရႊ႕ရာသီမွာ ဂယက္အေတာ္ ထခဲ့ေပမယ့္ မန္ခ်က္ကုိ ဒီေဂ်ာင္ ဘာလုိ႔ မေျပာင္းေရႊ႕ျဖစ္ခဲ့တာလဲ…

ဖရန္ကီ ဒီေဂ်ာင္က ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလအတြင္း

လူေျပာအမ်ားဆုံး အေၾကာင္းအရာတစ္ခုျဖစ္ခဲ့တဲ့ သူ႔ရဲ႕ မန္ခ်က္စတာ

ယူႏိုက္တက္ အေျပာင္းအေ႐ြ႕နဲ႔ ပတ္သက္လို႔ ရင္ဖြင့္လာပါတယ္။

ယူႏိုက္တက္ နည္းျပ အဲရစ္ တင္ဟာ့ခ္က သူ႔ရဲ႕ တပည့္ေဟာင္း

ဒတ္ခ်္ကြင္းလယ္လူကို နံပါတ္ ( ၁ ) ပစ္မွတ္အျဖစ္ သတ္မွတ္ထားခဲ့ၿပီး

ဘာစီလိုနာ ႏွင့္ မန္ယူႏိုက္တက္တို႔ၾကားမွာလည္း ကြင္းလယ္

ကစားသမားအတြက္ ေပါင္ ( ၆၃ )သန္းနဲ႔ သေဘာတူညီမႈ ရရွိထားခဲ့ၿပီးျဖစ္ပါတယ္။

ဒါေပမယ့္ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရယူႏိုင္ခဲ့ျခင္း မရွိတဲ့အတြက္

အေျပာင္းအေ႐ြ႕ ပ်က္ျပယ္သြားခဲ့ပါတယ္။ ဒီေဂ်ာင္က မေန႔တုန္းက

ျပဳလုပ္တဲ့ နယ္သာလန္အသင္းရဲ႕ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွာ

“ ခ်ဲလ္ဆီး ႏွင့္ မန္ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈလား ?

ကြၽန္ေတာ္ ေမလမွာကတည္းက ဘာစီလိုနာမွာပဲ ဆက္ေနဖို႔

ဆုံးျဖတ္ခဲ့ၿပီးသားပါ။ ေႏြရာသီ တစ္ေလွ်ာက္လုံးလည္း ဒီဆုံးျဖတ္ခ်က္ကို

ေျပာင္းလဲျခင္း မရွိပါဘူး။”လို႔ ဆိုခဲ့ပါတယ္။ “ ကြၽန္ေတာ္ အေသးစိတ္ေတာ့

ေျပာလို႔ မရပါဘူး ။ အသင္းမွာလည္း သူ႔ရဲ႕ ကိုယ္ပိုင္ အိုင္ဒီယာရွိတယ္။

ကြၽန္ေတာ့္မွာလည္း ကြၽန္ေတာ့္ရဲ႕ ကိုယ္ပိုင္အိုင္ဒီယာရွိပါတယ္။

တခါတေလမွာ ဒါေတြက တစ္ဦးနဲ႔ တစ္ဦး ထိပ္တိုက္ေတြ႕တတ္ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ အေျခအေနေတြက အဆင္ေျပသြားခဲ့ပါတယ္။”