အပြောင်းအလဲတွေကို သတ္တိရှိရှိလုပ်ပြခဲ့တဲ့ အဲရစ်တန်ဟက်ကို ပေါလ်စခိုးလ် ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်ဟာ

အသင်းခေါင်းဆောင်မက်ဂွိုင်းယားကို အရန်ခုံပို့ပစ်တာအပါအဝင်

ကြီးမားတဲ့အပြောင်းအလဲတွေကို သတ္တိရှိရှိလုပ်ပြခဲ့တဲ့ နည်းပြအဲရစ်တန်ဟက်ရဲ့

အရည်အချင်းအပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။ ရာသီအဖွင့်ပွဲတွေဖြစ်တဲ့

ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို (၂)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်

အဲရစ်တန်ဟက်ဟာ လီဗာပူးလ်နဲ့ပွဲမှာ မက်ဂွိုင်းယားကို ခေါက်ပြီးတော့

လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းကို တွဲဖက်အသုံးပြုခဲ့ပြီး လုခ်ရှောနေရာမှာ

မာလာစီယာကို ယုံယုံကြည်ကြည်နေရာပေးခဲ့သလို ရပ်ရှ်ဖို့ဒ်ကိုလည်း

No 9 Role အဖြစ် ပြောင်းလဲအသုံးပြုခဲ့တဲ့အတွက် အရေးပါတဲ့

နိုင်ပွဲရရှိခဲ့တဲ့အပြင် အဲဒီနောက်ပိုင်း ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက်

အနိုင်ရခဲ့ပါတယ်။ ပေါလ်စခိုးလ်က “အဲရစ်တန်ဟက်အနေနဲ့ မက်ဂွိုင်းယားကို

ပွဲထွက်စာရင်းကနေ သေချာပေါက် ချန်လှပ်ရမှာဖြစ်ပါတယ်။ ဒါက သတ္တိရှိတဲ့

ဆုံးဖြတ်ချက်ဖြစ်သလို အဲရစ်တန်ဟက်ကလည်း ရဲဝံ့တဲ့နည်းပြတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲတွေက ယူနိုက်တက်အသင်းရဲ့ခြေစွမ်းအရ အဲရစ်တန်ဟက်ရဲ့

အရည်အချင်းအပေါ် ကျွန်တော် အားရကျေနပ်မိပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲ

နောက်ပိုင်းကတည်းက သူဟာ ကြီးမားတဲ့အပြောင်းအလဲတွေလုပ်ပြခဲ့ပြီး

အရိုးရှင်းဆုံးအချက်က ခံစစ်ကနေ တိုက်စစ်လမ်းကြောင်းမစတော့ဘဲ

အသင်းရဲ့အကောင်းဆုံးကစားသမားတွေဆီ ဘောလုံးပေးပြီးတော့

တိုက်စစ်ကစားခဲ့တာပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

အေျပာင္းအလဲေတြကို သတၱိရွိရွိလုပ္ျပခဲ့တဲ့ အဲရစ္တန္ဟက္ကို ေပါလ္စခိုးလ္ ခ်ီးက်ဴး

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကြင္းလယ္လူ ေပါလ္စခိုးလ္ဟာ

အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကို အရန္ခုံပို႔ပစ္တာအပါအဝင္

ႀကီးမားတဲ့အေျပာင္းအလဲေတြကို သတၱိရွိရွိလုပ္ျပခဲ့တဲ့ နည္းျပအဲရစ္တန္ဟက္ရဲ႕

အရည္အခ်င္းအေပၚ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ ရာသီအဖြင့္ပြဲေတြျဖစ္တဲ့

ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔ကို (၂)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္

အဲရစ္တန္ဟက္ဟာ လီဗာပူးလ္နဲ႔ပြဲမွာ မက္ဂြိဳင္းယားကို ေခါက္ၿပီးေတာ့

လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ဗာရန္းကို တြဲဖက္အသုံးျပဳခဲ့ၿပီး လုခ္ေရွာေနရာမွာ

မာလာစီယာကို ယုံယုံၾကည္ၾကည္ေနရာေပးခဲ့သလို ရပ္ရွ္ဖို႔ဒ္ကိုလည္း

No 9 Role အျဖစ္ ေျပာင္းလဲအသုံးျပဳခဲ့တဲ့အတြက္ အေရးပါတဲ့

ႏိုင္ပြဲရရွိခဲ့တဲ့အျပင္ အဲဒီေနာက္ပိုင္း ပရီးမီးယားလိဂ္(၄)ပြဲဆက္တိုက္

အႏိုင္ရခဲ့ပါတယ္။ ေပါလ္စခိုးလ္က “အဲရစ္တန္ဟက္အေနနဲ႔ မက္ဂြိဳင္းယားကို

ပြဲထြက္စာရင္းကေန ေသခ်ာေပါက္ ခ်န္လွပ္ရမွာျဖစ္ပါတယ္။ ဒါက သတၱိရွိတဲ့

ဆုံးျဖတ္ခ်က္ျဖစ္သလို အဲရစ္တန္ဟက္ကလည္း ရဲဝံ့တဲ့နည္းျပတစ္ဦးျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ပြဲေတြက ယူႏိုက္တက္အသင္းရဲ႕ေျခစြမ္းအရ အဲရစ္တန္ဟက္ရဲ႕

အရည္အခ်င္းအေပၚ ကြၽန္ေတာ္ အားရေက်နပ္မိပါတယ္။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲ

ေနာက္ပိုင္းကတည္းက သူဟာ ႀကီးမားတဲ့အေျပာင္းအလဲေတြလုပ္ျပခဲ့ၿပီး

အ႐ိုးရွင္းဆုံးအခ်က္က ခံစစ္ကေန တိုက္စစ္လမ္းေၾကာင္းမစေတာ့ဘဲ

အသင္းရဲ႕အေကာင္းဆုံးကစားသမားေတြဆီ ေဘာလုံးေပးၿပီးေတာ့

တိုက္စစ္ကစားခဲ့တာပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။