အမေရိကန်နဲ့ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာ ဆောက်ဂိတ်အသုံးပြုမယ့် အင်္ဂလန်လူစာရင်းပေါက်ကြား

ဂါရတ်ဆောက်ဂိတ်ဟာယနေ့ညတွင်အမေရိကန်နှင့်ရင်ဆိုင်ကစားရမယ့်

အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်တွင်အီရန်နှင့်ပွဲစဉ်တုန်းက

ပွဲထွက်ကစားသမား၁၁ဦးကိုပင်ဆက်လက်အသုံးပြုလာမှာဖြစ်ကြောင်းသိရပါတယ်။

အင်္ဂလန်ဟာယနေ့ညတွင်ဂရက်ဘာဟယ်တီယာရဲ့အမေရိကန်နှင့်

ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် Al Bayt Stadium မှာရင်ဆိုင်ရမှာဖြစ်ပြီး

ဟယ်ရီကိန်းမှာကြံ့ခိုင်ပြည့်ဝနေမှုနှင့်အတူပွဲထွက်ကစားလာပါမယ်။

ဟယ်ရီကိန်းဟာအီရန်ကို၆-၂ဂိုးဖြင့်အနိုင်ရတဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်

ဒဏ်ရာရရှိခဲ့လို့စိုးရိမ်စရာဖြစ်ခဲ့ပေမဲ့လည်းဗုဒ္ဓဟူးနေ့မှစတင်ကာ

အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းထားနိုင်ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာအီရန်နှင့်ပွဲစဉ်တွင် အီတလီနှင့်

ယူရို၂၀၂၀ဗိုလ်လုပွဲစဉ်မှပွဲထွက်ကစားသမား၁၁ဦးမှ၉ဦးကိုအသုံးပြုခဲ့ပြီး

ရာဟမ်းစတာလင်း၊ဟယ်ရီမက်ဂွိုင်းယားနှင့်ဂျူ့ဘယ်လင်ဂမ်တို့ကို

အသုံးပြုခဲ့ပါတယ်။ ဆောက်ဂိတ်ဟာအမေရိကန်နှင့်ပွဲစဉ်တွင်လည်း

အီရန်နှင့်ပွဲစဉ်တုန်းကပွဲထွက်လူစာရင်းအတိုင်းအသုံးပြုလာမည်ဖြစ်ရာ

နံပါတ်တစ်ဂိုးသမားအဖြစ်ပစ်ဖို့ဒ်ကိုအသုံးပြုလာပါမယ်။

နောက်တန်းတွင်လုခ်ရှော၊ဟယ်ရီမက်ဂွိုင်းယား၊ဂျွန်စတုန်းနှင့်

ထရစ်ပီယာတို့ကိုအသုံးပြုလာမှာဖြစ်ပြီးကွင်းလယ်မှာဒက်လန်းရိုက်စ်၊

ဂျူ့ဘယ်လင်ဂမ်နှင့်မေဆင်မောင့်တို့ကိုသုံးလာပါမယ်။

တိုက်စစ်တွင်ရာဟမ်းစတာလင်း၊ဘူကာယိုဆာကာနှင့်ဟယ်ရီကိန်းတို့ကိုအသုံးပြုလာပါမယ်။

zawgyi

အေမရိကန္နဲ႔ရင္ဆုိင္ကစားရမယ့္ပြဲစဥ္မွာ ေဆာက္ဂိတ္အသုံးျပဳမယ့္ အဂၤလန္လူစာရင္းေပါက္ၾကား

ဂါရတ္ေဆာက္ဂိတ္ဟာယေန႔ညတြင္အေမရိကန္ႏွင့္ရင္ဆိုင္ကစားရမယ့္

အဂၤလန္ရဲ႕ကမာၻ႔ဖလားအုပ္စုဒုတိယပြဲစဥ္တြင္အီရန္ႏွင့္ပြဲစဥ္တုန္းက

ပြဲထြက္ကစားသမား၁၁ဦးကိုပင္ဆက္လက္အသုံးျပဳလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အဂၤလန္ဟာယေန႔ညတြင္ဂရက္ဘာဟယ္တီယာရဲ႕အေမရိကန္ႏွင့္

ကမာၻ႔ဖလားအုပ္စုဒုတိယပြဲစဥ္အျဖစ္ Al Bayt Stadium မွာရင္ဆိုင္ရမွာျဖစ္ၿပီး

ဟယ္ရီကိန္းမွာႀကံ့ခိုင္ျပည့္ဝေနမႈႏွင့္အတူပြဲထြက္ကစားလာပါမယ္။

ဟယ္ရီကိန္းဟာအီရန္ကို၆-၂ဂိုးျဖင့္အႏိုင္ရတဲ့ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတြင္

ဒဏ္ရာရရွိခဲ့လို႔စိုးရိမ္စရာျဖစ္ခဲ့ေပမဲ့လည္းဗုဒၶဟူးေန႔မွစတင္ကာ

အသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းထားႏိုင္ပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာအီရန္ႏွင့္ပြဲစဥ္တြင္ အီတလီႏွင့္

ယူ႐ို၂၀၂၀ဗိုလ္လုပြဲစဥ္မွပြဲထြက္ကစားသမား၁၁ဦးမွ၉ဦးကိုအသုံးျပဳခဲ့ၿပီး

ရာဟမ္းစတာလင္း၊ဟယ္ရီမက္ဂြိဳင္းယားႏွင့္ဂ်ဴ႕ဘယ္လင္ဂမ္တို႔ကို

အသုံးျပဳခဲ့ပါတယ္။ ေဆာက္ဂိတ္ဟာအေမရိကန္ႏွင့္ပြဲစဥ္တြင္လည္း

အီရန္ႏွင့္ပြဲစဥ္တုန္းကပြဲထြက္လူစာရင္းအတိုင္းအသုံးျပဳလာမည္ျဖစ္ရာ

နံပါတ္တစ္ဂိုးသမားအျဖစ္ပစ္ဖို႔ဒ္ကိုအသုံးျပဳလာပါမယ္။

ေနာက္တန္းတြင္လုခ္ေရွာ၊ဟယ္ရီမက္ဂြိဳင္းယား၊ဂြၽန္စတုန္းႏွင့္

ထရစ္ပီယာတို႔ကိုအသုံးျပဳလာမွာျဖစ္ၿပီးကြင္းလယ္မွာဒက္လန္း႐ိုက္စ္၊

ဂ်ဴ႕ဘယ္လင္ဂမ္ႏွင့္ေမဆင္ေမာင့္တို႔ကိုသုံးလာပါမယ္။

တိုက္စစ္တြင္ရာဟမ္းစတာလင္း၊ဘူကာယိုဆာကာႏွင့္ဟယ္ရီကိန္းတို႔ကိုအသုံးျပဳလာပါမယ္။