
ဆွစ်ဇာလန်ကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သူမရဲ့မောင်ဖြစ်သူကို
အရန်ခုံမှာ ထိုင်ခိုင်းခဲ့တဲ့ ပေါ်တူဂီအသင်းနည်းပြကို စီရော်နယ်ဒိုရဲ့
အစ်မဖြစ်သူက ဆိုရှယ်မီဒီယာပေါ်မှာ ဖောင်းထုလိုက်ပါတယ်။
စီရော်နယ်ဒိုရဲ့အစ်မအယ်မာအဗိုင်ရိုက ပေါ်တူဂီအသင်းနည်းပြဟာ
သူမရဲ့မောင်ဖြစ်သူကို အရှက်ခွဲလိုက်တာလို့ ဆိုခဲ့တာပါ။
ဒါ့အပြင်အဗိုင်ရိုက ပွဲထွက်စာရင်းထဲမှာ ၃၇ နှစ်အရွယ် ကစားသမား
မပါခဲ့တာကို နားမလည်နိုင်ကြောင်းလည်း ဆိုခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ အုပ်စုအဆင့်တုန်းက ပွဲတိုင်း ပွဲထွက်ပါခဲ့ရပေမယ့်
ရှုံးထွက်အဆင့်ရောက်တော့မှ ဘေးထွက်ထိုင်နေရတာပါ။
ဖြစ်ချင်တော့ အဲဒီပွဲမှာ သူ့အစား ပွဲထွက်ပါခဲ့ရတဲ့ ၂၁ နှစ်သား
တိုက်စစ်မှုးလေး ဂွန်ကာလိုရာမို့စ်က ဟက်ထရစ်သွင်းသွားပါတယ်။
ယူရို ၂၀၀၈ ကတည်းက အဓိကပြိုင်ပွဲကြီးတစ်ရပ်က ရှုံးထွက်အဆင့်
ပွဲတစ်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အရန်ခုံထိုင်ခဲ့ရတဲ့ မောင်ဖြစ်သူအတွက်
မကျေနပ်ချက်ကို အဗိုင်ရိုက Instagram မှာ အခုလိုရေးခဲ့တာပါ။
”ဟုတ်ပါတယ်။ စီရော်နယ်ဒိုက ထာဝရတည်ရှိနိုင်မှာ မဟုတ်သလို
အစဉ်အမြဲကစားနိုင်မှာလည်း မဟုတ်ပါဘူး။ ကံဆိုးချင်တော့
သူက အခုဆို ဂိုးလည်း မရတော့ဘူးလေ။ သူ အိုနေပြီဖြစ်သလို
ပေါ်တူဂီကလည်း ရော်နယ်ဒိုကို မလိုတော့ပါဘူး။ ကျွန်မတို့
ကြားခဲ့တာတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ သူလုပ်ခဲ့တာအားလုံး
အရေးမပါတော့တာနဲ့ သူလုပ်ခဲ့တာအားလုံး မေ့ပစ်ခံခဲ့ရတာတွေပေါ့။
အခုတော့ သူတို့က သူ့ကို မလိုတော့သလို ခွင့်လွှတ်ပေးဖို့
တောင်းဆိုနေကြပါတယ်။ အဲဒါကို ကျွန်မ မှတ်ထားလိုက်ပါ့မယ်။
ပြီးရင် ပြောကြတာပေါ့။ ရူအီဆန်းတို့စ်ရေ ရှင်ဘာကို တောင်းပန်မှာလဲ။
အခု ကျွန်မတို့လုပ်ချင်တာ လုပ်နိုင်နေပြီ။ အများကြီးပေးဆပ်ခဲ့သူ
တစ်ယောက်ကို အရှက်ခွဲတာဟာ စိတ်ပျက်စရာတစ်ခုပါ”လို့
အယ်မာအဗိုင်ရိုက သူ့ Instagram မှာ ရေးခဲ့ပါတယ်။
zawgyi
အရန္ခုံထုိင္ခဲ့ရတဲ့ ေရာ္နယ္ဒုိေၾကာင့္ ဆန္းတုိ႔စ္ကုိ ပြဲရွာလုိက္ျပန္တဲ့ ဒုိေလးအစ္မ
ဆြစ္ဇာလန္ကို ၆-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ သူမရဲ႕ေမာင္ျဖစ္သူကို
အရန္ခုံမွာ ထိုင္ခိုင္းခဲ့တဲ့ ေပၚတူဂီအသင္းနည္းျပကို စီေရာ္နယ္ဒိုရဲ႕
အစ္မျဖစ္သူက ဆိုရွယ္မီဒီယာေပၚမွာ ေဖာင္းထုလိုက္ပါတယ္။
စီေရာ္နယ္ဒိုရဲ႕အစ္မအယ္မာအဗိုင္႐ိုက ေပၚတူဂီအသင္းနည္းျပဟာ
သူမရဲ႕ေမာင္ျဖစ္သူကို အရွက္ခြဲလိုက္တာလို႔ ဆိုခဲ့တာပါ။
ဒါ့အျပင္အဗိုင္႐ိုက ပြဲထြက္စာရင္းထဲမွာ ၃၇ ႏွစ္အ႐ြယ္ ကစားသမား
မပါခဲ့တာကို နားမလည္ႏိုင္ေၾကာင္းလည္း ဆိုခဲ့ပါတယ္။
စီေရာ္နယ္ဒိုဟာ အုပ္စုအဆင့္တုန္းက ပြဲတိုင္း ပြဲထြက္ပါခဲ့ရေပမယ့္
ရႈံးထြက္အဆင့္ေရာက္ေတာ့မွ ေဘးထြက္ထိုင္ေနရတာပါ။
ျဖစ္ခ်င္ေတာ့ အဲဒီပြဲမွာ သူ႔အစား ပြဲထြက္ပါခဲ့ရတဲ့ ၂၁ ႏွစ္သား
တိုက္စစ္မႈးေလး ဂြန္ကာလိုရာမို႔စ္က ဟက္ထရစ္သြင္းသြားပါတယ္။
ယူ႐ို ၂၀၀၈ ကတည္းက အဓိကၿပိဳင္ပြဲႀကီးတစ္ရပ္က ရႈံးထြက္အဆင့္
ပြဲတစ္ပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ အရန္ခုံထိုင္ခဲ့ရတဲ့ ေမာင္ျဖစ္သူအတြက္
မေက်နပ္ခ်က္ကို အဗိုင္႐ိုက Instagram မွာ အခုလိုေရးခဲ့တာပါ။
”ဟုတ္ပါတယ္။ စီေရာ္နယ္ဒိုက ထာဝရတည္ရွိႏိုင္မွာ မဟုတ္သလို
အစဥ္အၿမဲကစားႏိုင္မွာလည္း မဟုတ္ပါဘူး။ ကံဆိုးခ်င္ေတာ့
သူက အခုဆို ဂိုးလည္း မရေတာ့ဘူးေလ။ သူ အိုေနၿပီျဖစ္သလို
ေပၚတူဂီကလည္း ေရာ္နယ္ဒိုကို မလိုေတာ့ပါဘူး။ ကြၽန္မတို႔
ၾကားခဲ့တာေတြအေၾကာင္း ေျပာျဖစ္ခဲ့ပါတယ္။ သူလုပ္ခဲ့တာအားလုံး
အေရးမပါေတာ့တာနဲ႔ သူလုပ္ခဲ့တာအားလုံး ေမ့ပစ္ခံခဲ့ရတာေတြေပါ့။
အခုေတာ့ သူတို႔က သူ႔ကို မလိုေတာ့သလို ခြင့္လႊတ္ေပးဖို႔
ေတာင္းဆိုေနၾကပါတယ္။ အဲဒါကို ကြၽန္မ မွတ္ထားလိုက္ပါ့မယ္။
ၿပီးရင္ ေျပာၾကတာေပါ့။ ႐ူအီဆန္းတို႔စ္ေရ ရွင္ဘာကို ေတာင္းပန္မွာလဲ။
အခု ကြၽန္မတို႔လုပ္ခ်င္တာ လုပ္ႏိုင္ေနၿပီ။ အမ်ားႀကီးေပးဆပ္ခဲ့သူ
တစ္ေယာက္ကို အရွက္ခြဲတာဟာ စိတ္ပ်က္စရာတစ္ခုပါ”လို႔
အယ္မာအဗိုင္႐ိုက သူ႔ Instagram မွာ ေရးခဲ့ပါတယ္။