အဝတ်လဲခန်းထဲက ဘရူနိုရဲ့ လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်လိုက်တဲ့ ဗန်ဒေးဘိခ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖြစ်သူ ဒွန်နီဗန်ဒေးဘိခ်က

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ယူအသင်း အဝတ်လဲခန်းထဲမှာ သီချင်းဖွင့်ဖို့

တာဝန်ယူရတဲ့ ကစားသမား‌ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

ဒွန်နီဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့အချိန်ကစတင်ပြီး

ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို၊ သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟန့်

မန်ယူကို ရောက်ရှိလာချိန်မှာလည်း အလားတူဖြစ်ရပ်မျိုးနဲ့ ကြုံနေရကာ၊

ဒီရာသီမှာ အသင်းအတွက် ၁၉ မိနစ်သာ ကစားခွင့်ရထားပါတယ်။

လက်ရှိမှာတော့ ဒွန်နီဟာ ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းမှာ

ရွေးချယ်ခြင်းမခံရတာကြောင့် ကာရင်တန်မှာပဲ ကျန်ရှိနေပြီး အသင်းမီဒီယာနဲ့

အင်တာဗျုးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ပထမဦးစွာ မန်ယူအသင်းမှာ

အခင်ဆုံးသူငယ်ချင်းကို မေးတဲ့အခါ ဒွန်နီက “ ‌ဒါက မေးခွန်းကောင်းတစ်ခုပဲဗျ။

ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ကစားသမားအချို့ရှိပါတယ်၊

ဥပမာဆိုရင် ကျွန်တော်က လုခ်ရှောနဲ့ အဆင်ပြေတယ်၊ ဒါပေမယ့် ကွင်းပြင်ပ

အခြားကိစ္စတွေမှာ အတူလုပ်ကြတဲ့ ကစားသမားအချို့လည်း ရှိပါတယ်။

အရင်ကဆိုရင် ကျွန်တော်တို့မှာ နီမန်ဂျာ မာတစ်တို့ ဟွမ်မာတာတို့ရှိတယ်၊

ထရိမ်နင်ပြီးရင် တစ်ခါတစ်လေ ကျွန်တော်တို့အတူ ညစာ ဒါမှမဟုတ်

နေ့လည်စာ သွားစားလေ့ရှိကြတယ်။ ဘရူနိုကကျတော့ အဝတ်လဲခန်းထဲမှာ

သီချင်းအများဆုံးဖွင့်ရတဲ့သူပါ။ သူ မလုပ်ခင်တုန်းကတော့ ဘယ်သူဖွင့်လဲ

ကျွန်တော် မသိပါဘူး။ အခုတော့ ဘရူနိုက ဘောက်တစ်လုံးနဲ့

သီချင်းတွေအားလုံး ဖွင့်ရတဲ့သူဖြစ်ပါတယ် ” “ သူ ဖွင့်တဲ့သီချင်းတစ်ချို့တော့

ကျွန်တော် ကြိုက်ပါတယ်၊ ဒါပေမယ့် အားလုံးတော့ မဟုတ်ဘူး။

သူက ကောင်းတဲ့လူလို့ ထင်ပါတယ်။ တစ်ခါကဆိုရင် သူက

အဝတ်လဲခန်းထဲမှာ ဒတ်ခ်ျသီချင်းတွေ ဖွင့်နေတာပါ။ သူ ဖွင့်တဲ့

သီချင်းကတော့ အစုံပါပဲ။ ပြီးခဲ့တဲ့ရာသီကဆိုရင် ကစားသမားတိုင်းက

သီချင်းတစ်ပုဒ်ရွေးပေးရပြီးတော့၊ ကျွန်တော်တို့က အဲ့ဒါကို

ရောနှောလိုက်ကြတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

အ၀တ္လဲခန္းထဲက ဘ႐ူႏုိရဲ႕ လွ်ဳိ႕၀ွက္ခ်က္ကုိ ေဖာ္ေကာင္လုပ္လုိက္တဲ့ ဗန္ေဒးဘိခ္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားျဖစ္သူ ဒြန္နီဗန္ေဒးဘိခ္က

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္ယူအသင္း အဝတ္လဲခန္းထဲမွာ သီခ်င္းဖြင့္ဖို႔

တာဝန္ယူရတဲ့ ကစားသမား‌ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာပါတယ္။

ဒြန္နီဟာ ယူႏိုက္တက္အသင္းကို ေရာက္ရွိလာတဲ့အခ်ိန္ကစတင္ၿပီး

ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရသလို၊ သူ႔ရဲ႕ ဆရာေဟာင္း အဲရစ္ တန္ဟန႔္

မန္ယူကို ေရာက္ရွိလာခ်ိန္မွာလည္း အလားတူျဖစ္ရပ္မ်ိဳးနဲ႔ ႀကဳံေနရကာ၊

ဒီရာသီမွာ အသင္းအတြက္ ၁၉ မိနစ္သာ ကစားခြင့္ရထားပါတယ္။

လက္ရွိမွာေတာ့ ဒြန္နီဟာ ဒဏ္ရာျပႆနာေၾကာင့္ လက္ေ႐ြးစင္အသင္းမွာ

ေ႐ြးခ်ယ္ျခင္းမခံရတာေၾကာင့္ ကာရင္တန္မွာပဲ က်န္ရွိေနၿပီး အသင္းမီဒီယာနဲ႔

အင္တာဗ်ဳးတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ ပထမဦးစြာ မန္ယူအသင္းမွာ

အခင္ဆုံးသူငယ္ခ်င္းကို ေမးတဲ့အခါ ဒြန္နီက “ ‌ဒါက ေမးခြန္းေကာင္းတစ္ခုပဲဗ်။

ကြၽန္ေတာ္နဲ႔ ဆက္ဆံေရးေကာင္းရွိတဲ့ ကစားသမားအခ်ိဳ႕ရွိပါတယ္၊

ဥပမာဆိုရင္ ကြၽန္ေတာ္က လုခ္ေရွာနဲ႔ အဆင္ေျပတယ္၊ ဒါေပမယ့္ ကြင္းျပင္ပ

အျခားကိစၥေတြမွာ အတူလုပ္ၾကတဲ့ ကစားသမားအခ်ိဳ႕လည္း ရွိပါတယ္။

အရင္ကဆိုရင္ ကြၽန္ေတာ္တို႔မွာ နီမန္ဂ်ာ မာတစ္တို႔ ဟြမ္မာတာတို႔ရွိတယ္၊

ထရိမ္နင္ၿပီးရင္ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔အတူ ညစာ ဒါမွမဟုတ္

ေန႔လည္စာ သြားစားေလ့ရွိၾကတယ္။ ဘ႐ူႏိုကက်ေတာ့ အဝတ္လဲခန္းထဲမွာ

သီခ်င္းအမ်ားဆုံးဖြင့္ရတဲ့သူပါ။ သူ မလုပ္ခင္တုန္းကေတာ့ ဘယ္သူဖြင့္လဲ

ကြၽန္ေတာ္ မသိပါဘူး။ အခုေတာ့ ဘ႐ူႏိုက ေဘာက္တစ္လုံးနဲ႔

သီခ်င္းေတြအားလုံး ဖြင့္ရတဲ့သူျဖစ္ပါတယ္ ” “ သူ ဖြင့္တဲ့သီခ်င္းတစ္ခ်ိဳ႕ေတာ့

ကြၽန္ေတာ္ ႀကိဳက္ပါတယ္၊ ဒါေပမယ့္ အားလုံးေတာ့ မဟုတ္ဘူး။

သူက ေကာင္းတဲ့လူလို႔ ထင္ပါတယ္။ တစ္ခါကဆိုရင္ သူက

အဝတ္လဲခန္းထဲမွာ ဒတ္ခ္်သီခ်င္းေတြ ဖြင့္ေနတာပါ။ သူ ဖြင့္တဲ့

သီခ်င္းကေတာ့ အစုံပါပဲ။ ၿပီးခဲ့တဲ့ရာသီကဆိုရင္ ကစားသမားတိုင္းက

သီခ်င္းတစ္ပုဒ္ေ႐ြးေပးရၿပီးေတာ့၊ ကြၽန္ေတာ္တို႔က အဲ့ဒါကို

ေရာေႏွာလိုက္ၾကတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။