အသက်အရွယ်နဲ့မလိုက်တဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ယူ-၂၁ အသင်းမှာပွဲထွက်ခွင့်ရနေပြီဖြစ်တဲ့ သရဲနီလူငယ်ကြယ်ပွင့်

ပြီးခဲ့တဲ့ အပတ်အတွင်း အာဆင်နယ်က ပရီးမီးယားလိဂ် အသက်အငယ်ဆုံး

ကစားသမားဖြစ်တဲ့ Ethan Nwaneri ကို စတင် ပွဲထုတ်ခဲ့ပါတယ်။

မန်ယူနိုက်တက်မှာလည်း အာဆင်နယ်ကြယ်ပွင့်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့

အလားအလာရှိတဲ့ ကစားသမားတစ်ဦး ပိုင်ဆိုင်နေပါတယ်။

အသက် ( ၁၄ ) နှစ်အရွယ် လူငယ် ကစားသမား Amir Ibragimov ဟာ

မနေ့တုန်းက မန်ချက်စတာ ယူနိုက်တက် ယူ – ၂၁ အသင်းနဲ့အတူ

ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့ပါတယ်။ Amir ဟာ ယခုအပတ်

အစောပိုင်းတုန်းကပဲ စတုတ်စီးတီးအသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာ

ယူနိုက်တက် ယူ – ၁၈ အသင်းအတွက် ပထမဆုံး အကြိမ် စတင်

ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ လူငယ်ကစားသမားဟာ အခြားသော

ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတာကြောင့် မကြာသေးမီကပဲ

အိုးထရတ်ဖို့ဒ်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ Amir ဟာ ပြီးခဲ့တဲ့

နွေရာသီ တုန်းကလည်း မန်ချက်စတာ ယူနိုက်တက်အကယ်ဒမီအသင်းနဲ့အတူ

Junior Final of the Super Cup NIမှာ ရိန်းဂျားစ်အသင်းကို ( ၂-၀ )ရလာဒ်နဲ့

အနိုင်ယူကာ ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။

zawgyi

အသက္အရြယ္နဲ႔မလုိက္တဲ့ ေျခစြမ္းျပမႈေတြနဲ႔အတူ ယူ-၂၁ အသင္းမွာပြဲထြက္ခြင့္ရေနၿပီျဖစ္တဲ့ သရဲနီလူငယ္ၾကယ္ပြင့္

ၿပီးခဲ့တဲ့ အပတ္အတြင္း အာဆင္နယ္က ပရီးမီးယားလိဂ္ အသက္အငယ္ဆုံး

ကစားသမားျဖစ္တဲ့ Ethan Nwaneri ကို စတင္ ပြဲထုတ္ခဲ့ပါတယ္။

မန္ယူႏိုက္တက္မွာလည္း အာဆင္နယ္ၾကယ္ပြင့္ရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔

အလားအလာရွိတဲ့ ကစားသမားတစ္ဦး ပိုင္ဆိုင္ေနပါတယ္။

အသက္ ( ၁၄ ) ႏွစ္အ႐ြယ္ လူငယ္ ကစားသမား Amir Ibragimov ဟာ

မေန႔တုန္းက မန္ခ်က္စတာ ယူႏိုက္တက္ ယူ – ၂၁ အသင္းနဲ႔အတူ

ပထမဆုံးအႀကိမ္ ကစားခြင့္ရခဲ့ပါတယ္။ Amir ဟာ ယခုအပတ္

အေစာပိုင္းတုန္းကပဲ စတုတ္စီးတီးအသင္းနဲ႔ပြဲစဥ္မွာ မန္ခ်က္စတာ

ယူႏိုက္တက္ ယူ – ၁၈ အသင္းအတြက္ ပထမဆုံး အႀကိမ္ စတင္

ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ လူငယ္ကစားသမားဟာ အျခားေသာ

ကလပ္အသင္းေတြရဲ႕ စိတ္ဝင္စားျခင္း ခံေနရတာေၾကာင့္ မၾကာေသးမီကပဲ

အိုးထရတ္ဖို႔ဒ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ Amir ဟာ ၿပီးခဲ့တဲ့

ေႏြရာသီ တုန္းကလည္း မန္ခ်က္စတာ ယူႏိုက္တက္အကယ္ဒမီအသင္းနဲ႔အတူ

Junior Final of the Super Cup NIမွာ ရိန္းဂ်ားစ္အသင္းကို ( ၂-၀ )ရလာဒ္နဲ႔

အႏိုင္ယူကာ ခ်န္ပီယံဆု သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။