
ဆော်ဒီကလပ်အယ်နာဆာဆီ တန်ဖိုးကြီးပြောင်းရွှေ့မှုလုပ်ခဲ့ပြီးနောက်
အရင်တုန်းက လုပ်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့အင်တာဗျူးတစ်ခုဟာ
သူ့ကို ပြန်လည်ခြောက်လှန့်နေပါတယ်။ ၃၇ နှစ်အရွယ် ကစားသမားဟာ
ဆော်ဒီကလပ်နဲ့ တစ်နှစ် ယူရိုသန်း ၂၀၀ တန်းကြေးရှိ ၂ နှစ်စာချုပ်
ချုပ်ဆိုခဲ့တာပါ။ သူဟာ အမေရိကန်မေဂျာလိဂ်က စပို့တင်းကန်းဆက်
အသင်းရဲ့စိတ်ဝင်စားမှုကိုလည်း ရခဲ့ပါသေးတယ်။
ဒါပေမဲ့ အရှေ့အလယ်အပိုင်းကလပ်ကိုသာ ရွေးချယ်ခဲ့ပြီး
သူ့ရဲ့ဥရောပကစားသမားဘဝကို ပြည်ဖုံးကာ ချခဲ့တာပါ။
ဒါပေမဲ့ တစ်ချိန်တုန်းက အင်တာဗျူးတစ်ခုမှာတော့
အသင်းကောင်းတစ်သင်းနဲ့ပဲ ကစားသမားဘဝကို ဂုဏ်သိက္ခာရှိရှိ
အဆုံးသတ်လိုကြောင်း စီရော်နယ်ဒိုက ပြောခဲ့ဖူးပါတယ်။
၂၀၁၅ တုန်းက လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ စီရော်နယ်ဒိုက
အခုလိုပြောခဲ့တာပါ။ ”ကျွန်တော့်စိတ်ထဲမှာတော့ ထိပ်တန်းအဆင့်နဲ့ပဲ
ကစားသမားဘ၀ အဆုံးသတ်ချင်ပါတယ်။ အသင်းကောင်းတစ်သင်းမှာ
ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်ချင်တာပါ။ အမေရိကန် ဒါမှမဟုတ်
ကာတာ ဒါမှမဟုတ် ဒူဘိုင်းကို သွားတာက မကောင်းဘူးလို့
ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်တော့
အဲဒီကိုသွားမယ်လို့ မမြင်ပါဘူး”လို့ စီရော်နယ်ဒိုက ပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် အဲဒီမန်ယူဂန္ထဝင်ဟောင်းဟာ ပီးယာ့စ်မော်ဂန်နဲ့
အင်တာဗျူးမှာလည်း ဆော်ဒီကို ပြောင်းနိုင်တာနဲ့ပတ်သက်ပြီး
အခုလိုပြောခဲ့တာပါ။ ”ပိုက်ဆံကြောင့်ဆို ဆော်ဒီရောက်နေမှာပေါ့။
ဒါပေမဲ့ အဲဒါက စိတ်အားတက်စေတဲ့ဟာ မဟုတ်ပါဘူး။
ထိပ်ဆုံးမှာ ဆက်ရှိချင်တာဆိုတော့လေ”လို့
စီရော်နယ်ဒိုက ပီးယာ့စ်မော်ဂန်ကို ပြောခဲ့ပါတယ်။
zawgyi
” အသင္းေကာင္းတစ္သင္းမွာ ဂုဏ္သိကၡာရွိရွိနဲ႔ ကစားသမားဘ၀အဆုံးသတ္ခ်င္ပါတယ္ ” _ ေရာ္နယ္ဒုိ
ေဆာ္ဒီကလပ္အယ္နာဆာဆီ တန္ဖိုးႀကီးေျပာင္းေ႐ႊ႕မႈလုပ္ခဲ့ၿပီးေနာက္
အရင္တုန္းက လုပ္ခဲ့တဲ့ စီေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးတစ္ခုဟာ
သူ႔ကို ျပန္လည္ေျခာက္လွန႔္ေနပါတယ္။ ၃၇ ႏွစ္အ႐ြယ္ ကစားသမားဟာ
ေဆာ္ဒီကလပ္နဲ႔ တစ္ႏွစ္ ယူ႐ိုသန္း ၂၀၀ တန္းေၾကးရွိ ၂ ႏွစ္စာခ်ဳပ္
ခ်ဳပ္ဆိုခဲ့တာပါ။ သူဟာ အေမရိကန္ေမဂ်ာလိဂ္က စပို႔တင္းကန္းဆက္
အသင္းရဲ႕စိတ္ဝင္စားမႈကိုလည္း ရခဲ့ပါေသးတယ္။
ဒါေပမဲ့ အေရွ႕အလယ္အပိုင္းကလပ္ကိုသာ ေ႐ြးခ်ယ္ခဲ့ၿပီး
သူ႔ရဲ႕ဥေရာပကစားသမားဘဝကို ျပည္ဖုံးကာ ခ်ခဲ့တာပါ။
ဒါေပမဲ့ တစ္ခ်ိန္တုန္းက အင္တာဗ်ဴးတစ္ခုမွာေတာ့
အသင္းေကာင္းတစ္သင္းနဲ႔ပဲ ကစားသမားဘဝကို ဂုဏ္သိကၡာရွိရွိ
အဆုံးသတ္လိုေၾကာင္း စီေရာ္နယ္ဒိုက ေျပာခဲ့ဖူးပါတယ္။
၂၀၁၅ တုန္းက လုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ စီေရာ္နယ္ဒိုက
အခုလိုေျပာခဲ့တာပါ။ ”ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ ထိပ္တန္းအဆင့္နဲ႔ပဲ
ကစားသမားဘ၀ အဆုံးသတ္ခ်င္ပါတယ္။ အသင္းေကာင္းတစ္သင္းမွာ
ဂုဏ္သိကၡာရွိရွိနဲ႔ အဆုံးသတ္ခ်င္တာပါ။ အေမရိကန္ ဒါမွမဟုတ္
ကာတာ ဒါမွမဟုတ္ ဒူဘိုင္းကို သြားတာက မေကာင္းဘူးလို႔
ဆိုလိုတာ မဟုတ္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေတာ့
အဲဒီကိုသြားမယ္လို႔ မျမင္ပါဘူး”လို႔ စီေရာ္နယ္ဒိုက ေျပာခဲ့ဖူးပါတယ္။
ဒါ့အျပင္ အဲဒီမန္ယူဂႏၴဝင္ေဟာင္းဟာ ပီးယာ့စ္ေမာ္ဂန္နဲ႔
အင္တာဗ်ဴးမွာလည္း ေဆာ္ဒီကို ေျပာင္းႏိုင္တာနဲ႔ပတ္သက္ၿပီး
အခုလိုေျပာခဲ့တာပါ။ ”ပိုက္ဆံေၾကာင့္ဆို ေဆာ္ဒီေရာက္ေနမွာေပါ့။
ဒါေပမဲ့ အဲဒါက စိတ္အားတက္ေစတဲ့ဟာ မဟုတ္ပါဘူး။
ထိပ္ဆုံးမွာ ဆက္ရွိခ်င္တာဆိုေတာ့ေလ”လို႔
စီေရာ္နယ္ဒိုက ပီးယာ့စ္ေမာ္ဂန္ကို ေျပာခဲ့ပါတယ္။