အသင်းခေါင်းဆောင်ရာထူး ဆုံးရှုံးရဖို့ရှိနေပေမယ့် ယူနိုက်တက်မှာ မက်ဂွိုင်းယား ဆက်ကစားဖို့ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့

ကာလအတွင်း ဖီးလ်ဂျုံးစ်၊ ဘာယီ၊ တွမ်ဇီဘီတို့ကိုရောင်းချသွားဖို့

စီစဉ်နေပေမယ့် မက်ဂွိုင်းယားကိုတော့ အသင်းမှာ ဆက်ထားဖို့

ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မက်ဂွိုင်းယားရဲ့ ဆိုးရွားတဲ့

စွမ်းဆောင်ရည်ကြောင့် သူ့ရဲ့ခြေစွမ်း၊ အသင်းအပေါ် ဦးဆောင်နိုင်မှု

အပိုင်းတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ခဲ့သလို

မက်ဂွိုင်းယားအနေနဲ့ ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့

မသေချာဘူးလို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့လည်း နည်းပြသစ်အဲရစ်တန်ဟက်ဟာ လင်ဒီလော့ဖ်၊

ဗာရန်းတို့နဲ့အတူ မက်ဂွိုင်းယားကို အသင်းမှာဆက်ထားဖို့

ဆန္ဒရှိနေပေမယ့် အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေဖို့ကတော့

မသေချာပါဘူး။ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယာယီ

နည်းပြဟောင်းရန်နစ်ခ်လက်ထက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့ပြီး

တကယ်လို့ ယူနိုက်တက်အသင်းသာ အခုနွေရာသီကာလအတွင်း

နောက်ခံလူတစ်ဦးခေါ်ယူဖြစ်မယ်ဆိုရင် ပွဲထွက်ခွင့်ရဖို့အတွက် ပိုပြီးရုန်းကန်ရဖို့ရှိနေပါတယ်။

zawgyi

အသင္းေခါင္းေဆာင္ရာထူး ဆုံးရႈံးရဖို႔ရွိေနေပမယ့္ ယူႏိုက္တက္မွာ မက္ဂြိဳင္းယား ဆက္ကစားဖို႔ရွိ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕

ကာလအတြင္း ဖီးလ္ဂ်ဳံးစ္၊ ဘာယီ၊ တြမ္ဇီဘီတို႔ကိုေရာင္းခ်သြားဖို႔

စီစဥ္ေနေပမယ့္ မက္ဂြိဳင္းယားကိုေတာ့ အသင္းမွာ ဆက္ထားဖို႔

ဆႏၵရွိေနပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက မက္ဂြိဳင္းယားရဲ႕ ဆိုး႐ြားတဲ့

စြမ္းေဆာင္ရည္ေၾကာင့္ သူ႔ရဲ႕ေျခစြမ္း၊ အသင္းအေပၚ ဦးေဆာင္ႏိုင္မႈ

အပိုင္းေတြနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြထြက္ေပၚခဲ့သလို

မက္ဂြိဳင္းယားအေနနဲ႔ ယူႏိုက္တက္အသင္းမွာ ဆက္ရွိေနဖို႔

မေသခ်ာဘူးလို႔ မီဒီယာေတြက ခန႔္မွန္းခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း နည္းျပသစ္အဲရစ္တန္ဟက္ဟာ လင္ဒီေလာ့ဖ္၊

ဗာရန္းတို႔နဲ႔အတူ မက္ဂြိဳင္းယားကို အသင္းမွာဆက္ထားဖို႔

ဆႏၵရွိေနေပမယ့္ အသင္းေခါင္းေဆာင္အျဖစ္ ဆက္ရွိေနဖို႔ကေတာ့

မေသခ်ာပါဘူး။ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ယာယီ

နည္းျပေဟာင္းရန္နစ္ခ္လက္ထက္မွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးခဲ့ၿပီး

တကယ္လို႔ ယူႏိုက္တက္အသင္းသာ အခုေႏြရာသီကာလအတြင္း

ေနာက္ခံလူတစ္ဦးေခၚယူျဖစ္မယ္ဆိုရင္ ပြဲထြက္ခြင့္ရဖို႔အတြက္ ပိုၿပီး႐ုန္းကန္ရဖို႔ရွိေနပါတယ္။