
မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်တောင်ပံတိုက်စစ်
ကစားသမားအန်တိုနီကို ပေါင်(၈၅.၅)သန်းနဲ့တရားဝင်ခေါ်ယူလိုက်ပြီဆိုတာ
အတည်ပြုထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့
ဘရာဇီးလ်လက်ရွေးစင်အန်တိုနီဟာ ယူနိုက်တက်နဲ့(၅)နှစ်စာချုပ်,
ချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ရင် နောက်ထပ်(၁၂)လ
သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်လည်း ပါဝင်မှာပါ။
ယူနိုက်တက်အသင်းဟာ အန်တိုနီအတွက် ပြောင်းရွှေ့ကြေးသီးသန့်
ပေါင်(၈၁.၃)သန်းပေးချေရမှာဖြစ်ပြီး ဆုကြေးနဲ့ အန်တိုနီရဲ့အသင်းဟောင်း
ဆော်ပေါ်လိုကို ပေးရမယ့်ပမာဏအဖြစ် နောက်ထပ်ပေါင်(၄.၂)သန်း
ထပ်ပြီးတော့ပေးရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ
လာမယ့်ကြာသပတေးနေ့ကျရင် ပရီးမီးယားလိဂ်ပွဲစဉ်(၅)အဖြစ်
လက်စတာအသင်းနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ အန်တိုနီ
တစ်ယောက် ပွဲဦးထွက်ခွင့်ရဖို့ ပရိသတ်တွေက မျှော်လင့်နေကြပေမယ့်
သိပ်တော့မဖြစ်နိုင်ပါဘူး။ အန်တိုနီဟာ အလုပ်,လုပ်ခွင့်ဗီဇာရအောင်
စောင့်ရဦးမှာဖြစ်လို့ တနင်္ဂနွေနေ့မှာကစားမယ့် အာဆင်နယ်နဲ့ပွဲမှသာ
ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားဖို့ရှိနေပါတယ်။
zawgyi
အာဆင္နယ္နဲ႔ကစားမယ့္ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲဦးထြက္ကစားဖို႔ရွိတဲ့ အန္တိုနီ
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေအဂ်က္စ္ေတာင္ပံတိုက္စစ္
ကစားသမားအန္တိုနီကို ေပါင္(၈၅.၅)သန္းနဲ႔တရားဝင္ေခၚယူလိုက္ၿပီဆိုတာ
အတည္ျပဳထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္သာရွိေသးတဲ့
ဘရာဇီးလ္လက္ေ႐ြးစင္အန္တိုနီဟာ ယူႏိုက္တက္နဲ႔(၅)ႏွစ္စာခ်ဳပ္,
ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းျပည့္ရင္ ေနာက္ထပ္(၁၂)လ
သက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့အခ်က္လည္း ပါဝင္မွာပါ။
ယူႏိုက္တက္အသင္းဟာ အန္တိုနီအတြက္ ေျပာင္းေ႐ႊ႕ေၾကးသီးသန႔္
ေပါင္(၈၁.၃)သန္းေပးေခ်ရမွာျဖစ္ၿပီး ဆုေၾကးနဲ႔ အန္တိုနီရဲ႕အသင္းေဟာင္း
ေဆာ္ေပၚလိုကို ေပးရမယ့္ပမာဏအျဖစ္ ေနာက္ထပ္ေပါင္(၄.၂)သန္း
ထပ္ၿပီးေတာ့ေပးရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ
လာမယ့္ၾကာသပေတးေန႔က်ရင္ ပရီးမီးယားလိဂ္ပြဲစဥ္(၅)အျဖစ္
လက္စတာအသင္းနဲ႔အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ အန္တိုနီ
တစ္ေယာက္ ပြဲဦးထြက္ခြင့္ရဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကေပမယ့္
သိပ္ေတာ့မျဖစ္ႏိုင္ပါဘူး။ အန္တိုနီဟာ အလုပ္,လုပ္ခြင့္ဗီဇာရေအာင္
ေစာင့္ရဦးမွာျဖစ္လို႔ တနဂၤေႏြေန႔မွာကစားမယ့္ အာဆင္နယ္နဲ႔ပြဲမွသာ
ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ကစားဖို႔ရွိေနပါတယ္။