
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ည ( ၁၀ ) နာရီ
( ၄၅ ) မိနစ်တွင် ဝက်စ်ဟမ်းအသင်းနဲ့ ကစားရဖို့ ရှိပါတယ်။
TenHagBalI ဆိုတဲ့ တွစ်တာအကောင့်ကနေ ယနေ့ည ပွဲစဉ်မှာ
နည်းပ အဲရစ် တင်ဟာ့ခ် အသုံးပြုလာမယ့် တိုက်စစ်အတွဲကို ဖော်ပြလာပါတယ်။
အဆိုပါ အကောင့်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာလည်း အယ်လေဟန်ဒရို ဂါနာချို
ပါဝင်လာမယ်လို့ ပထမဆုံး ဖော်ပြခဲ့တဲ့ အကောင့်ဖြစ်ပါတယ်။
အဆိုပါ အကောင့်က လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက အီလန်ဂါပါဝင်တဲ့
ဗီဒီယိုကို တင်ခဲ့ပြီး ဆွီဒင်တိုက်စစ်မှူးကို အံ့အားသင့်ဖွယ် ပွဲထွက်ခွင့်ပေးမယ်လို့
ပြောဆိုခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်အရ အီလန်ဂါဟာ ဦးစားပေး
တိုက်စစ်မှူးစာရင်းမှာ ဂါနာချိုရဲ့နောက် ရောက်နေပြီလို့
ယူဆထားခဲ့ကြတာကြောင့် ဒါက အံ့အားသင့်စရာဖြစ်နေပါတယ်။
ခုလေးတင်ပဲ အဆိုပါ အကောင့်ကနေ ယူနိုက်တက် တိုက်စစ်မှာ
မားကတ် ရက်ဖို့ဒ် ၊ ခရစ္စတီယာနို ရော်နယ်ဒို ၊ အန်သိုနီ အီလန်ဂါတို့
ပါဝင်လာမယ်လို့ ရေးသားထားပါတယ်။
zawgyi
အိမ်ကွင်းမှာ ၀က်စ်ဟမ်းကိုအပီဖြုတ်မယ့်ပွဲစဉ်အတွက် သရဲနီပွဲထွက်လူစာရင်း