
မန်ချက်စတာယူနိုက်တက်အသင်းရဲ့မန်နေဂျာ အဲရစ် တန်ဟာ့ဂ်အနေနဲ့
အိုမိုနီးယားအသင်းကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ဖို့အတွက် နာကျင်အချိန်ပိုမှာ
သွင်းယူတဲ့ဂိုးကို လိုအပ်ခဲ့တာကြောင့် အသင်းသားတွေကို စိတ်ပျက်ခဲ့တယ်လို့
ပေါလ် စခိုးလ်စ်က ယုံကြည်နေတာဖြစ်ပါတယ်။ ဆိုက်ပရပ်စ်ကလပ်အသင်းဖြစ်တဲ့
အိုမိုနီးယားအသင်းအနေနဲ့ မနေ့ညတုန်းက ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့
အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ သရေကျလုနီးနီး ကစားနိုင်ခဲ့တာဖြစ်ပြီး
ဂိုးသမား ဖရန်စစ် အူဇိုဟိုရဲ့ လက်ဖျားခါလောက်တဲ့ ကာကွယ်မှုတွေနဲ့အတူ
အိမ်ရှင်အသင်းကို စိတ်ပျက်စေခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့
နာကျင်အချိန်ပိုမှာတော့ အနိုင်ဂိုးကို ရှာဖွေနိုင်ခဲ့ပြီး လူစားဝင်ကစားသမား
စကော့ထ် မက်တော်မနေးရဲ့ ကန်သွင်းချက်နဲ့အတူ အနိုင်ဂိုးရရှိခဲ့တာဖြစ်သလို
စကော့သားရဲ့ အဆိုပါဂိုးပေါက်ကန်သွင်းမှုကတော့ ဒီပွဲမှာ ယူနိုက်တက်ရဲ့
၃၃ ကြိမ်မြောက် ဂိုးပေါက်ခြိမ်းခြောက်မှုဖြစ်ခဲ့ပါတယ်။
တကယ်လို့များ ယူနိုက်တက်အသင်းအနေနဲ့ အိုမိုနီးယားအသင်းကို
အနိုင်ကစားနိုင်ဖို့အတွက် ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ ယူရိုပါလိဂ်ကို
အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေ ဝေဝါးသွားမှာဖြစ်ပြီး
အခုအနိုင်ရခဲ့တာတောင် ရီးရဲလ်ဆိုစီဒက်အသင်းကို အနိုင်ယူဖို့
လိုအပ်နေသေးတာဖြစ်ပါတယ်။ ပွဲအပြီး BT Sport သတင်းဌာနနဲ့
အင်တာဗျူးမှာ တန်ဟာ့ဂ်က “ကျွန်တော်တို့အနေနဲ့ အခွင့်အရေး
အမြောက်အမြား ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးပိုက်နဲ့ ဘောလုံးကိုတော့
တစ်ကြိမ်သာ မိတ်ဆက်ပေးနိုင်ခဲ့တယ်။ အသင်းက စိတ်ရှည်ပါတယ်။
သူတို့အနေနဲ့ အခွင့်အရေးဖန်တီးတာကို ဆက်လက်လုပ်နေခဲ့ပြီး
ဂိုးသွင်းနိုင်ခဲ့တယ်”လို့ ပြောလာခဲ့ပါတယ်။ ယူနိုက်တက်ဂန္ထဝင်
စခိုးလ်စ်ကတော့ အဆိုပါအင်တာဗျူးမှာ တန်ဟာ့ဂ်ရဲ့ ဖြေကြားခဲ့ပုံကိုက
သူ့အနေနဲ့ သူ့ကစားသမားတွေကို ကိုယ်တိုင်စိတ်ပျက်နေကြောင်း
သက်သေပြခဲ့တာဖြစ်ပြီး မက်တော်မနေးရဲ့ နောက်ကျအနိုင်ဂိုးကြောင့်
ရှက်စရာ ရလဒ်ကို ရှောင်ရှားနိုင်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
စခိုးလ်စ်က “ကျွန်တော့်အထင်တော့ သူက စိတ်ပျက်နေခဲ့တာ။
သူ့အနေနဲ့ ဒီညမှာ ၄-၀ ဂိုးတို့ ၅-၀ ဂိုးတို့လို ရလဒ်မျိုးကို မျှော်လင့်နေခဲ့တာ။
ကျွန်တော်တို့အားလုံးလိုပေါ့လေ။ သူ့ကစားသမားတွေကို သူကိုယ်တိုင်
စိတ်ပျက်နေခဲ့တာ။ ဘောလုံးကိုင်ထားပြီး အခွင့်အရေးတွေ ဖန်တီးနေတာက
အဆင်ပြေပါတယ်။ ဒါပေမယ့် ဂိုးတွေမသွင်းနိုင်ဘူးဆိုရင်တော့ ပွဲတွေကို
အနိုင်မရဘူး။ ဒါက သူ့ကို စိတ်ပျက်နေစေခဲ့တာပဲ။ သူတို့အနေနဲ့ ရှေ့ဆက်ပြီး
အဖြုန်းအတီးများလွန်းတာကို မတတ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့
ဒါက သူတို့ကို ပေးဆပ်မှုကြီးမားစေမှာလေ။ ဒါက မှန်ကန်တဲ့ ရလဒ်ပါပဲ။
ဘာကြောင့်လဲဆိုတော့ မန်ချက်စတာယူနိုက်တက်က ၂ ပွဲစလုံးမှာ
အသာစီးရခဲ့တာကြောင့်ပဲလေ။ နာကျင်အချိန်ပိုသွင်းဂိုးကတော့ သူတို့ကို
အရှက်တကွဲအကျိုးနည်းမယ့်အရေးကနေ ကယ်တင်ခဲ့တာပေါ့။
ဖရန်စစ် အူဇိုဟိုအနေနဲ့ ကောင်းမွန်တဲ့ ကာကွယ်မှုအချို့ကို
ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာ ဒါမျိုးကို ခင်ဗျားတို့
မျှော်လင့်နေလို့မရဘူး။ မန်ချက်စတာယူနိုက်တက်အသင်းက
လုံလောက်တာထက်တောင် ပိုတဲ့အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပေမယ့်လည်း
သူတို့ရဲ့အဆုံးသတ်က ဒီညမှာ အပြီးမသတ်နိုင်ခဲ့ရုံလေးပါပဲ”လို့
ပြောခဲ့တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
zawgyi
အိုမုိနီးယားပြဲစဥ္က အၿပီးမသတ္ႏုိင္တဲ့ အဆုံးသတ္မႈေတြကုိ စိတ္ပ်က္သြားခဲ့တဲ့ တန္ဟာ့ဂ္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕မန္ေနဂ်ာ အဲရစ္ တန္ဟာ့ဂ္အေနနဲ႔
အိုမိုနီးယားအသင္းကို အိမ္ကြင္းမွာ အႏိုင္ယူႏိုင္ဖို႔အတြက္ နာက်င္အခ်ိန္ပိုမွာ
သြင္းယူတဲ့ဂိုးကို လိုအပ္ခဲ့တာေၾကာင့္ အသင္းသားေတြကို စိတ္ပ်က္ခဲ့တယ္လို႔
ေပါလ္ စခိုးလ္စ္က ယုံၾကည္ေနတာျဖစ္ပါတယ္။ ဆိုက္ပရပ္စ္ကလပ္အသင္းျဖစ္တဲ့
အိုမိုနီးယားအသင္းအေနနဲ႔ မေန႔ညတုန္းက ကစားခဲ့တဲ့ပြဲစဥ္မွာ ယူႏိုက္တက္ရဲ႕
အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ သေရက်လုနီးနီး ကစားႏိုင္ခဲ့တာျဖစ္ၿပီး
ဂိုးသမား ဖရန္စစ္ အူဇိုဟိုရဲ႕ လက္ဖ်ားခါေလာက္တဲ့ ကာကြယ္မႈေတြနဲ႔အတူ
အိမ္ရွင္အသင္းကို စိတ္ပ်က္ေစခဲ့တာပါ။ ဒါေပမယ့္ ယူႏိုက္တက္အသင္းအေနနဲ႔
နာက်င္အခ်ိန္ပိုမွာေတာ့ အႏိုင္ဂိုးကို ရွာေဖြႏိုင္ခဲ့ၿပီး လူစားဝင္ကစားသမား
စေကာ့ထ္ မက္ေတာ္မေနးရဲ႕ ကန္သြင္းခ်က္နဲ႔အတူ အႏိုင္ဂိုးရရွိခဲ့တာျဖစ္သလို
စေကာ့သားရဲ႕ အဆိုပါဂိုးေပါက္ကန္သြင္းမႈကေတာ့ ဒီပြဲမွာ ယူႏိုက္တက္ရဲ႕
၃၃ ႀကိမ္ေျမာက္ ဂိုးေပါက္ၿခိမ္းေျခာက္မႈျဖစ္ခဲ့ပါတယ္။
တကယ္လို႔မ်ား ယူႏိုက္တက္အသင္းအေနနဲ႔ အိုမိုနီးယားအသင္းကို
အႏိုင္ကစားႏိုင္ဖို႔အတြက္ ပ်က္ကြက္ခဲ့မယ္ဆိုရင္ေတာ့ ယူ႐ိုပါလိဂ္ကို
အုပ္စုဗိုလ္နဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ေဝဝါးသြားမွာျဖစ္ၿပီး
အခုအႏိုင္ရခဲ့တာေတာင္ ရီးရဲလ္ဆိုစီဒက္အသင္းကို အႏိုင္ယူဖို႔
လိုအပ္ေနေသးတာျဖစ္ပါတယ္။ ပြဲအၿပီး BT Sport သတင္းဌာနနဲ႔
အင္တာဗ်ဴးမွာ တန္ဟာ့ဂ္က “ကြၽန္ေတာ္တို႔အေနနဲ႔ အခြင့္အေရး
အေျမာက္အျမား ဖန္တီးႏိုင္ခဲ့ေပမယ့္ ဂိုးပိုက္နဲ႔ ေဘာလုံးကိုေတာ့
တစ္ႀကိမ္သာ မိတ္ဆက္ေပးႏိုင္ခဲ့တယ္။ အသင္းက စိတ္ရွည္ပါတယ္။
သူတို႔အေနနဲ႔ အခြင့္အေရးဖန္တီးတာကို ဆက္လက္လုပ္ေနခဲ့ၿပီး
ဂိုးသြင္းႏိုင္ခဲ့တယ္”လို႔ ေျပာလာခဲ့ပါတယ္။ ယူႏိုက္တက္ဂႏၴဝင္
စခိုးလ္စ္ကေတာ့ အဆိုပါအင္တာဗ်ဴးမွာ တန္ဟာ့ဂ္ရဲ႕ ေျဖၾကားခဲ့ပုံကိုက
သူ႔အေနနဲ႔ သူ႔ကစားသမားေတြကို ကိုယ္တိုင္စိတ္ပ်က္ေနေၾကာင္း
သက္ေသျပခဲ့တာျဖစ္ၿပီး မက္ေတာ္မေနးရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္
ရွက္စရာ ရလဒ္ကို ေရွာင္ရွားႏိုင္ခဲ့တာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။
စခိုးလ္စ္က “ကြၽန္ေတာ့္အထင္ေတာ့ သူက စိတ္ပ်က္ေနခဲ့တာ။
သူ႔အေနနဲ႔ ဒီညမွာ ၄-၀ ဂိုးတို႔ ၅-၀ ဂိုးတို႔လို ရလဒ္မ်ိဳးကို ေမွ်ာ္လင့္ေနခဲ့တာ။
ကြၽန္ေတာ္တို႔အားလုံးလိုေပါ့ေလ။ သူ႔ကစားသမားေတြကို သူကိုယ္တိုင္
စိတ္ပ်က္ေနခဲ့တာ။ ေဘာလုံးကိုင္ထားၿပီး အခြင့္အေရးေတြ ဖန္တီးေနတာက
အဆင္ေျပပါတယ္။ ဒါေပမယ့္ ဂိုးေတြမသြင္းႏိုင္ဘူးဆိုရင္ေတာ့ ပြဲေတြကို
အႏိုင္မရဘူး။ ဒါက သူ႔ကို စိတ္ပ်က္ေနေစခဲ့တာပဲ။ သူတို႔အေနနဲ႔ ေရွ႕ဆက္ၿပီး
အျဖဳန္းအတီးမ်ားလြန္းတာကို မတတ္ႏိုင္ခဲ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့
ဒါက သူတို႔ကို ေပးဆပ္မႈႀကီးမားေစမွာေလ။ ဒါက မွန္ကန္တဲ့ ရလဒ္ပါပဲ။
ဘာေၾကာင့္လဲဆိုေတာ့ မန္ခ်က္စတာယူႏိုက္တက္က ၂ ပြဲစလုံးမွာ
အသာစီးရခဲ့တာေၾကာင့္ပဲေလ။ နာက်င္အခ်ိန္ပိုသြင္းဂိုးကေတာ့ သူတို႔ကို
အရွက္တကြဲအက်ိဳးနည္းမယ့္အေရးကေန ကယ္တင္ခဲ့တာေပါ့။
ဖရန္စစ္ အူဇိုဟိုအေနနဲ႔ ေကာင္းမြန္တဲ့ ကာကြယ္မႈအခ်ိဳ႕ကို
ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ခ်န္ပီယံလိဂ္မွာ ဒါမ်ိဳးကို ခင္ဗ်ားတို႔
ေမွ်ာ္လင့္ေနလို႔မရဘူး။ မန္ခ်က္စတာယူႏိုက္တက္အသင္းက
လုံေလာက္တာထက္ေတာင္ ပိုတဲ့အခြင့္အေရးေတြကို ဖန္တီးႏိုင္ခဲ့ေပမယ့္လည္း
သူတို႔ရဲ႕အဆုံးသတ္က ဒီညမွာ အၿပီးမသတ္ႏိုင္ခဲ့႐ုံေလးပါပဲ”လို႔
ေျပာခဲ့တဲ့အေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။