M Diary Channel

Local and Sport News

အိုလီကို နည်းပြနေရာ ဖယ်ရှားပြီးနောက် ရုပ်ပုံကိုပါ ဖယ်ရှားလိုက်ပြီ

မန်ချက်စတာယူနိုက်တက်ဟာအိုးထရက်ဖို့ဒ်ကွင်းရှိ ဆာမတ်ဘတ်စ်ဘီ

ပွဲကြည့်ရှိအီလီဂန်းနားဆိုးလ်ရှားရဲ့ရုပ်ပုံလွှာကိုဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

မန်ယူဟာအသင်းကိုသုံးနှစ်နီးပါးကိုင်တွယ်လာခဲ့တဲ့အသက်၄၈နှစ်ရှိ

ဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ပြီးသုံးရက်အကြာမှာအိုးထရက်ဖို့ဒ်ကွင်းမှ

သူ့ရုပ်ပုံလွှာကိုဖယ်ရှားလိုက်တာဖြစ်ပါတယ်။

အလုပ်သမားသုံးဦးတို့ကကရိန်းဖြင့်လက်မထောင်ပြနေတဲ့ဆိုးလ်ရှား

ရုပ်ပုံလွှာကိုဖယ်ရှားခဲ့တာဖြစ်ပါတယ်။ မန်ယူဟာထုတ်ပယ်လိုက်တဲ့

ဆိုးလ်ရှားရဲ့နေရာမှာမိုက်ကယ်ကာရစ်ကိုယာယီနည်းပြအဖြစ်

ခန့်အပ်ထားပါတယ်။မိုက်ကယ်ကာရစ်ဟာပထမဆုံးကိုင်တွယ်တဲ့

ဗီလာရီးရဲလ်နှင့်ပွဲမှာအနိုင်ရယူနိုင်ခဲ့ပြီးယင်းနိုင်ပွဲကဆိုးလ်ရှားကို

ရည်ရွယ်ကြောင်းပြောကြားခဲ့ပါတယ်။ မန်ယူဟာဗီလာရီးရဲလ်နိုင်ပွဲကြောင့်

ချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူဟာရာသီအကုန်အထိယာယီနည်းပြအဖြစ်ခန့်အပ်ရန်နည်းပြသစ်

ရှာဖွေနေပြီးဆန်ကာတင်စာရင်းမှာဖွန်ဆီကာ၊ရန်နစ်ခ်၊ဗယ်ဗာဒီ၊

ဖာဗရီတို့ပါဝင်နေပါတယ်။

zawgyi

အိုလီကို နည္းျပေနရာ ဖယ္ရွားၿပီးေနာက္ ႐ုပ္ပုံကိုပါ ဖယ္ရွားလိုက္ၿပီ

မန္ခ်က္စတာယူႏိုက္တက္ဟာအိုးထရက္ဖို႔ဒ္ကြင္းရွိ ဆာမတ္ဘတ္စ္ဘီ

ပြဲၾကည့္ရွိအီလီဂန္းနားဆိုးလ္ရွားရဲ႕႐ုပ္ပုံလႊာကိုဖယ္ရွားလိုက္ၿပီျဖစ္ပါတယ္။

မန္ယူဟာအသင္းကိုသုံးႏွစ္နီးပါးကိုင္တြယ္လာခဲ့တဲ့အသက္၄၈ႏွစ္ရွိ

ဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ၿပီးသုံးရက္အၾကာမွာအိုးထရက္ဖို႔ဒ္ကြင္းမွ

သူ႔႐ုပ္ပုံလႊာကိုဖယ္ရွားလိုက္တာျဖစ္ပါတယ္။

အလုပ္သမားသုံးဦးတို႔ကကရိန္းျဖင့္လက္မေထာင္ျပေနတဲ့ဆိုးလ္ရွား

႐ုပ္ပုံလႊာကိုဖယ္ရွားခဲ့တာျဖစ္ပါတယ္။ မန္ယူဟာထုတ္ပယ္လိုက္တဲ့

ဆိုးလ္ရွားရဲ႕ေနရာမွာမိုက္ကယ္ကာရစ္ကိုယာယီနည္းျပအျဖစ္

ခန႔္အပ္ထားပါတယ္။မိုက္ကယ္ကာရစ္ဟာပထမဆုံးကိုင္တြယ္တဲ့

ဗီလာရီးရဲလ္ႏွင့္ပြဲမွာအႏိုင္ရယူႏိုင္ခဲ့ၿပီးယင္းႏိုင္ပြဲကဆိုးလ္ရွားကို

ရည္႐ြယ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ မန္ယူဟာဗီလာရီးရဲလ္ႏိုင္ပြဲေၾကာင့္

ခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။

မန္ယူဟာရာသီအကုန္အထိယာယီနည္းျပအျဖစ္ခန႔္အပ္ရန္နည္းျပသစ္

ရွာေဖြေနၿပီးဆန္ကာတင္စာရင္းမွာဖြန္ဆီကာ၊ရန္နစ္ခ္၊ဗယ္ဗာဒီ၊

ဖာဗရီတို႔ပါဝင္ေနပါတယ္။