အိုးလ်ထရက်ဖို့ဒ်ကနေ ဂလေဇာ ထွက်ခွာခြင်းကြောင့် မတည်မငြိမ်ဖြစ်လာတဲ့ တင်ဟာ့ခ်ရဲ့အခြေအနေ

ဂလေဇာ မိသားစုဟာ မနေ့တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို

ရောင်းချဖို့ စီစဉ်နေတယ်လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး

သူတို့ရဲ့ ( ၁၇ ) နှစ်တာ ပိုင်ဆိုင်မှုကို အဆုံးသတ်ဖို့ စတင်လိုက်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုက နှစ်ဦးသဘောတူ အသင်းကနေ

ထွက်ခွာသွားတဲ့နေ့မှာပဲ ယခုလို အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ

ရှာဖွေနေကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းတုန်းက

ချဲလ်ဆီးအသင်း ‌ရောင်းချမှုကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ The Raine Group က

ငွေကြေးပိုင်းဆိုင်ရာ သီးသန့်အကြံပေးအနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မကြာသေးမီကတော့ ယူနိုက်တက်ရဲ့ တန်ဖိုးက ပေါင် ( ၃.၇၅ ) ဘီလီယံ

ရှိတယ်ဆိုပေမယ့် မေလအတွင်း ချဲလ်ဆီးအတွက် တော့ဘိုလေက

ပေါင် ( ၄.၂၅ ) ဘီလီယံ ပေးချေခဲ့ရတဲ့အတွက် ဂလေဇာမိသားစုအနေနဲ့လည်း

အဆိုပါ ပမာဏထက် ပိုများတဲ့ ငွေကို ပိုင်ဆိုင်လိုမှာ သေချာပါတယ်။

Sky News ရဲ့ ဖော်ပြချက်အရ ဂလေဇာကနေ ယူနိုက်တက်ကို ရောင်းချဖို့

ကြေညာလိုက်ပြီးနောက် ယူနိုက်တက်ရဲ့ ရှယ်ယာတန်ဖိုးက

( ၁၇ ) ရာခိုင်နှုန်း ထိုးတက်သွားခဲ့ပြီး ပေါင် ( ၃၃၅ ) သန်းနီးပါး

ပိုမို တန်ဖိုးမြှင့်လာပါတယ်။ ဂါးဒီးယန်း သတင်းထောက် JamieJackson

ကတော့ အသင်းပိုင်ရှင်သစ်ကြောင့် မသေချာ မရေရာမှုတွေ

ဖြစ်လာနိုင်တဲ့ထဲမှာ နည်းပြရဲ့ အနာဂတ်ကလည်း ပါဝင်လာနိုင်ကြောင်း

မှတ်ချက်ပေးခဲ့ပါတယ်။ ” ဥပမာအနေနဲ့ သူတို့က ရောင်းချမယ်ဆိုရင်

တင်ဟာ့ခ်ကို မန်နေဂျာအဖြစ် ဆက်ထားပါအုံးမလား ?

အခြားဥပမာတစ်ခုအနေနဲ့ တူဟယ်ကို ချဲလ်ဆီး ပိုင်ရှင်သစ်က ထုတ်ပယ်ခဲ့တာပါ။”

zawgyi

အိုးလ္ထရက္ဖို႔ဒ္ကေန ဂေလဇာ ထြက္ခြာျခင္းေၾကာင့္ မတည္မၿငိမ္ျဖစ္လာတဲ့ တင္ဟာ့ခ္ရဲ႕အေျခအေန

ဂေလဇာ မိသားစုဟာ မေန႔တုန္းက မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို

ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔ တရားဝင္ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီး

သူတို႔ရဲ႕ ( ၁၇ ) ႏွစ္တာ ပိုင္ဆိုင္မႈကို အဆုံးသတ္ဖို႔ စတင္လိုက္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္ဒိုက ႏွစ္ဦးသေဘာတူ အသင္းကေန

ထြက္ခြာသြားတဲ့ေန႔မွာပဲ ယခုလို အသင္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ေတြ

ရွာေဖြေနေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ ယခုႏွစ္ အေစာပိုင္းတုန္းက

ခ်ဲလ္ဆီးအသင္း ‌ေရာင္းခ်မႈကို တာဝန္ယူ ကိုင္တြယ္ခဲ့တဲ့ The Raine Group က

ေငြေၾကးပိုင္းဆိုင္ရာ သီးသန႔္အႀကံေပးအေနနဲ႔ ေဆာင္႐ြက္မွာ ျဖစ္ပါတယ္။

မၾကာေသးမီကေတာ့ ယူႏိုက္တက္ရဲ႕ တန္ဖိုးက ေပါင္ ( ၃.၇၅ ) ဘီလီယံ

ရွိတယ္ဆိုေပမယ့္ ေမလအတြင္း ခ်ဲလ္ဆီးအတြက္ ေတာ့ဘိုေလက

ေပါင္ ( ၄.၂၅ ) ဘီလီယံ ေပးေခ်ခဲ့ရတဲ့အတြက္ ဂေလဇာမိသားစုအေနနဲ႔လည္း

အဆိုပါ ပမာဏထက္ ပိုမ်ားတဲ့ ေငြကို ပိုင္ဆိုင္လိုမွာ ေသခ်ာပါတယ္။

Sky News ရဲ႕ ေဖာ္ျပခ်က္အရ ဂေလဇာကေန ယူႏိုက္တက္ကို ေရာင္းခ်ဖို႔

ေၾကညာလိုက္ၿပီးေနာက္ ယူႏိုက္တက္ရဲ႕ ရွယ္ယာတန္ဖိုးက

( ၁၇ ) ရာခိုင္ႏႈန္း ထိုးတက္သြားခဲ့ၿပီး ေပါင္ ( ၃၃၅ ) သန္းနီးပါး

ပိုမို တန္ဖိုးျမႇင့္လာပါတယ္။ ဂါးဒီးယန္း သတင္းေထာက္ JamieJackson

ကေတာ့ အသင္းပိုင္ရွင္သစ္ေၾကာင့္ မေသခ်ာ မေရရာမႈေတြ

ျဖစ္လာႏိုင္တဲ့ထဲမွာ နည္းျပရဲ႕ အနာဂတ္ကလည္း ပါဝင္လာႏိုင္ေၾကာင္း

မွတ္ခ်က္ေပးခဲ့ပါတယ္။ ” ဥပမာအေနနဲ႔ သူတို႔က ေရာင္းခ်မယ္ဆိုရင္

တင္ဟာ့ခ္ကို မန္ေနဂ်ာအျဖစ္ ဆက္ထားပါအုံးမလား ?

အျခားဥပမာတစ္ခုအေနနဲ႔ တူဟယ္ကို ခ်ဲလ္ဆီး ပိုင္ရွင္သစ္က ထုတ္ပယ္ခဲ့တာပါ။”