အိုးလ်ထရက်ဖို့ဒ်က ပြိုင်ဘက်အသင်းတွေအတွက် အကြောက်တရားတွေ ပြန်ယူဆောင်လာနိုင်ခဲ့ပြီ။

မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားသစ်ဖြစ်သူ လီဆန်ဒရို

မာတီးနက်ဇ်ဟာ သူတို့အနေနဲ့ အိုးထရက်ဖို့ဒ်ကို ပြိုင်ဘက်အသင်းတွေအတွက်

အကြောက်တရား ပြန်လည်ယူဆောင်လာပေးနိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီအစမှာ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး

အဆိုးရွားဆုံးစတင်မှု ဖြစ်ခဲ့ပေမယ့်၊ တန်ဟန့်နဲ့ ကစားသမားတွေဟာ

ဆိုးရွားတဲ့အခြေအနေကနေ ပြန်လာနိုင်ခဲ့ပြီး၊ လေးပွဲဆက်အနိုင်ရရှိကာ

အမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ထိုနိုင်ပွဲတွေထဲမှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို အသင်းမျိုးတွေကို

အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆက်တိုက်အနိုင်ရရှိခဲ့တာကြောင့် ခံစစ်

ကစားသမားဖြစ်သူ မာတီးနက်ဇ်က ပြိုင်ဘက်အသင်းတွေအနေနဲ့

အိုးထရက်ဖို့ဒ်ကို လာရမာ ကြောက်ရွံ့နေကြလောက်ပြီလို့ ပြောဆိုလိုက်ပါတယ်။

“ ရာသီအစပိုင်းမှာတော့ အဲ့ဒါက မကောင်းခဲ့ပါဘူး။ အဲ့ဒါက ကျွန်တော်တို့

လိုချင်တဲ့ပုံစံမျိုး မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲပြီးတော့

ကျွန်တော်တို့ ဦးတည်ချက်ကို ပြောင်းလဲလိုက်ကြတယ်။

စိတ်ဓါတ်ပိုင်း‌ဆိုင်ရာကိုလည်း ကျွန်တော်တို့ ပြောင်းလဲခဲ့ကြတယ်။

ပြီးတော့ စိတ်ဓါတ်ခံယူချက်ကို ကျွန်တော်တို့ ပြောင်းလဲခဲ့ကြတယ်။

အဲ့ဒီနောက်တော့ လီဗာပူးလ်နဲ့အတွေ့မှာ ကျွန်တော်တို့ အရမ်းကောင်းအောင်

ကစားပြနိုင်ခဲ့တယ်၊ အဲ့ဒီနောက် ကျွန်တော်တို့ ဆက်ကြိုးစားခဲ့ကြပြီး

အခုဆိုရင် ပွဲတိုင်းအားလုံးမှာ အသင်းက တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတာကို

ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ ဒါက မန်ချက်စတာယူနိုက်တက်ပဲလေ

မဟုတ်ဘူးလား။ ပြိုင်ဘက်တွေက ကျွန်တော်တို့ ကွင်းကို လာကန်တဲ့အခါ၊

ဒါက သူတို့အတွက် မလွယ်ကူဘူးဆိုတာ ခံစားမိရပါမယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး

ကျွန်တော်တို့ အရမ်းကျေနပ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား

အချိတ်အဆက်က အရမ်းမိုက်နေပါတယ်၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ပွဲမှာ

အရမ်းကောင်းတဲ့ အလုပ်တစ်ခုကို ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်လို့

ကျွန်တော် ထင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

အိုးလ္ထရက္ဖို႔ဒ္က ၿပိဳင္ဘက္အသင္းေတြအတြက္ အေၾကာက္တရားေတြ ျပန္ယူေဆာင္လာႏိုင္ခဲ့ၿပီ။

မန္ခ်က္စတာယူႏိုက္တက္ခံစစ္ကစားသမားသစ္ျဖစ္သူ လီဆန္ဒ႐ို

မာတီးနက္ဇ္ဟာ သူတို႔အေနနဲ႔ အိုးထရက္ဖို႔ဒ္ကို ၿပိဳင္ဘက္အသင္းေတြအတြက္

အေၾကာက္တရား ျပန္လည္ယူေဆာင္လာေပးႏိုင္ခဲ့ၿပီလို႔ ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ရာသီအစမွာ ႏွစ္ပြဲဆက္ရႈံးနိမ့္ခဲ့ၿပီး

အဆိုး႐ြားဆုံးစတင္မႈ ျဖစ္ခဲ့ေပမယ့္၊ တန္ဟန႔္နဲ႔ ကစားသမားေတြဟာ

ဆိုး႐ြားတဲ့အေျခအေနကေန ျပန္လာႏိုင္ခဲ့ၿပီး၊ ေလးပြဲဆက္အႏိုင္ရရွိကာ

အမွတ္ေပးဇယားရဲ႕ အဆင့္ငါးေနရာကို တက္လွမ္းလာႏိုင္ခဲ့ပါတယ္။

ထိုႏိုင္ပြဲေတြထဲမွာ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔လို အသင္းမ်ိဳးေတြကို

အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဆက္တိုက္အႏိုင္ရရွိခဲ့တာေၾကာင့္ ခံစစ္

ကစားသမားျဖစ္သူ မာတီးနက္ဇ္က ၿပိဳင္ဘက္အသင္းေတြအေနနဲ႔

အိုးထရက္ဖို႔ဒ္ကို လာရမာ ေၾကာက္႐ြံ႕ေနၾကေလာက္ၿပီလို႔ ေျပာဆိုလိုက္ပါတယ္။

“ ရာသီအစပိုင္းမွာေတာ့ အဲ့ဒါက မေကာင္းခဲ့ပါဘူး။ အဲ့ဒါက ကြၽန္ေတာ္တို႔

လိုခ်င္တဲ့ပုံစံမ်ိဳး မဟုတ္ခဲ့ဘူး။ ဒါေပမယ့္ ဘရန႔္ဖို႔ဒ္နဲ႔ ပြဲၿပီးေတာ့

ကြၽန္ေတာ္တို႔ ဦးတည္ခ်က္ကို ေျပာင္းလဲလိုက္ၾကတယ္။

စိတ္ဓါတ္ပိုင္း‌ဆိုင္ရာကိုလည္း ကြၽန္ေတာ္တို႔ ေျပာင္းလဲခဲ့ၾကတယ္။

ၿပီးေတာ့ စိတ္ဓါတ္ခံယူခ်က္ကို ကြၽန္ေတာ္တို႔ ေျပာင္းလဲခဲ့ၾကတယ္။

အဲ့ဒီေနာက္ေတာ့ လီဗာပူးလ္နဲ႔အေတြ႕မွာ ကြၽန္ေတာ္တို႔ အရမ္းေကာင္းေအာင္

ကစားျပႏိုင္ခဲ့တယ္၊ အဲ့ဒီေနာက္ ကြၽန္ေတာ္တို႔ ဆက္ႀကိဳးစားခဲ့ၾကၿပီး

အခုဆိုရင္ ပြဲတိုင္းအားလုံးမွာ အသင္းက တိုက္ပြဲဝင္ဖို႔ အဆင္သင့္ျဖစ္ေနတာကို

ခင္ဗ်ားတို႔ ေတြ႕ႏိုင္ပါတယ္။ ဒါက မန္ခ်က္စတာယူႏိုက္တက္ပဲေလ

မဟုတ္ဘူးလား။ ၿပိဳင္ဘက္ေတြက ကြၽန္ေတာ္တို႔ ကြင္းကို လာကန္တဲ့အခါ၊

ဒါက သူတို႔အတြက္ မလြယ္ကူဘူးဆိုတာ ခံစားမိရပါမယ္။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး

ကြၽန္ေတာ္တို႔ အရမ္းေက်နပ္ၾကပါတယ္။ တစ္ဦးနဲ႔တစ္ဦးၾကား

အခ်ိတ္အဆက္က အရမ္းမိုက္ေနပါတယ္၊ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ပြဲမွာ

အရမ္းေကာင္းတဲ့ အလုပ္တစ္ခုကို ကြၽန္ေတာ္တို႔ လုပ္ႏိုင္ခဲ့တယ္လို႔

ကြၽန္ေတာ္ ထင္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။