
အသက်၃၇နှစ်ရှိရော်နယ်ဒိုဟာယူနိုက်တက်ကို ရောက်လာတာ
တစ်နှစ်မျှသာရှိသေးပေမဲ့လည်းချန်ပီယံလိဂ်ကစားလိုမှုကြောင့်
ဇူလိုင်လအစောပိုင်းတုန်းကအသင်းပြောင်းခွင့်တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ချဲလ်ဆီး၊ဘိုင်ယန်မြူးနစ်၊
ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ပီအက်စ်ဂျီတို့ကကမ်းလှမ်းလာခြင်းမရှိသလို
နောက်ဆုံးသတင်းထွက်လာတဲ့စပို့တင်းလစ္စဘွန်းနှင့်နာပိုလီတို့ကလည်း
ရော်နယ်ဒိုကိုကမ်းလှမ်းခြင်းမရှိပါဘူး။ ရော်နယ်ဒိုဟာဥရောပထိပ်သီးကလပ်များရဲ့
ကမ်းလှမ်းမှုရရှိခြင်းမရှိသလို တစ်ဖက်က ယူနိုက်တက်မှာလည်းယခုနွေရာသီတွင်
ကက်စ်မဲရိုးနှင့်အန်တိုနီတို့အားထပ်မံခေါ်ယူကာ အင်အားဖြည့်တင်းထားပါတယ်။
ဒါကြောင့် ရော်နယ်ဒိုတစ်ယောက် လူပိုကြီး မဟုတ်ဘဲ ထိပ်တန်း ကစားသမားဆိုတာ
ပြသဖို့ စိတ်ပြောင်းကာယူနိုက်တက်တွင်ပင်ဆက်ရှိနေရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း
the sun ကဖော်ပြသွားပါတယ်။ အန်တိုနီဟာယခုနွေရာသီမှာယူနိုက်တက်ကို
ရောက်လာတဲ့ပဉ္စမမြောက်ကစားသမားဖြစ်ပါတယ်။ယူနိုက်တက်ဟာ
အန်တိုနီမတိုင်မီလီဆန်ဒရိုမာတီနက်ဇ်၊မာလာစီယာ၊ကက်စ်မဲရိုး၊
ခရစ္စတီယန်အဲရစ်ဆင်တို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။
လီဗာပူး၊ ဆောက်သမ်တန်တို့ကို အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာ ရော်နယ်ဒိုက
အရံခုံထိုင်ရပြီး ပွဲပြီးခါနီးမှသာ ဝင်ကစားခွင့်ရခဲ့တာပါ။ ဒီနေ့ည
ပွဲရော်နယ်ဒို ပွဲထွက်ခွင့် ရမလား ကြည့်ရပါမယ်။
zawgyi
အုိးလ္ထရက္ဖုိ႔ဒ္မွာပဲ ဆက္ၿပီး တုိက္ပြဲ၀င္မယ့္ ခရစၥတီယာႏုိ ေရာ္နယ္ဒုိ
အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုဟာယူႏိုက္တက္ကို ေရာက္လာတာ
တစ္ႏွစ္မွ်သာရွိေသးေပမဲ့လည္းခ်န္ပီယံလိဂ္ကစားလိုမႈေၾကာင့္
ဇူလိုင္လအေစာပိုင္းတုန္းကအသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ပါတယ္။
ဒါေပမယ့္ ဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ခ်ဲလ္ဆီး၊ဘိုင္ယန္ျမဴးနစ္၊
ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ပီအက္စ္ဂ်ီတို႔ကကမ္းလွမ္းလာျခင္းမရွိသလို
ေနာက္ဆုံးသတင္းထြက္လာတဲ့စပို႔တင္းလစၥဘြန္းႏွင့္နာပိုလီတို႔ကလည္း
ေရာ္နယ္ဒိုကိုကမ္းလွမ္းျခင္းမရွိပါဘူး။ ေရာ္နယ္ဒိုဟာဥေရာပထိပ္သီးကလပ္မ်ားရဲ႕
ကမ္းလွမ္းမႈရရွိျခင္းမရွိသလို တစ္ဖက္က ယူႏိုက္တက္မွာလည္းယခုေႏြရာသီတြင္
ကက္စ္မဲ႐ိုးႏွင့္အန္တိုနီတို႔အားထပ္မံေခၚယူကာ အင္အားျဖည့္တင္းထားပါတယ္။
ဒါေၾကာင့္ ေရာ္နယ္ဒိုတစ္ေယာက္ လူပိုႀကီး မဟုတ္ဘဲ ထိပ္တန္း ကစားသမားဆိုတာ
ျပသဖို႔ စိတ္ေျပာင္းကာယူႏိုက္တက္တြင္ပင္ဆက္ရွိေနရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း
the sun ကေဖာ္ျပသြားပါတယ္။ အန္တိုနီဟာယခုေႏြရာသီမွာယူႏိုက္တက္ကို
ေရာက္လာတဲ့ပၪၥမေျမာက္ကစားသမားျဖစ္ပါတယ္။ယူႏိုက္တက္ဟာ
အန္တိုနီမတိုင္မီလီဆန္ဒ႐ိုမာတီနက္ဇ္၊မာလာစီယာ၊ကက္စ္မဲ႐ိုး၊
ခရစၥတီယန္အဲရစ္ဆင္တို႔ကိုေခၚယူထားၿပီးျဖစ္ပါတယ္။
လီဗာပူး၊ ေဆာက္သမ္တန္တို႔ကို အႏိုင္ရရွိခဲ့တဲ့ပြဲေတြမွာ ေရာ္နယ္ဒိုက
အရံခုံထိုင္ရၿပီး ပြဲၿပီးခါနီးမွသာ ဝင္ကစားခြင့္ရခဲ့တာပါ။ ဒီေန႔ည
ပြဲေရာ္နယ္ဒို ပြဲထြက္ခြင့္ ရမလား ၾကည့္ရပါမယ္။