M Diary Channel

Local and Sport News

အိုးလ်ထရက်ဖို့ဒ်မှာ ကစားစဉ်က ရည်းစားမရှိတာကို ရှက်စရာထင်ခဲ့လို့ ရည်းစားအတု ဖန်တီးခဲ့ရတဲ့ သရဲနီဟောင်း

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းလုခ်ချက်ဝစ်ခ်ကအိုးထရက်ဖို့ဒ်သို့

ပြောင်းရွှေ့ကစားစဉ်တုန်းကချစ်သူရည်းစားမရှိမှုမှာရှက်စရာတစ်ခုလို့

ယူဆမှုနဲ့အတူ ချစ်သူရည်းစားအတုဖန်တီးခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ချက်ဝစ်ခ်ဟာအသက်၁၆နှစ်အရွယ်မှာကမ်းဘရစ်ချ်မှမန်ချက်စတာ

ယူနိုက်တက်သို့ပြောင်းရွှေ့ကစားခဲ့ပါတယ်။ထိုစဉ်ကသူဟာချစ်သူရည်းစား

မရှိမှုကြောင့်ယူနိုက်တက်ကစားသမားများအကြားရှက်ရွံ့နေခဲ့ပါတယ်။

ဒါကြောင့်လည်းသူဟာကျောင်းမှကောင်မလေးချောချောလေးတစ်ဦးရဲ့

ဓာတ်ပုံကို ဖြတ်ယူပြီးပိုက်ဆံအိတ်အတွင်းတွင်သူ့ချစ်သူကဲ့သို့

ထည့်သွင်းထားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။သူဟာချစ်သူရည်းစားရှိကြောင်း

ကြွားဝါလိုမှုနဲ့အတူယူနိုက်တက်ကစားသမားများရှေ့မှာဖုန်းဟန်ဆောင်

ပြောဆိုမှုလည်းပြုလုပ်ခဲ့ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။

၎င်းက “မန်ချက်စတာသို့ပြောင်းတုန်းကအသက်၁၆နှစ်ပဲရှိသေးတယ်။

ကောင်မလေးမရှိသေးတာအရမ်းရှက်ခဲ့ရတယ်။ဒီတော့ကျောင်းက

အချောဆုံးအလှဆုံးကောင်မလေးရဲ့ဓာတ်ပုံကိုကျောင်းစာအုပ်ထဲကဖြတ်ထုတ်ပြီး

ပိုက်ဆံအိတ်ထဲထည့်ထားခဲ့တယ်။လူတွေလာမေးရင် ပိုက်ဆံအိတ်ထဲက

ထုတ်ပြလိုက်တာပဲ။ရည်းစားနဲ့ဖုန်းပြောချင်ဟန်ဆောင်ခဲ့ရတာလည်း

အမောပေါ့”လို့ပြောကြားသွားပါတယ်။ ချက်ဝစ်ခ်ဟာယူနိုက်တက်နှင့်အတွက်

ပရီးမီးယားလိဂ်ပွဲ၃၉ပွဲကစားပေးခဲ့ကာ ၂၀၀၀-၀၁ ပရီးမီးယားလိဂ်ဖလား

ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာဝက်စ်ဟမ်း၊ စတုတ်စီးတီး၊နော့ဝှစ်ချ်၊အမ်ကေဒွန်း၊

ကမ်းဘရစ်ချ်ယူနိုက်တက်တို့တွင် ကစားခဲ့ပါတယ်။ သူဟာမကြာသေးမီတုန်းက

အင်တာဗျူးတွင်သူ့ရဲ့ရုပ်ရည်ဆိုးရွားမှုကြောင့်ငယ်စဉ်တုန်းကစိတ်ဒဏ်ရာရရှိခဲ့ဖူးကြောင်း

ဖွင့်ဟခဲ့ဖူးသူလည်းဖြစ်ပါတယ်။

zawgyi

အိုးလ္ထရက္ဖို႔ဒ္မွာ ကစားစဥ္က ရည္းစားမရွိတာကို ရွက္စရာထင္ခဲ့လို႔ ရည္းစားအတု ဖန္တီးခဲ့ရတဲ့ သရဲနီေဟာင္း

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္းလုခ္ခ်က္ဝစ္ခ္ကအိုးထရက္ဖို႔ဒ္သို႔

ေျပာင္းေ႐ႊ႕ကစားစဥ္တုန္းကခ်စ္သူရည္းစားမရွိမႈမွာရွက္စရာတစ္ခုလို႔

ယူဆမႈနဲ႔အတူ ခ်စ္သူရည္းစားအတုဖန္တီးခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ခ်က္ဝစ္ခ္ဟာအသက္၁၆ႏွစ္အ႐ြယ္မွာကမ္းဘရစ္ခ်္မွမန္ခ်က္စတာ

ယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။ထိုစဥ္ကသူဟာခ်စ္သူရည္းစား

မရွိမႈေၾကာင့္ယူႏိုက္တက္ကစားသမားမ်ားအၾကားရွက္႐ြံ႕ေနခဲ့ပါတယ္။

ဒါေၾကာင့္လည္းသူဟာေက်ာင္းမွေကာင္မေလးေခ်ာေခ်ာေလးတစ္ဦးရဲ႕

ဓာတ္ပုံကို ျဖတ္ယူၿပီးပိုက္ဆံအိတ္အတြင္းတြင္သူ႔ခ်စ္သူကဲ့သို႔

ထည့္သြင္းထားခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး။သူဟာခ်စ္သူရည္းစားရွိေၾကာင္း

ႂကြားဝါလိုမႈနဲ႔အတူယူႏိုက္တက္ကစားသမားမ်ားေရွ႕မွာဖုန္းဟန္ေဆာင္

ေျပာဆိုမႈလည္းျပဳလုပ္ခဲ့ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။

၎က “မန္ခ်က္စတာသို႔ေျပာင္းတုန္းကအသက္၁၆ႏွစ္ပဲရွိေသးတယ္။

ေကာင္မေလးမရွိေသးတာအရမ္းရွက္ခဲ့ရတယ္။ဒီေတာ့ေက်ာင္းက

အေခ်ာဆုံးအလွဆုံးေကာင္မေလးရဲ႕ဓာတ္ပုံကိုေက်ာင္းစာအုပ္ထဲကျဖတ္ထုတ္ၿပီး

ပိုက္ဆံအိတ္ထဲထည့္ထားခဲ့တယ္။လူေတြလာေမးရင္ ပိုက္ဆံအိတ္ထဲက

ထုတ္ျပလိုက္တာပဲ။ရည္းစားနဲ႔ဖုန္းေျပာခ်င္ဟန္ေဆာင္ခဲ့ရတာလည္း

အေမာေပါ့”လို႔ေျပာၾကားသြားပါတယ္။

ခ်က္ဝစ္ခ္ဟာယူႏိုက္တက္ႏွင့္အတြက္ပရီးမီးယားလိဂ္ပြဲ၃၉ပြဲကစားေပးခဲ့ကာ

၂၀၀၀-၀၁ ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာဝက္စ္ဟမ္း၊

စတုတ္စီးတီး၊ေနာ့ဝွစ္ခ်္၊အမ္ေကဒြန္း၊ကမ္းဘရစ္ခ်္ယူႏိုက္တက္တို႔တြင္

ကစားခဲ့ပါတယ္။ သူဟာမၾကာေသးမီတုန္းကအင္တာဗ်ဴးတြင္သူ႔ရဲ႕

႐ုပ္ရည္ဆိုး႐ြားမႈေၾကာင့္ငယ္စဥ္တုန္းကစိတ္ဒဏ္ရာရရွိခဲ့ဖူးေၾကာင္း

ဖြင့္ဟခဲ့ဖူးသူလည္းျဖစ္ပါတယ္။mdiarymm

mdiarymm