
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့တွင်
နယူးကာဆယ်အသင်းကို အိုးထရတ်ဖို့ဒ်မှာ လက်ခံ ကစားရဖို့ ရှိပါတယ်။
နယူးကာဆယ်က ဒီရာသီမှာ ပုံစံကောင်းပြသနေပြီး ( ၉ ) ပွဲမှာ ( ၃ ) ပွဲနိုင် ၊
( ၅ ) ပွဲသရေ ( ၁ ) ပွဲရှုံး ၊ ရမှတ် ( ၁၄ ) မှတ်နဲ့ အမှတ်ပေးဇယား
အဆင့် ( ၆ ) နေရာမှာ ရပ်တည်နေပြီး တစ်ပွဲလျော့ ကစားထားတဲ့
ယူနိုက်တက်က ရမှတ် ( ၁၅ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၅ )
နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိမှာတော့ ဒေးလီးမေးလ်
သတင်းထောက် Craig Hope ရဲ့ အဆိုအရ နယူးကာဆယ် ကစားသမား
( ၂ ) ဦးဖြစ်တဲ့ အလက်ဇန္ဒား အီဇက် နှင့် ရှယ်ဗေတို့ဟာ လာမယ့်
တနင်္ဂနွေနေ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိကြောင်း သိရပါတယ်။
ဒါပေမယ့် ကြာသပတေးနေ့တုန်းက အိုမိုနီယားကို ( ၁-၀ ) အနိုင်ရခဲ့တဲ့
ပွဲစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့တဲ့ အန်သိုနီ မာရှယ်ဟာ လာမယ့်
ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်ဖို့ အလားအလာများနေကြောင်း
နည်းပြ အဲရစ် တင်ဟာ့ခ်က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
zawgyi
အုိးလ္ထရက္ဖို႔ဒ္မွာ နယူးကာဆယ္ကုိ က်ိန္းေသအႏုိင္ယူႏုိင္မယ့္အေၾကာင္းအရင္း
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ လာမယ့္ တနဂၤေႏြေန႔တြင္
နယူးကာဆယ္အသင္းကို အိုးထရတ္ဖို႔ဒ္မွာ လက္ခံ ကစားရဖို႔ ရွိပါတယ္။
နယူးကာဆယ္က ဒီရာသီမွာ ပုံစံေကာင္းျပသေနၿပီး ( ၉ ) ပြဲမွာ ( ၃ ) ပြဲႏိုင္ ၊
( ၅ ) ပြဲသေရ ( ၁ ) ပြဲရႈံး ၊ ရမွတ္ ( ၁၄ ) မွတ္နဲ႔ အမွတ္ေပးဇယား
အဆင့္ ( ၆ ) ေနရာမွာ ရပ္တည္ေနၿပီး တစ္ပြဲေလ်ာ့ ကစားထားတဲ့
ယူႏိုက္တက္က ရမွတ္ ( ၁၅ ) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ( ၅ )
ေနရာမွာ ရပ္တည္ေနပါတယ္။ လက္ရွိမွာေတာ့ ေဒးလီးေမးလ္
သတင္းေထာက္ Craig Hope ရဲ႕ အဆိုအရ နယူးကာဆယ္ ကစားသမား
( ၂ ) ဦးျဖစ္တဲ့ အလက္ဇႏၵား အီဇက္ ႏွင့္ ရွယ္ေဗတို႔ဟာ လာမယ့္
တနဂၤေႏြေန႔ ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေၾကာင္း သိရပါတယ္။
ဒါေပမယ့္ ၾကာသပေတးေန႔တုန္းက အိုမိုနီယားကို ( ၁-၀ ) အႏိုင္ရခဲ့တဲ့
ပြဲစဥ္မွာ ပါဝင္ႏိုင္ျခင္း မရွိခဲ့တဲ့ အန္သိုနီ မာရွယ္ဟာ လာမယ့္
ပရီးမီးယားလိဂ္ပြဲစဥ္မွာ ျပန္လည္ ပါဝင္ႏိုင္ဖို႔ အလားအလာမ်ားေနေၾကာင္း
နည္းျပ အဲရစ္ တင္ဟာ့ခ္က ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။