အီလွန်မက်စ်ရဲ့ နောက်ပြောင်မှုကြောင့် သရဲနီပရိသတ်တွေအကြီးအကျယ် အသည်းကွဲ

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မက်စ်က မန်ယူအသင်းကို

သူဝယ်တော့မယ်လို့ Twitter ပေါ်မှာ ကြေညာလိုက်တော့ ကမ္ဘာ့သတင်း

စာမျက်နှာတွေထက်မှာ ပလူပျံသွားပါတယ်။ မန်ယူပရိသတ်တွေကလည်း

ဒီသတင်းကိုကြားတော့ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပမာ ဝမ်းသာလုံးဆို့ခဲ့ကြတာပါ။

ပရီမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေကိုရောက်နေတဲ့ သူတို့အသင်းအတွက်

စိတ်ပျက်နေရချိန် အီလွန်မက်စ်ပြောတာဟာ သူတို့အတွက် အိုအေစစ်တစ်ခုလို

ဖြစ်သွားပါတယ်။ ဒါ့အပြင် မန်ယူပရိသတ်တွေဟာ အသင်းရဲ့လက်ရှိ

အခြေအနေအတွက် လက်ရှိပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကို အပြင်းအထန်

ဆန့်ကျင်နေကြတာပါ။ အီလွန်မက်စ်က အဲဒီလိုပြောပြီး နောက် ၄ နာရီလောက်

အကြာမှာတော့ မန်ယူကိုဝယ်မယ်လို့ သူတင်ထားတဲ့ပို့စ်အောက်မှာပဲ

မန့်တစ်ခုကို အခုလို reply ပြန်ခဲ့ပါတယ်။ ”နိုး။ ဒါက Twitter ပေါ်က

ကာလရှည်နောင်ပြောင်မှုတစ်ခုပါ။ ဘယ်အားကစားအသင်းကိုမှ

ကျွန်တော်ဝယ်မှာ မဟုတ်ပါဘူး”လို့ အီလွန်မက်စ်က ပြန်ရေးခဲ့တာပါ။

သူက အဲဒီလိုလည်း ပြန်ရေးလိုက်ရော မန်ယူပရိသတ်တွေအတွက်

အသည်းကွဲစရာဖြစ်သွားပါတယ်။ အီလွန်မက်စ်ဟာ အရင်ကလည်း

Twitter ပေါ်မှာ နောက်ပြောင်ပြောဆိုတာတွေ ရှိခဲ့ဖူးတာပါ။

ဒါပေမဲ့ Twitter ကို သူဝယ်လို့ ပြောခဲ့တာကတော့ အမှန်ဖြစ်ပြီး

တကယ်ကမ်းလှမ်းမှုလည်း လုပ်ခဲ့ပေမယ့် အရောင်းအဝယ်မဖြစ်ခဲ့ပါဘူး။

အခုတော့ သူဟာ ရာသီသစ်မှာ မျက်နှာငယ်နေရတဲ့မန်ယူပရိသတ်တွေကို

တမင်နောက်သလို ဖြစ်သွားပါတယ်။

zawgyi

အီလြန္မက္စ္ရဲ႕ ေနာက္ေျပာင္မႈေၾကာင့္ သရဲနီပရိသတ္ေတြအႀကီးအက်ယ္ အသည္းကြဲ

ကမာၻ႔အခ်မ္းသာဆုံးသူေဌးႀကီးအီလြန္မက္စ္က မန္ယူအသင္းကို

သူဝယ္ေတာ့မယ္လို႔ Twitter ေပၚမွာ ေၾကညာလိုက္ေတာ့ ကမာၻ႔သတင္း

စာမ်က္ႏွာေတြထက္မွာ ပလူပ်ံသြားပါတယ္။ မန္ယူပရိသတ္ေတြကလည္း

ဒီသတင္းကိုၾကားေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္တစ္ခုပမာ ဝမ္းသာလုံးဆို႔ခဲ့ၾကတာပါ။

ပရီမီးယားလိဂ္အမွတ္ေပးဇယားေအာက္ေျခကိုေရာက္ေနတဲ့ သူတို႔အသင္းအတြက္

စိတ္ပ်က္ေနရခ်ိန္ အီလြန္မက္စ္ေျပာတာဟာ သူတို႔အတြက္ အိုေအစစ္တစ္ခုလို

ျဖစ္သြားပါတယ္။ ဒါ့အျပင္ မန္ယူပရိသတ္ေတြဟာ အသင္းရဲ႕လက္ရွိ

အေျခအေနအတြက္ လက္ရွိပိုင္ရွင္ျဖစ္တဲ့ ဂေလဇာမိသားစုကို အျပင္းအထန္

ဆန႔္က်င္ေနၾကတာပါ။ အီလြန္မက္စ္က အဲဒီလိုေျပာၿပီး ေနာက္ ၄ နာရီေလာက္

အၾကာမွာေတာ့ မန္ယူကိုဝယ္မယ္လို႔ သူတင္ထားတဲ့ပို႔စ္ေအာက္မွာပဲ

မန႔္တစ္ခုကို အခုလို reply ျပန္ခဲ့ပါတယ္။ ”ႏိုး။ ဒါက Twitter ေပၚက

ကာလရွည္ေနာင္ေျပာင္မႈတစ္ခုပါ။ ဘယ္အားကစားအသင္းကိုမွ

ကြၽန္ေတာ္ဝယ္မွာ မဟုတ္ပါဘူး”လို႔ အီလြန္မက္စ္က ျပန္ေရးခဲ့တာပါ။

သူက အဲဒီလိုလည္း ျပန္ေရးလိုက္ေရာ မန္ယူပရိသတ္ေတြအတြက္

အသည္းကြဲစရာျဖစ္သြားပါတယ္။ အီလြန္မက္စ္ဟာ အရင္ကလည္း

Twitter ေပၚမွာ ေနာက္ေျပာင္ေျပာဆိုတာေတြ ရွိခဲ့ဖူးတာပါ။

ဒါေပမဲ့ Twitter ကို သူဝယ္လို႔ ေျပာခဲ့တာကေတာ့ အမွန္ျဖစ္ၿပီး

တကယ္ကမ္းလွမ္းမႈလည္း လုပ္ခဲ့ေပမယ့္ အေရာင္းအဝယ္မျဖစ္ခဲ့ပါဘူး။

အခုေတာ့ သူဟာ ရာသီသစ္မွာ မ်က္ႏွာငယ္ေနရတဲ့မန္ယူပရိသတ္ေတြကို

တမင္ေနာက္သလို ျဖစ္သြားပါတယ္။