အေဂျက်သားတစ်ယောက်ကို လာမယ့်နွေရာသီမှာ တန်ဟန့်ခေါ်ယူဦးမယ်…

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ် တန်ဟန့်ကို နည်းပြသစ်အဖြစ်

ခန့်အပ်ပြီးနောက်ပိုင်းတည်းက အေဂျက်အသင်းကနေ ကစားသမား

အများအပြားကို ပစ်မှတ်ထားခဲ့ပြီး၊ တကယ်တမ်းမှာလည်း လီဆန်ဒရို

မာတီးနက်ဇ်နဲ့ အန်တိုနီတို့လို ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

ထို့အတွက်ကြောင့် ပရိသတ်တွေက တန်ဟန့်အနေနဲ့ သူ့ရဲ့ အသင်းဟောင်းက

ကစားသမားတွေပဲ ပစ်မှတ်ထားတဲ့အပေါ် ပြောဆိုမှုတွေ ရှိခဲ့ပေမယ့်၊

အေဂျက်အသင်းနဲ့ မန်ယူအသင်းရဲ့ ရေစက်ကတော့ အခုချိန်ထိတိုင်အောင်

မကုန်ဆုံးသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း

အေဂျက်ကွင်းလယ်လူ ကက်နက် တေလာအတွက် မန်ယူအသင်းဟာ

နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းအဖြစ် ထင်ကြေးပေးခံထားရပါတယ်။

တေလာဟာ တန်ဟန့်ရဲ့ လက်အောက်မှာ ပွဲဦးထွက်စတင်ခဲ့သူဖြစ်ပြီး၊

ရိုင်ယန် ဂရေဗမ်ဘတ်ခ်ျကိုကျော်ပြီး နယ်သာလန်အသင်းအတွက်

နည်းပြ လူးဝစ် ဗန်ဟားလ်ရဲ့ ရွေးချယ်ခြင်းကို ပထမဆုံးအကြိမ်

ခံထားရသူဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ကွင်းလယ်

ခံစစ်ကစားသမားဖြစ်သူ တေလာဟာ ဒီရာသီလိဂ်မှာ ခုနှစ်ပွဲကစားထားပြီး

သုံးဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထားနိုင်တာကြောင့်

အေဂျက်နည်းပြဟောင်း အက်ဒ် ဒီမော့စ်က တေလာဟာ ကမ္ဘာ့ဖလားမှာ

ခြေစွမ်းပြနိုင်မယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ဆိုလိုက်ပြီး

နောက်နှစ်နွေရာသီမှာ အသင်းကြီးတစ်သင်းဆီ ပြောင်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“ သူဟာ ကမ္ဘာ့ဖလားမှာ နယ်သာလန်ရဲ့ အကောင်းဆုံးတွေထဲက

တစ်ဦးဖြစ်ပါလိမ့်မယ်။ သူက အေဂျက်ရဲ့ အကောင်းဆုံးတွေထဲက

တစ်ဦးဖြစ်နေပြီးသားပါ။ သူဟာ အေဂျက်အသင်းမှာ နောက်ထပ်တစ်နှစ်

ထပ်နေလိမ့်မယ်၊ အဲ့ဒါပြီးရင်တော့ သူက ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်

ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လိမ့်မယ်။

သူက သူ့ရဲ့ ဧရိယာထဲမှာရှိတဲ့ တိုက်စစ်မှူးတွေ၊ ကစားသမားတွေအတွက်

မှန်ကန်တဲ့ ရွေးချယ်မှုကို သိပါတယ်။ ပြီးတော့ သူက ခြေနှစ်ဖက်စလုံးနဲ့

ဆော့ကစားနိုင်တယ်။ သူ့မှာ ခံစစ်ကို ကာကွယ်ဖို့အတွက် သံမဏိစိတ်ဓါတ်မျိုး

ရှိတယ်၊ ပြီးတော့ ခေါင်းတိုက်လည်း ကောင်းတယ်။ အရမ်းကို အရည်အချင်းရှိတဲ့

ကစားသမားပါ ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

ေအဂ်က္သားတစ္ေယာက္ကုိ လာမယ့္ေႏြရာသီမွာ တန္ဟန္႔ေခၚယူဦးမယ္…

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဲရစ္ တန္ဟန႔္ကို နည္းျပသစ္အျဖစ္

ခန႔္အပ္ၿပီးေနာက္ပိုင္းတည္းက ေအဂ်က္အသင္းကေန ကစားသမား

အမ်ားအျပားကို ပစ္မွတ္ထားခဲ့ၿပီး၊ တကယ္တမ္းမွာလည္း လီဆန္ဒ႐ို

မာတီးနက္ဇ္နဲ႔ အန္တိုနီတို႔လို ၾကယ္ပြင့္ကစားသမားေတြကို ေခၚယူခဲ့ပါတယ္။

ထို႔အတြက္ေၾကာင့္ ပရိသတ္ေတြက တန္ဟန႔္အေနနဲ႔ သူ႔ရဲ႕ အသင္းေဟာင္းက

ကစားသမားေတြပဲ ပစ္မွတ္ထားတဲ့အေပၚ ေျပာဆိုမႈေတြ ရွိခဲ့ေပမယ့္၊

ေအဂ်က္အသင္းနဲ႔ မန္ယူအသင္းရဲ႕ ေရစက္ကေတာ့ အခုခ်ိန္ထိတိုင္ေအာင္

မကုန္ဆုံးေသးဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။ အခုတစ္ႀကိမ္မွာလည္း

ေအဂ်က္ကြင္းလယ္လူ ကက္နက္ ေတလာအတြက္ မန္ယူအသင္းဟာ

ေနာက္ထပ္ေျပာင္းေ႐ႊ႕မယ့္အသင္းအျဖစ္ ထင္ေၾကးေပးခံထားရပါတယ္။

ေတလာဟာ တန္ဟန႔္ရဲ႕ လက္ေအာက္မွာ ပြဲဦးထြက္စတင္ခဲ့သူျဖစ္ၿပီး၊

႐ိုင္ယန္ ဂေရဗမ္ဘတ္ခ္်ကိုေက်ာ္ၿပီး နယ္သာလန္အသင္းအတြက္

နည္းျပ လူးဝစ္ ဗန္ဟားလ္ရဲ႕ ေ႐ြးခ်ယ္ျခင္းကို ပထမဆုံးအႀကိမ္

ခံထားရသူျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့ ကြင္းလယ္

ခံစစ္ကစားသမားျဖစ္သူ ေတလာဟာ ဒီရာသီလိဂ္မွာ ခုႏွစ္ပြဲကစားထားၿပီး

သုံးဂိုးသြင္းယူကာ၊ ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ျပဳလုပ္ထားႏိုင္တာေၾကာင့္

ေအဂ်က္နည္းျပေဟာင္း အက္ဒ္ ဒီေမာ့စ္က ေတလာဟာ ကမာၻ႔ဖလားမွာ

ေျခစြမ္းျပႏိုင္မယ့္ ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔ ဆိုလိုက္ၿပီး

ေနာက္ႏွစ္ေႏြရာသီမွာ အသင္းႀကီးတစ္သင္းဆီ ေျပာင္းလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

“ သူဟာ ကမာၻ႔ဖလားမွာ နယ္သာလန္ရဲ႕ အေကာင္းဆုံးေတြထဲက

တစ္ဦးျဖစ္ပါလိမ့္မယ္။ သူက ေအဂ်က္ရဲ႕ အေကာင္းဆုံးေတြထဲက

တစ္ဦးျဖစ္ေနၿပီးသားပါ။ သူဟာ ေအဂ်က္အသင္းမွာ ေနာက္ထပ္တစ္ႏွစ္

ထပ္ေနလိမ့္မယ္၊ အဲ့ဒါၿပီးရင္ေတာ့ သူက ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္

ဒါမွမဟုတ္ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္။

သူက သူ႔ရဲ႕ ဧရိယာထဲမွာရွိတဲ့ တိုက္စစ္မႉးေတြ၊ ကစားသမားေတြအတြက္

မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈကို သိပါတယ္။ ၿပီးေတာ့ သူက ေျခႏွစ္ဖက္စလုံးနဲ႔

ေဆာ့ကစားႏိုင္တယ္။ သူ႔မွာ ခံစစ္ကို ကာကြယ္ဖို႔အတြက္ သံမဏိစိတ္ဓါတ္မ်ိဳး

ရွိတယ္၊ ၿပီးေတာ့ ေခါင္းတိုက္လည္း ေကာင္းတယ္။ အရမ္းကို အရည္အခ်င္းရွိတဲ့

ကစားသမားပါ ” လို႔ ေျပာဆိုခဲ့ပါတယ္။