အဲရစ်တန်ဟက်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘုတ်အဖွဲ့ အားရမှုရှိပြီး ဇန်နဝါရီကျရင် ကစားသမားခေါ်ဖို့ ငွေထုတ်ပေးမယ်

မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင်

ကစားသမားသစ်ခေါ်ယူဖို့အတွက် နည်းပြအဲရစ်တန်ဟက်ကို အသုံးစရိတ်

ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ လစာငွေအများဆုံး

ကစားသမား စီရော်နယ်လ်ဒိုဟာ ဇန်နဝါရီလအတွင်း အသင်းပြောင်းဖို့

ရှိနေတာကြောင့် လစာငွေအသုံးစရိတ်ကို လျှော့ချနိုင်မှာဖြစ်တဲ့အတွက်

အဲရစ်တန်ဟက် လိုချင်တဲ့ အပြောင်းအရွှေ့အသုံးစရိတ်ကို ဘုတ်အဖွဲ့

ပေးသွားဖို့ရှိတယ်လို့ Sunday World သတင်းစာက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို အဲရစ်တန်ဟက် ကိုင်တွယ်တာ လပိုင်းလောက်သာ

ရှိသေးပေမယ့် အသင်းရဲ့အနေအထားက တက်ရိပ်ပြနေပြီး ချန်ပီယံလိဂ်

ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိလာတာကြောင့် ဘုတ်အဖွဲ့တာဝန်ရှိသူတွေဟာ

အဲရစ်တန်ဟက်ရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်နေကြပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်း အခုထက် ပိုကောင်းလာအောင်

အဲရစ်တန်တက် လိုချင်တဲ့ကစားသမားတွေ ထပ်ခေါ်ဖို့ တာဝန်ရှိသူတွေက

ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဂတ်ပို၊

ယာအိုဖိလစ်၊ အေဂျက်စ်နောက်ခံလူအက်ဒ်ဆင်အယ်လ်ဗာရက်ဇ်၊

ဒီကလန်ရိုက်စ်စတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေပြီး

ဇန်နဝါရီကျရင် ဒီကစားသမားတွေထဲက တစ်ယောက်ယောက်ကို အရခေါ်သွားဖို့ရှိပါတယ်။

zawgyi

အဲရစ္တန္ဟက္ရဲ႕ စြမ္းေဆာင္ရည္အေပၚ ဘုတ္အဖြဲ႕ အားရမႈရွိၿပီး ဇန္နဝါရီက်ရင္ ကစားသမားေခၚဖို႔ ေငြထုတ္ေပးမယ္

မန္ခ်က္စတာယူႏိုက္တက္ဘုတ္အဖြဲ႕ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္

ကစားသမားသစ္ေခၚယူဖို႔အတြက္ နည္းျပအဲရစ္တန္ဟက္ကို အသုံးစရိတ္

ထုတ္ေပးသြားမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ လစာေငြအမ်ားဆုံး

ကစားသမား စီေရာ္နယ္လ္ဒိုဟာ ဇန္နဝါရီလအတြင္း အသင္းေျပာင္းဖို႔

ရွိေနတာေၾကာင့္ လစာေငြအသုံးစရိတ္ကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္တဲ့အတြက္

အဲရစ္တန္ဟက္ လိုခ်င္တဲ့ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ကို ဘုတ္အဖြဲ႕

ေပးသြားဖို႔ရွိတယ္လို႔ Sunday World သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကို အဲရစ္တန္ဟက္ ကိုင္တြယ္တာ လပိုင္းေလာက္သာ

ရွိေသးေပမယ့္ အသင္းရဲ႕အေနအထားက တက္ရိပ္ျပေနၿပီး ခ်န္ပီယံလိဂ္

ဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ရွိလာတာေၾကာင့္ ဘုတ္အဖြဲ႕တာဝန္ရွိသူေတြဟာ

အဲရစ္တန္ဟက္ရဲ႕ စြမ္းေဆာင္ရည္အေပၚ အားရေက်နပ္ေနၾကပါတယ္။

အဲဒါေၾကာင့္ ယူႏိုက္တက္အသင္း အခုထက္ ပိုေကာင္းလာေအာင္

အဲရစ္တန္တက္ လိုခ်င္တဲ့ကစားသမားေတြ ထပ္ေခၚဖို႔ တာဝန္ရွိသူေတြက

ခြင့္ျပဳေပးသြားမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဂတ္ပို၊

ယာအိုဖိလစ္၊ ေအဂ်က္စ္ေနာက္ခံလူအက္ဒ္ဆင္အယ္လ္ဗာရက္ဇ္၊

ဒီကလန္႐ိုက္စ္စတဲ့ ကစားသမားေတြကို ပစ္မွတ္ထားေနၿပီး

ဇန္နဝါရီက်ရင္ ဒီကစားသမားေတြထဲက တစ္ေယာက္ေယာက္ကို အရေခၚသြားဖို႔ရွိပါတယ္။