
ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဆော်ဒီကလပ်အယ်လ်နက်ဆာအသင်းက
ရော်နယ်ဒိုကိုခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပေါ်တူဂီစူပါစတားကို အမြင့်ဆုံးအဆင့်မှာဆက်လက်မြင်တွေ့
လိုချင်သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပေမဲ့ အရှေ့အလယ်ပိုင်း
ဘောလုံးတိုးတက်မှုအတွက်တော့ အများကြီးအထောက်အပံ့ဖြစ်စေမှာပါ။
ဥရောပရပ်ဝန်းမှာ GOAT နှစ်ယောက်တွေ့ဆုံဖို့ဆိုတာမဖြစ်နိုင်တော့ပေမဲ့
ပရိသတ်တွေအနေနဲ့ မက်ဆီ VS ရော်နယ်ဒိုတွေ့ဆုံမှုကို
ခံစားရဖို့အခွင့်အရေးရှိနေပါတယ်။ ဒါက ပရိသတ်တွေအတွက်
စိတ်လှုပ်ရှားစရာအခွင့်အရေးတစ်ရပ်ပါပဲ။ ပီအက်စ်ဂျီအသင်းဟာ
ဇန်နဝါရီလလယ်မှာ ခြေစမ်းပွဲကစားဖို့အတွက် ဆော်ဒီအာရေဗျကို
ခြေဆန့်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အရှေ့အလယ်ပိုင်းကို
လာရောက်မယ့် ပီအက်စ်ဂျီအသင်းကိုတော့ ဆော်ဒီကလပ်တွေဖြစ်တဲ့
အယ်လ်နက်ဆာနဲ့ အယ်လ်ဟီလာနှစ်သင်းပေါင်းပြီး အကောင်းဆုံး
၁၁ ယောက်ဆွဲထုတ်ပြီးရင်ဆိုင်သွားဖို့ရှိနေတာပါ။ ဒီပွဲစဉ်က ဖြစ်နိုင်ခြေ
အလားအလာကောင်းနေတဲ့အတွက် မက်ဆီနဲ့ ရော်နယ်ဒိုရဲ့
တွေ့ဆုံပွဲလို့ပဲ အမည်တပ်ရမှာပါ။ ပရိသတ်တွေကလည်း
ဒီအကြောင်းအရာနဲ့ပက်သတ်လို့ စိတ်လှုပ်ရှားနေတယ်ဆိုတာကို
ဆိုရှယ်မီဒီယာကနေ အသိပေးလာခဲ့ပါတယ်။ “ဒါကတော့ Disney
ရုပ်ရှင်နဲ့ဆင်တူပါတယ်” လို့ ပရိသတ်တစ်ယောက်က မှတ်ချက်ပေးခဲ့သလို
ဒုတိယတစ်ယောက်က “ရော်နယ်ဒိုသာ လူစာရင်းထဲပါလာခဲ့ရင်တော့
သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုပဲဖြစ်လာမှာပါ” လို့ ရေးသားခဲ့ပြီး
တတိယတစ်ယောက်ကတော့ “ဒီပွဲကို မစောင့်နိုင်တော့ဘူး” လို့ တုံ့ပြန်သွားခဲ့ပါတယ်။
zawgyi
ဥေရာပရပ္ဝန္းမွာ မေတြ႕ဆုံႏုိင္ေတာ့မယ့္ အေရွ႕အလယ္ပိုင္းမွာစစ္ခင္းၾကမယ့္ GOAT ႏွစ္ဦး
ၿပီးခဲ့တဲ့ေသာၾကာေန႔မွာေတာ့ ေဆာ္ဒီကလပ္အယ္လ္နက္ဆာအသင္းက
ေရာ္နယ္ဒိုကိုေခၚယူႏိုင္ခဲ့ၿပီလို႔ အတည္ျပဳထုတ္ျပန္ေၾကညာလိုက္ပါတယ္။
ေပၚတူဂီစူပါစတားကို အျမင့္ဆုံးအဆင့္မွာဆက္လက္ျမင္ေတြ႕
လိုခ်င္သူေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ေပမဲ့ အေရွ႕အလယ္ပိုင္း
ေဘာလုံးတိုးတက္မႈအတြက္ေတာ့ အမ်ားႀကီးအေထာက္အပံ့ျဖစ္ေစမွာပါ။
ဥေရာပရပ္ဝန္းမွာ GOAT ႏွစ္ေယာက္ေတြ႕ဆုံဖို႔ဆိုတာမျဖစ္ႏိုင္ေတာ့ေပမဲ့
ပရိသတ္ေတြအေနနဲ႔ မက္ဆီ VS ေရာ္နယ္ဒိုေတြ႕ဆုံမႈကို
ခံစားရဖို႔အခြင့္အေရးရွိေနပါတယ္။ ဒါက ပရိသတ္ေတြအတြက္
စိတ္လႈပ္ရွားစရာအခြင့္အေရးတစ္ရပ္ပါပဲ။ ပီအက္စ္ဂ်ီအသင္းဟာ
ဇန္နဝါရီလလယ္မွာ ေျခစမ္းပြဲကစားဖို႔အတြက္ ေဆာ္ဒီအာေရဗ်ကို
ေျခဆန႔္မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ အေရွ႕အလယ္ပိုင္းကို
လာေရာက္မယ့္ ပီအက္စ္ဂ်ီအသင္းကိုေတာ့ ေဆာ္ဒီကလပ္ေတြျဖစ္တဲ့
အယ္လ္နက္ဆာနဲ႔ အယ္လ္ဟီလာႏွစ္သင္းေပါင္းၿပီး အေကာင္းဆုံး
၁၁ ေယာက္ဆြဲထုတ္ၿပီးရင္ဆိုင္သြားဖို႔ရွိေနတာပါ။ ဒီပြဲစဥ္က ျဖစ္ႏိုင္ေျခ
အလားအလာေကာင္းေနတဲ့အတြက္ မက္ဆီနဲ႔ ေရာ္နယ္ဒိုရဲ႕
ေတြ႕ဆုံပြဲလို႔ပဲ အမည္တပ္ရမွာပါ။ ပရိသတ္ေတြကလည္း
ဒီအေၾကာင္းအရာနဲ႔ပက္သတ္လို႔ စိတ္လႈပ္ရွားေနတယ္ဆိုတာကို
ဆိုရွယ္မီဒီယာကေန အသိေပးလာခဲ့ပါတယ္။ “ဒါကေတာ့ Disney
႐ုပ္ရွင္နဲ႔ဆင္တူပါတယ္” လို႔ ပရိသတ္တစ္ေယာက္က မွတ္ခ်က္ေပးခဲ့သလို
ဒုတိယတစ္ေယာက္က “ေရာ္နယ္ဒိုသာ လူစာရင္းထဲပါလာခဲ့ရင္ေတာ့
သူတို႔ႏွစ္ေယာက္ရဲ႕ေတြ႕ဆုံမႈပဲျဖစ္လာမွာပါ” လို႔ ေရးသားခဲ့ၿပီး
တတိယတစ္ေယာက္ကေတာ့ “ဒီပြဲကို မေစာင့္ႏိုင္ေတာ့ဘူး” လို႔ တုံ႔ျပန္သြားခဲ့ပါတယ္။