
စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့
အဆင့် ( ၄ ) ပြိုင်ဘက် ချဲလ်ဆီးက ဘရိုက်တန်ကို (၄-၁ ) နဲ့
ရှုံးနိမ့်ခဲံပါတယ်။ ဂရမ်ဟမ် ပေါ်တာရဲ့ ချဲလ်ဆီးနည်းပြသက်တမ်းအတွင်း
ပထမဆုံးရှုံးပွဲဖြစ်ပြီး ရောဘတ်တို ဒီဇာဘီကပဲ သက်သောင့်သက်သာ
လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပစ်မှတ်ထားနေတဲ့
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီနေ့ ဝက်စ်ဟမ်းကို အိုးထရတ်ဖို့ဒ်မှာ
မဖြစ်မနေ အနိုင်ကစားဖို့ လိုပါတယ်။ တကယ်လို့ အဲရစ် တင်ဟာ့ခ်ရဲ့
အသင်းသာ အနိုင်ရခဲ့မယ်ဆိုရင် ( ၁ ) ပွဲလျော့အနေအထားနဲ့
အဆင့် ( ၄ ) နေရာက နယူးကာဆယ်ရဲ့ နောက်မှာ ( ၁ ) မှတ်လျော့
အနေအထားနဲ့ ရပ်တည်ခွင့်ရပါလိမ့်မယ်။ နောက်ပြီး ယူနိုက်တက်ရဲ့
လာမယ့် ပွဲစဉ်တွေကလည်း ချဲလ်ဆီးထက် ပိုမို အားသာချက်ရှိနေပါတယ်။
ကမ္ဘာ့ဖလားမတိုင်ခင် ဝက်စ်ဟမ်း ၊ အက်စ်တွန်ဗီလာ ၊ ဖူလ်ဟမ်တို့နဲ့
ကစားရမှာ ဖြစ်ပါတယ်။ စပါးက လာမယ့် အပတ်မှာ လီဗာပူးလ် ၊
ချဲလ်ဆီးကလည်း အဆင့် ( ၁ ) နေရာက အာဆင်နယ်နဲ့ ကစားရဖို့
ရှိပါတယ်။ အဲဒီနောက်မှာ ပေါ်တာရဲ့ အသင်းက အက်ဒီဟောင်းရဲ့
အသင်းကို အဝေးကွင်းသွားရောက် ကစားရပါမယ်။
ယူနိုက်တက်အတွက် ကမ္ဘာ့ဖလားမတိုင်ခင် အဆင့် ( ၄ ) နေရာ
သိမ်းပိုက်ထားဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ ဒါမှသာ ကျွန်တော်တို့
အသင်းပရိသတ်တွေအနေနဲ့ ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို
ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်စောင့်ဆိုင်းခွင့်ရမှာဖြစ်ပါတယ်။
zawgyi
၀က္စ္ဟမ္းကို အႏိုင္ျဖဳတ္ၿပီး ျခေသၤ့ျပာေတြရဲ႕ ရႈံးပြဲကို ျဖတ္ေလွ်ာက္မယ့္ သရဲနီ
စေနေန႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕
အဆင့္ ( ၄ ) ၿပိဳင္ဘက္ ခ်ဲလ္ဆီးက ဘ႐ိုက္တန္ကို (၄-၁ ) နဲ႔
ရႈံးနိမ့္ခဲံပါတယ္။ ဂရမ္ဟမ္ ေပၚတာရဲ႕ ခ်ဲလ္ဆီးနည္းျပသက္တမ္းအတြင္း
ပထမဆုံးရႈံးပြဲျဖစ္ၿပီး ေရာဘတ္တို ဒီဇာဘီကပဲ သက္ေသာင့္သက္သာ
လႊမ္းမိုးကစားႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ ပစ္မွတ္ထားေနတဲ့
မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ဒီေန႔ ဝက္စ္ဟမ္းကို အိုးထရတ္ဖို႔ဒ္မွာ
မျဖစ္မေန အႏိုင္ကစားဖို႔ လိုပါတယ္။ တကယ္လို႔ အဲရစ္ တင္ဟာ့ခ္ရဲ႕
အသင္းသာ အႏိုင္ရခဲ့မယ္ဆိုရင္ ( ၁ ) ပြဲေလ်ာ့အေနအထားနဲ႔
အဆင့္ ( ၄ ) ေနရာက နယူးကာဆယ္ရဲ႕ ေနာက္မွာ ( ၁ ) မွတ္ေလ်ာ့
အေနအထားနဲ႔ ရပ္တည္ခြင့္ရပါလိမ့္မယ္။ ေနာက္ၿပီး ယူႏိုက္တက္ရဲ႕
လာမယ့္ ပြဲစဥ္ေတြကလည္း ခ်ဲလ္ဆီးထက္ ပိုမို အားသာခ်က္ရွိေနပါတယ္။
ကမာၻ႔ဖလားမတိုင္ခင္ ဝက္စ္ဟမ္း ၊ အက္စ္တြန္ဗီလာ ၊ ဖူလ္ဟမ္တို႔နဲ႔
ကစားရမွာ ျဖစ္ပါတယ္။ စပါးက လာမယ့္ အပတ္မွာ လီဗာပူးလ္ ၊
ခ်ဲလ္ဆီးကလည္း အဆင့္ ( ၁ ) ေနရာက အာဆင္နယ္နဲ႔ ကစားရဖို႔
ရွိပါတယ္။ အဲဒီေနာက္မွာ ေပၚတာရဲ႕ အသင္းက အက္ဒီေဟာင္းရဲ႕
အသင္းကို အေဝးကြင္းသြားေရာက္ ကစားရပါမယ္။
ယူႏိုက္တက္အတြက္ ကမာၻ႔ဖလားမတိုင္ခင္ အဆင့္ ( ၄ ) ေနရာ
သိမ္းပိုက္ထားဖို႔ မျဖစ္မေန အေရးႀကီးပါတယ္။ ဒါမွသာ ကြၽန္ေတာ္တို႔
အသင္းပရိသတ္ေတြအေနနဲ႔ ယူႏိုက္တက္ရဲ႕ ပြဲစဥ္ေတြကို
ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျပန္လည္ေစာင့္ဆိုင္းခြင့္ရမွာျဖစ္ပါတယ္။