မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ဝက်စ်ဟမ်းအသင်းနဲ့
ပရီးမီးယားလိဂ်ပွဲစဉ် ကစားရဖို့ ရှိပါတယ်။ ( ၂ ) သင်းစလုံး
ကြာသပတေးနေ့တုန်းက ကိုယ်စီဥရောပပွဲကစားထားခဲ့ရပြီး
ယူနိုက်တက်တော့ အိမ်ကွင်းအားသာချက်ရှိပါတယ်။
ရှရိဖ်နဲ့ ပွဲစဉ်မှာ ဟယ်ရီ မက်ဂွဲယား နှင့် ဒွန်နီ ဗန်ဒီဘိတို့ လူစားဝင်
ကစားခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားအင်အားကလည်း
အနည်းငယ် တောင့်တင်းလာပါပြီ။ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီတုန်းကတော့
ဝက်စ်ဟမ်းကို အိမ်ကွင်းရော အဝေးကွင်းမှာပါ အနိုင်ရခဲ့ပါတယ်။
အိုးထရတ်ဖို့ဒ်မှာတုန်းက မားကတ်ရက်ဖို့ဒ်ရဲ့ နာကျင်အချိန်ပို
သွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲထွက်လူစာရင်းမှာ သေချာတာ
( ၂ ) ခုရှိပါတယ်။ အဲ့တာကတော့ ဂိုးသမားနေရာ ဒေးဗစ် ဒီဂီယာ နှင့်
ညာအစွန်နောက်ခံလူနေရာ ဒီယေဂို ဒါလို ဖြစ်ပါတယ်။ ဘယ်အစွန်
နောက်ခံနေရာမှာတော့ လုခ်ရှောပါလာမယ်လို့ ထင်ပါတယ်။
သူက နောက်ဆုံး( ၂ ) ပွဲမှာလည်း ဂိုးဖန်တီးမှုတွေ လုပ်ထားပါတယ်။
ဟယ်ရီ မက်ဂွဲယားကိုလည်း ရွေးချယ်လို့ ရနေပြီဆိုပေမယ့်
ဗဟိုခံစစ်နေရာမှာ လီဆန်ဒရို မာတီးနက်နဲ့အတူ ပိုပြီး ကြံ့ခိုင်မှုပြည့်ဝတဲ့
ဗစ်လာ လင်ဒီလော့ပဲ ဆက်လက် ပါဝင်လာမယ်လို့ ထင်ပါတယ်။
ကွင်းလယ်မှာတော့ ကက်စမဲရိုး နှင့် ဘရူနို ဖာနန်ဒက်စ်တို့က သေချာပါတယ်။
ဖရက် ၊ ခရစ်ရှန် အဲရစ်ဆင် နှင့် စကော့ မက်တွမ်မီနေးတို့ထဲက
တစ်ဦးကို ရွေးဖို့ပဲ ရှိပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ဖရက်ကို ရွေးချယ်ပါတယ်။
အဲရစ်ဆင်ကို လာမယ့်ကြားရက် ရီးရဲဆိုစီဒက်စ်နဲ့ ပွဲစဉ်အတွက်
ချန်လှပ်ထားနိုင်ပါတယ်။ တိုက်စစ်မှာတော့ ခရစ္စတီယာနို ရော်နယ်ဒို နှင့်
မားကတ် ရက်ဖို့ဒ်တို့အတွဲကို မြင်တွေ့နိုင်ပါတယ်။ ညာတောင်ပံမှာတော့
အန်တိုနီပဲ ပါဝင်လာပါလိမ့်မယ်။ ဂျေဒန် ဆန်ချို နှင့် လူငယ်ကြယ်ပွင့်
အယ်လေဟန်ဒရို ဂါနာချိုတို့ကတော့ အရံံခုံမှာပဲ ထိုင်ရဖို့ ရှိပါတယ်။
zawgyi
ဝက်စ်ဟမ်းနဲ့ EPL ပွဲစဉ်အတွက် အဖြစ်နိုင်ဆုံး သရဲနီပွဲထွက်လူစာရင်း
အယ်လေဟန်ဒရို ဂါနာချိုတို့ကတော့ အရံခုံမှာပဲ ထိုင်ရဖို့ ရှိပါတယ်။