M Diary Channel

Local and Sport News

၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Boxing Day ပွဲစဉ်ကစားရမှာမဟုတ်တဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီမှာ Boxing Day ပွဲစဉ်ကစားရဖို့မရှိဘဲ

ဒါက ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Boxing Day ပွဲစဉ်ဆိုတာက ခရစ္စမတ်အပြီးနောက်တစ်နေ့မှာကစားရတာဖြစ်ပြီး

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အစဉ်အလာလိုဖြစ်နေတာပါ။

အဲဒီနေ့မှာ ပရီးမီးယားလိဂ်အသင်း(၂၀)စလုံးဟာ တစ်နေ့တည်းပွဲအကုန်ကစား

ရလေ့ရှိပေမယ့် အခု ယူနိုက်တက်အသင်းဟာ Boxing Day နေ့မှာ ပွဲကစားရဖို့မရှိဘဲ

ဒီဇင်ဘာ(၂၇)ရက်ကျမှ နယူးကာဆယ်အသင်းနဲ့အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာ

ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း ယူနိုက်တက်အသင်းဟာ Boxing Day

ပွဲစဉ်မကစားခဲ့ရဘဲ ဒီဇင်ဘာ(၂၇)ရက်မှာ ဟားလ်စီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရပြီး

ရွန်နီ၊ ဘာဘာတော့ဗ်၊ မိုက်ကယ်ဒေါ်ဆင်တို့ရဲ့ OG ဂိုးတွေနဲ့အတူ ဟားလ်စီးတီးအသင်းကို

(၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ရလဒ်ဆိုးတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရတဲ့

ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလမတိုင်ခင် အခုအောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း

ပွဲကျပ်တွေနဲ့ဆက်တိုက်ကစားရမှာဖြစ်ပြီး မနက်ဖြန်ကျရင် အတ္တလန်တာနဲ့ချန်ပီယံလိဂ်

အိမ်ကွင်းပွဲကစားရမှာပါ။ အဲဒါပြီးရင်တော့ လီဗာပူးလ်(အိမ်)၊ စပါး(အဝေး)၊

အတ္တလန်တာ(အဝေး)၊ မန်စီးတီး(အိမ်)၊ ဝက်ဖို့ဒ်(အဝေး)၊ ဗီလာရီးယဲလ်(အဝေး)၊

ချယ်လ်ဆီး(အဝေး)နဲ့ ဒီဇင်ဘာအစပိုင်းမှာ အာဆင်နယ်နဲ့အိမ်ကွင်းပွဲတွေကစားရမှာဖြစ်ပါတယ်။

zawgyi

၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ Boxing Day ပြဲစဥ္ကစားရမွာမဟုတ္တဲ့ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ Boxing Day ပြဲစဥ္ကစားရဖို႔မရွိဘဲ

ဒါက ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Boxing Day ပြဲစဥ္ဆိုတာက ခရစၥမတ္အၿပီးေနာက္တစ္ေန႔မွာကစားရတာျဖစ္ၿပီး

အဂၤလန္အမွတ္ေပးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ အစဥ္အလာလိုျဖစ္ေနတာပါ။

အဲဒီေန႔မွာ ပရီးမီးယားလိဂ္အသင္း(၂၀)စလုံးဟာ တစ္ေန႔တည္းပြဲအကုန္ကစား

ရေလ့ရွိေပမယ့္ အခု ယူႏိုက္တက္အသင္းဟာ Boxing Day ေန႔မွာ ပြဲကစားရဖို႔မရွိဘဲ

ဒီဇင္ဘာ(၂၇)ရက္က်မွ နယူးကာဆယ္အသင္းနဲ႔အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာ

ျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္တုန္းကလည္း ယူႏိုက္တက္အသင္းဟာ Boxing Day

ပြဲစဥ္မကစားခဲ့ရဘဲ ဒီဇင္ဘာ(၂၇)ရက္မွာ ဟားလ္စီးတီးအသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး

႐ြန္နီ၊ ဘာဘာေတာ့ဗ္၊ မိုက္ကယ္ေဒၚဆင္တို႔ရဲ႕ OG ဂိုးေတြနဲ႔အတူ ဟားလ္စီးတီးအသင္းကို

(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ အခုေနာက္ပိုင္းမွာ ရလဒ္ဆိုးေတြနဲ႔ဆက္တိုက္ရင္ဆိုင္ေနရတဲ့

ယူႏိုက္တက္အသင္းဟာ ဒီဇင္ဘာလမတိုင္ခင္ အခုေအာက္တိုဘာနဲ႔ ႏိုဝင္ဘာလအတြင္း

ပြဲက်ပ္ေတြနဲ႔ဆက္တိုက္ကစားရမွာျဖစ္ၿပီး မနက္ျဖန္က်ရင္ အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္

အိမ္ကြင္းပြဲကစားရမွာပါ။ အဲဒါၿပီးရင္ေတာ့ လီဗာပူးလ္(အိမ္)၊ စပါး(အေဝး)၊

အတၱလန္တာ(အေဝး)၊ မန္စီးတီး(အိမ္)၊ ဝက္ဖို႔ဒ္(အေဝး)၊ ဗီလာရီးယဲလ္(အေဝး)၊

ခ်ယ္လ္ဆီး(အေဝး)နဲ႔ ဒီဇင္ဘာအစပိုင္းမွာ အာဆင္နယ္နဲ႔အိမ္ကြင္းပြဲေတြကစားရမွာျဖစ္ပါတယ္။mdiarymm

mdiarymm