
သတင်းတွေအရတော့ မန်ယူလူငယ်ကြယ်ပွင့်ပယ်လစ်စထရီဟာ
ကမ္ဘာတစ်ဝန်းက အငှားကမ်းလှမ်းမှုတွေကို ရရှိထားကြောင်း
သိရပါတယ်။ ဒါပေမဲ့လည်း ဥရုဂွေးသားက သူ့စွမ်းဆောင်ရည်ကို
နည်းပြတန်ဟက်ကိုပြဖို့ မန်ယူမှာသာ ဆက်ရှိချင်နေတာပါ။
ဒီတောင်ပံကစားသမားဟာ ၂၀၂၀ အောက်တိုဘာကတည်းက
မန်ယူကို ရောက်နေတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့အင်္ဂါည ချာလ်တန်နဲ့
ကာရာဘောင်းပွဲကျမှ ယူနိုက်တက်အသင်းကြီးအတွက်
ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။ ဒါတောင် ပွဲပြီးခါနီး လူစားဝင်ရတာဖြစ်ပေမယ့်
ပယ်လစ်စထရီဟာ ရက်ရှ်ဖို့ဒ်သွင်းတဲ့ မန်ယူရဲ့ဒုတိယဂိုးကို
ဖန်တီးပေးနိုင်ခဲ့တာပါ။ သူဟာ မန်ယူကစားသမားဘ၀
၂ နှစ်ကျော်အတွင်း စပိန်ကလပ်အလာဗက်စ်ဆီ ၂ ကြိမ်တိုင်
အငှားထွက်ခဲ့ရပါသေးတယ်။ မန်ယူအသင်းကြီးမှာ ကစားရတာ
၁၀ မိနစ်သာ ရှိသေးပေမယ့် ပယ်လစ်စထရီဟာ ဥရုဂွေး
အသင်းကြီးအတွက်တော့ ၁၀ ပွဲတောင် ရှိနေပါပြီ။
လောလောဆယ် သူ့ကို လာလီဂါကလပ်ဗလင်စီယာနဲ့
ဘရာဇီးကလပ်ဖလာမင်ဂိုတို့က အငှားကမ်းလှမ်းမှု
လုပ်ထားကြတယ်လို့ ဂျာနယ်လစ်တစ်ယောက်က ဆိုပါတယ်။
ပယ်လစ်စထရီက ဆက်ရှိချင်ပေမယ့် သူ့ရဲ့ကိုယ်စားလှယ်တွေကတော့
ကစားသမားရဲ့အနာဂါတ်နဲ့ပတ်သက်ပြီး ယူနိုက်တက်
ဒါရိုက်တာတွေနဲ့ မကြာခင်တွေ့ဆုံဆွေးနွေးတော့မှာပါ။
မန်ယူနည်းပြတန်ဟက်ကတော့ ချာလ်တန်နဲ့ပွဲအပြီးမှာ
ပယ်လစ်စထရီရဲ့ခြေစွမ်းကို ချီးကျူးလိုက်ပြီး အသင်းမှာ
အနာဂါတ်ရှိသူလို့ အခိုင်အမာဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ပုံမှန်ကစားခွင့်ရချင်နေတဲ့ ပယ်လစ်စထရီအနေနဲ့
ဒီဇန်နဝါရီမှာ အပြောင်းအရွှေ့ဆုံးဖြတ်ချက် ချရတော့မှာပါ။
zawgyi
၃ ႏွစ္ၾကာမွ ပြဲကစားခြင့္ရရွိခဲ့သူ ပယ္လစ္စထရီအတြက္ ကမာၻတစ္ဝန္းက အငွားကမ္းလွမ္းမႈေတြရရွိထားၿပီ။
သတင္းေတြအရေတာ့ မန္ယူလူငယ္ၾကယ္ပြင့္ပယ္လစ္စထရီဟာ
ကမာၻတစ္ဝန္းက အငွားကမ္းလွမ္းမႈေတြကို ရရွိထားေၾကာင္း
သိရပါတယ္။ ဒါေပမဲ့လည္း ဥ႐ုေဂြးသားက သူ႔စြမ္းေဆာင္ရည္ကို
နည္းျပတန္ဟက္ကိုျပဖို႔ မန္ယူမွာသာ ဆက္ရွိခ်င္ေနတာပါ။
ဒီေတာင္ပံကစားသမားဟာ ၂၀၂၀ ေအာက္တိုဘာကတည္းက
မန္ယူကို ေရာက္ေနတာ ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့အဂၤါည ခ်ာလ္တန္နဲ႔
ကာရာေဘာင္းပြဲက်မွ ယူႏိုက္တက္အသင္းႀကီးအတြက္
ပြဲဦးထြက္ခြင့္ရခဲ့ပါတယ္။ ဒါေတာင္ ပြဲၿပီးခါနီး လူစားဝင္ရတာျဖစ္ေပမယ့္
ပယ္လစ္စထရီဟာ ရက္ရွ္ဖို႔ဒ္သြင္းတဲ့ မန္ယူရဲ႕ဒုတိယဂိုးကို
ဖန္တီးေပးႏိုင္ခဲ့တာပါ။ သူဟာ မန္ယူကစားသမားဘ၀
၂ ႏွစ္ေက်ာ္အတြင္း စပိန္ကလပ္အလာဗက္စ္ဆီ ၂ ႀကိမ္တိုင္
အငွားထြက္ခဲ့ရပါေသးတယ္။ မန္ယူအသင္းႀကီးမွာ ကစားရတာ
၁၀ မိနစ္သာ ရွိေသးေပမယ့္ ပယ္လစ္စထရီဟာ ဥ႐ုေဂြး
အသင္းႀကီးအတြက္ေတာ့ ၁၀ ပြဲေတာင္ ရွိေနပါၿပီ။
ေလာေလာဆယ္ သူ႔ကို လာလီဂါကလပ္ဗလင္စီယာနဲ႔
ဘရာဇီးကလပ္ဖလာမင္ဂိုတို႔က အငွားကမ္းလွမ္းမႈ
လုပ္ထားၾကတယ္လို႔ ဂ်ာနယ္လစ္တစ္ေယာက္က ဆိုပါတယ္။
ပယ္လစ္စထရီက ဆက္ရွိခ်င္ေပမယ့္ သူ႔ရဲ႕ကိုယ္စားလွယ္ေတြကေတာ့
ကစားသမားရဲ႕အနာဂါတ္နဲ႔ပတ္သက္ၿပီး ယူႏိုက္တက္
ဒါ႐ိုက္တာေတြနဲ႔ မၾကာခင္ေတြ႕ဆုံေဆြးေႏြးေတာ့မွာပါ။
မန္ယူနည္းျပတန္ဟက္ကေတာ့ ခ်ာလ္တန္နဲ႔ပြဲအၿပီးမွာ
ပယ္လစ္စထရီရဲ႕ေျခစြမ္းကို ခ်ီးက်ဴးလိုက္ၿပီး အသင္းမွာ
အနာဂါတ္ရွိသူလို႔ အခိုင္အမာဆိုခဲ့ပါတယ္။
ဒါေပမဲ့လည္း ပုံမွန္ကစားခြင့္ရခ်င္ေနတဲ့ ပယ္လစ္စထရီအေနနဲ႔
ဒီဇန္နဝါရီမွာ အေျပာင္းအေ႐ႊ႕ဆုံးျဖတ္ခ်က္ ခ်ရေတာ့မွာပါ။