M Diary Channel

Local and Sport News

“၃ မှတ်ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ခြေစွမ်းက အခုထက်ပိုတိုးတက်ဖို့လိုအပ်နေသေးတယ်”ရန်နစ်ခ်

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်က သူတို့အသင်းရဲ့ခြေစွမ်းက

အခုထက်ပိုတိုးတက်လာအောင်ကြိုးစားဖို့လိုအပ်နေသေးတယ်လို့ နောဝစ်ချ်ကို

(၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုရဲ့ပယ်နယ်တီဂိုးနဲ့ နောဝစ်ချ်အသင်းကို

အနိုင်ရခဲ့တယ်ဆိုပေမယ့် ပြိုင်ဘက်အသင်းရဲ့ Final Third Zone မှာ

ထိုးဖောက်မှု အားနည်းခဲ့ပြီး ခံစစ်ပိုင်းစွမ်းဆောင်ရည်က သာမန်သာရှိတာကြောင့်

အိမ်ရှင်အသင်းတိုက်စစ်ဆင်လာရင် အသည်းအသန်ဖျက်ထုတ်ခဲ့ရသလို

ဂိုးသမားဒီဂီယာလက်စွမ်းပြနိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါ။

အဲဒီပွဲအပြီး BBC သတင်းဌာနနဲ့အင်တာဗျူးမှာ ရန်နစ်ခ်က “ပွဲတိုင်းမှာ

သင်ယူစရာတွေက အများကြီးရှိနေပြီး အခုပွဲမှာ (၃)မှတ်နဲ့ Clean Sheet

ရခဲ့တာက ကျေနပ်စရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အသင်း အခုထက်

ပိုတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ အခုခြေစွမ်းထက် ပိုကောင်းအောင်

ကြိုးစားဖို့လိုနေတယ်ဆိုတာ အသေအချာပါပဲ။ လာမယ့်အင်္ဂါနေ့ကျရင်လည်း

(ဘရန့်ဖို့ဒ်နဲ့)အဝေးကွင်းပွဲကစားရဖို့ရှိနေပြီး ခက်ခဲဦးမှာသေချာပါတယ်။

ဝက်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲက ဘရန့်ဖို့ဒ်အသင်းရဲ့ခြေစွမ်းကို ကျွန်တော်ကြည့်ရှုခဲ့ရပြီး

ဒီပွဲက ကျွန်တော်တို့အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ”လို့

ပြောကြားခဲ့ပါတယ်။

zawgyi

“၃ မွတ္ရယူႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕ေျခစြမ္းက အခုထက္ပိုတိုးတက္ဖို႔လိုအပ္ေနေသးတယ္”ရန္နစ္ခ္

မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္က သူတို႔အသင္းရဲ႕ေျခစြမ္းက

အခုထက္ပိုတိုးတက္လာေအာင္ႀကိဳးစားဖို႔လိုအပ္ေနေသးတယ္လို႔ ေနာဝစ္ခ်္ကို

(၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ သုံးသပ္ေျပာဆိုလိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုရဲ႕ပယ္နယ္တီဂိုးနဲ႔ ေနာဝစ္ခ်္အသင္းကို

အႏိုင္ရခဲ့တယ္ဆိုေပမယ့္ ၿပိဳင္ဘက္အသင္းရဲ႕ Final Third Zone မွာ

ထိုးေဖာက္မႈ အားနည္းခဲ့ၿပီး ခံစစ္ပိုင္းစြမ္းေဆာင္ရည္က သာမန္သာရွိတာေၾကာင့္

အိမ္ရွင္အသင္းတိုက္စစ္ဆင္လာရင္ အသည္းအသန္ဖ်က္ထုတ္ခဲ့ရသလို

ဂိုးသမားဒီဂီယာလက္စြမ္းျပႏိုင္ခဲ့လို႔သာ ဂိုးမေပးခဲ့ရတာပါ။

အဲဒီပြဲအၿပီး BBC သတင္းဌာနနဲ႔အင္တာဗ်ဴးမွာ ရန္နစ္ခ္က “ပြဲတိုင္းမွာ

သင္ယူစရာေတြက အမ်ားႀကီးရွိေနၿပီး အခုပြဲမွာ (၃)မွတ္နဲ႔ Clean Sheet

ရခဲ့တာက ေက်နပ္စရာပါပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အသင္း အခုထက္

ပိုတိုးတက္ဖို႔ လိုအပ္ေနပါေသးတယ္။ အခုေျခစြမ္းထက္ ပိုေကာင္းေအာင္

ႀကိဳးစားဖို႔လိုေနတယ္ဆိုတာ အေသအခ်ာပါပဲ။ လာမယ့္အဂၤါေန႔က်ရင္လည္း

(ဘရန႔္ဖို႔ဒ္နဲ႔)အေဝးကြင္းပြဲကစားရဖို႔ရွိေနၿပီး ခက္ခဲဦးမွာေသခ်ာပါတယ္။

ဝက္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲက ဘရန႔္ဖို႔ဒ္အသင္းရဲ႕ေျခစြမ္းကို ကြၽန္ေတာ္ၾကည့္ရႈခဲ့ရၿပီး

ဒီပြဲက ကြၽန္ေတာ္တို႔အတြက္ ေနာက္ထပ္စိန္ေခၚမႈတစ္ခုျဖစ္လာမွာပါ”လို႔

ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm