အပြောင်းအရွှေ့အသုံးစရိတ်အတွက် ပေါင်သန်း ၁၀၀ သာရရှိတဲ့ ယူနိုက်တက် နည်းပြသစ်

June 27, 2022 Wyne 0

အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်ကို ပြန်လည် တည်ဆောက်ရေး အပြောင်းအရွှေ့ အသုံးစရိတ်က ထင်မှတ် ထားတာထက် နည်းပါးနေပြီး သူ့အသုံးရိတ်အများစုက ဘာစီလိုနာမှ ဖရန်ကီဒီဂျောင်ကို ခေါ်ယူမှုအတွက် ကုန်ကျလာတော့မှာဖြစ်ပါတယ်။ အဲရစ်တန်ဟက်ဟာ နွေရာသီတွင် ကစားသမား ခေါ်ယူအားဖြည့်ရေးအတွက် ပေါင်သန်း ၁၀၀ သာ ရရှိထားကာ ဖရန်ကီဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ပေါင် […]

ဂေါင်းကြီးကို ဟန်းနီးမွန်းထွက်ဖို့အထူးအခွင့်အရေးပေးလိုက်တဲ့ တန်ဟက်

June 27, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ မကြာသေးမီကမှ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားကို ဟန်းနီးမွန်းထွက်ဖို့ အထူးအခွင့်အရေးပေးလိုက်ပါတယ်။ အင်္ဂလန်ဗဟိုနောက်ခံလူဟာ မကြာသေးမီတုန်းက ပြင်သစ်တွင် ပေါင် ၂၅၀၀၀၀ အကုန်အကျခံကာ ငယ်ချစ်ဖန်းဟောကင်းနှင့်လက်ထပ်ခဲ့ပါတယ်။ ၎င်းတို့ကြင်စဦးစ ဇနီးမောင်နှံနှစ်ဦးတို့ဟာ ယနေ့တနင်္လာနေ့တွင် အီတလီနိုင်ငံ အေမယ်ဖီကမ်းခြေသို့ သွားရောက်အပန်းဖြေကာ ဟန်းနီးမွန်းထွက်ပါမယ်။ ယူနိုက်တက်ဟာ ယနေ့တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းမှု စတင် သွားမှာလည်းဖြစ်ပါတယ်။ […]

ပထမနေ့မှာတင် ကစားသမားတွေထက် လေ့ကျင့်ရေးကွင်းကို ၂ နာရီစောပြီး ရောက်လာတဲ့ တင်ဟာ့ခ်

June 27, 2022 Wyne 0

အဲရစ် တင်ဟာ့ခ်ဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ် ပထမနေ့အတွက် ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ တင်ဟာ့ခ်က ကာရင်တန်ကို ‌ဒေသစံတော်ချိန် မနက် ( ၈ ) နာရီမှာ ရောက်ရှိခဲ့ပြီး ကစားသမားတွေကို လာရောက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ထက် ( ၂ ) နာရီပိုစောနေခဲ့တာဖြစ်ပါတယ်။ မီရှယ် […]

” ယူနိုက်တက်ဟာ ကစားသမားတွေအတွက် သင်္ချိုင်းတစ်ခုလိုဖြစ်နေတယ် “

June 27, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်က အသင်းဟာ ကစားသမားတွေအတွက် သင်္ချိုင်းတစ်ခုလို ဖြစ်နေတာကြောင့် ဘယ်သူကမှ မပြောင်းချင်ကြဘူးလို့ဝေဖန် လိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း(၅၈)မှတ်သာရရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရမှတ်ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ပါတယ်။ အဲဒါကြောင့် လာမယ့်ရာသီမှာ လမ်းကြောင်း မှန်ပေါ်ပြန်လည်ရောက်ရှိအောင် နည်းပြသစ်အဖြစ်အဲရစ်တန်ဟက်ကို ခန့်အပ်ခဲ့ပေမယ့် အခုအချိန်အထိ လိုအပ်တဲ့နေရာတွေအတွက် ကစားသမားသစ်မခေါ်နိုင်သေးဘဲ ဂလေဇာမိသားစုကလည်း […]

အိုးလ်ထရက်ဖို့ဒ်ကို ရောက်ကာနီးအခြေအနေမှာ ချစ်သူလက်ကိုတွဲပြီး တောင်တက်နေတဲ့ ဖရန်ကီဒီဂျောင်

June 27, 2022 Wyne 0

ဖရန်ကီဒီဂျောင်ရဲ့ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့က ယခုရက်ပိုင်းအတွင်းမှာ အပြီးသတ်လာဖို့ရှိပါတယ်။ ယူနိုက်တက်နှင့် ဘာစီလိုနာတို့အကြားမှာ ဒတ်ချ်ကွင်းလယ် ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရလုနီးပါးဖြစ်နေပါပြီ။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ အေဂျက်စ်တွင်၁၈လကြာ အလုပ်တွဲလုပ်ဖူးတဲ့ ဒီဂျောင်ကိုတည်ကာ ယူနိုက်တက်ကို တည်ဆောက်ရန် စီစဉ်ထားတာလည်းဖြစ်ပါတယ်။ ဘာစီလိုနာက ဒီဂျောင်အတွက် ပေါင် ၈၆သန်းအထိ တောင်းဆိုခဲ့ပြီး […]

” ရွိုင်ကိန်းလို စိတ်ဓာတ်ပြင်းထန်တဲ့အသင်းခေါင်းဆောင်မျိုး ယူနိုက်တက်မှာ လိုအပ်နေတယ် “

June 27, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နာမည်ကျော်နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက အသင်းမှာ ဂန္ထဝင်ကစားသမားရွိုင်ကိန်းလို အသင်းခေါင်းဆောင်မျိုးရှိဖို့ လိုအပ်နေပြီလို့ သုံးသပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့လက်ရှိအသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်ခံခဲ့ရသလို လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်အဖြစ်ဆက်ရှိနေဖို့ မသေမချာဖြစ်နေပါတယ်။ ဝက်စ်ဘရောင်းက “ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့အနေအထားကို ပြန်ကြည့်ရင် သူတို့မှာ အသင်းကို ဦးဆောင်မောင်းနှင်ပေးနိုင်တဲ့သူမရှိဘူးဆိုတာ မြင်တွေ့ရမှာပါ။ မက်ဂွိုင်းယား၊ ပေ့ါဘာ၊ စီရော်နယ်လ်ဒိုတို့ဟာ […]

ဘရာဇီးဟိန်းဝေယံကို ဖူလ်ဟမ် ကမ်းလှမ်း

June 27, 2022 Wyne 0

ဖူလ်ဟမ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အလယ်တန်း တိုက်စစ်သမား အင်ဒရေးယက်စ်ပီရဲရာကို ခေါ်ယူရန် ယူရို ၁၀ သန်း/ ပေါင် ၈.၆သန်းဖြင့် ကမ်းလှမ်းမှုပြုလုပ်လာကြောင်းသိရပါတယ်။ အသက်၂၆နှစ်ရှိပီရဲရာဟာ၂၀၁၄ခုနှစ်ကတည်းကယူနိုက်တက်တွင် ကစားလာခဲ့သူဖြစ်ပြီး အငှားဖြင့်သာ အဓိကထွက်ကစားလာရသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖလာမင်ဂိုသို့အငှားချခြင်းခံခဲ့ရပြီး ကိုပါလီဘာတာဒို့စ်ဗိုလ်လုပွဲသို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ပီရဲရာရဲ့ လက်ရှိ ယူနိုက်တက်နှင့်စာချုပ်မှာ၂၀၂၃ခုနှစ်တွင် ကုန်ဆုံးမယ် […]

ရွန်းနီရဲ့တပည့်ကတော့ တန်ဟက့်မက်ဆေ့ခ်ျကို မသိချင်ယောင်ဆောင်ပြီး ပဲလေ့စ်ကို ရွေ့သွားပြီ။

June 26, 2022 Wyne 0

ပဲလေ့စ်ကစားသမားသစ် မယ်လ်ကွန်အီဘီယိုဝီဟာ အဲဒီလန်ဒန်ကလပ်နဲ့ စာမချုပ်ခင် မန်ယူနည်းပြတန်ဟက်ကို ငြင်းပယ်မှုလုပ်ခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ ၁၈ နှစ်အရွယ် တိုက်စစ်ကစားသမားကို ဗီအဲရာရဲ့အသင်းက ယူနိုက်တက်၊ စပါးနဲ့ မိုနာကိုတု့ိလိုကလပ်တွေကို ကျော်ဖြတ်ခေါ်ယူနိုင်ခဲ့တာပါ။ The Sun သတင်းစာရဲ့အဆိုအရ အီဘီယိုဝီဟာ မန်ယူနည်းပြသစ်တန်ဟက်ဆီက မက်ဆေ့ချ်ပို့တာကို မသိချင်ယောင်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် […]

လင်ဂတ်ကို အလွတ်နဲ့ပြန်လည်ခေါ်ယူနိုင်ဖို့နီးစပ်နေပြီဖြစ်တဲ့ ဝက်စ်ဟမ်း

June 26, 2022 Wyne 0

ဝက်စ်ဟမ်းအသင်းဟာ သူတို့ကစားသမားဟောင်းဖြစ်သူ လင်ဂတ်ကို မကြာခင်အချိန်အတွင်း အလွတ်နဲ့ပြန်လည် ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ လင်ဂတ်ဟာ အခုဇွန်လကုန်မှာ (၂၂)နှစ်ကြာကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တချို့က ချိတ်ဆက်နေပေမယ့် ဝက်စ်ဟမ်းအသင်းဆီရောက်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီဝက်တုန်းက ဝက်စ်ဟမ်းအသင်းမှာ အငှားနဲ့ကစားခဲ့ဖူးပြီး […]

ဂန္ထဝင်နည်းပြကြီးဖာဂူဆန်လက်ထက်ကလို ပုံစံမျိုးနဲ့ အုပ်ချုပ်သွားမယ့် အဲရစ်တန်ဟက်

June 26, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္လာနေ့မှာ ရာသီကြိုပွဲတွေအတွက် လေ့ကျင့်ခန်းအစီအစဉ်စတင်တော့မှာ ဖြစ်တာကြောင့် နည်းပြသစ်အဲရစ်တန်ဟက်ရဲ့ စည်းကမ်းတွေနဲ့ ကစားသမားတွေ စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲရစ်တန်ဟက်အနေနဲ့ သူ့ရဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ကစားသမားတွေ ဘောလုံးပေးပို့မှုတိကျသေချာမှုရှိအောင် အရင်ဆုံးလေ့ကျင့်ခိုင်းမှာဖြစ်သလို သူလိုချင်တဲ့အတိုင်း လျင်လျင်မြန်မြန် Passing ပေးနိုင်ဖို့ အိုးလ်ထရက်ဖို့ဒ် ကွင်းဝန်ထမ်းတွေကို မြက်ခင်းပြင်အရှည် (၁၅)စင်တီမီတာ ကွက်တိဖြစ်အောင်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သတင်းထွက်နေပါတယ်။ […]