ခရစ္စတီယာနိုရော်နယ်ဒိုကမန်ချက်စတာယူနိုက်တက်တွင်မဖြစ်မနေ အပြောင်းအလဲများပြုလုပ်ရန်လိုအပ်နေတဲ့အရာများရှိနေကြောင်း၊ သို့ရာတွင်အဲရစ်တန်ဟက်လက်အောက်တွင်ဆုဖလားများရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောကြားလာပါတယ်။ အသက်၃၇နှစ်ရှိယူနိုက်တက် စူပါစတားကဆုဖလားလက်မဲ့ရာသီနှင့်ကြုံခဲ့ပေမဲ့ယူနိုက်တက်တွင် ပျော်ရွှင်နေဆဲဖြစ်ကြောင်းပြောကြားကာယူနိုက်တက်အနာဂတ်ကိုလည်း အတည်ပြုသွားပါတယ်။ ယူနိုက်တက်ဝက်ဘ်ဆိုက်နှင့်အင်တာဗျူးတွင် ခရစ္စတီယာနိုရော်နယ်ဒိုက “ဒီမှာပျော်ခဲ့သလို ပျော်နေတုန်းပါ”လို့ ပြောကြားကာအနာဂတ်ကိုအတည်ပြုသွားပါတယ်။ ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုကနည်းပြသစ်အဲရစ်တန်ဟက်မှာ ယူနိုက်တက်သို့အောင်မြင်မှုများဆောင်ကျဉ်းပေးလာနိုင်တဲ့နည်းပြ ဖြစ်တယ်လို့လည်းယုံကြည်နေပါတယ်။ ၎င်းက “သူ့(အဲရစ်တန်ဟက်) အကြောင်းသိပါတယ်။အေဂျက်စ်မှာစိတ်လှုပ်ရှားစရာကောင်းအောင် လုပ်ပြခဲ့တယ်။သူကအတွေ့အကြုံရှိတဲ့နည်းပြပါ။ဒါပေမဲ့သူ့ကိုအချိန်တော့ပေးရမယ်။ သူ့ပြောင်းလဲလိုတဲ့အတိုင်းပြောင်းလဲပေးရမယ်။အောင်မြင်မှုရဖို့တော့ မျှော်လင့်နေတယ်။ကျွန်တော်တို့ဆုတောင်းသလိုအောင်မြင်မှုရလာရင်တော့ အကောင်းဆုံးပေါ့”လို့ပြောကြားသွားပါတယ်။ ဆက်လက်ပြီး၎င်းက “ကျွန်တော်တို့အရမ်းပျော်တယ်။စိတ်လှုပ်ရှားရတယ်။ […]