
စီရော်နယ်လ်ဒိုနဲ့ တွဲကစားခွင့်ရခဲ့ပေမယ့် သူ့ဆီကနေ ဘာမှမသင်ယူနိုင်လို့ နောင်တရနေတဲ့ မာချီဒါ
တူရကီက မထင်မရှားကလပ် Ankaragücü မှာကစားနေတဲ့ တိုက်စစ်မှူးမာချီဒါက မန်ချက်စတာယူနိုက်တက်မှာ စီရော်နယ်လ်ဒိုလို ကစားသမားမျိုးနဲ့တွဲဖက် ကစားခွင့်ရခဲ့ပေမယ့် ဘာမှမသင်ယူနိုင်ခဲ့တဲ့အတွက် နောင်တရမိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ မာချီဒါဟာ ၂၀၀၇ ခုနှစ်မှာ လာဇီယိုအကယ်ဒမီကနေ ယူနိုက်တက်အကယ်ဒမီကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၈-၀၉ ရာသီက အက်စတွန်ဗီလာနဲ့ပွဲမှာ စီနီယာအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့သလို အဖိုးတန်အနိုင်ဂိုးကိုလည်း […]