သရဲနီ ပွဲတိုင်းကျော်ကြီး ဗီလာနဲ့ပွဲစဉ်ကို ကျိန်းသေလွဲချော်မည်။

October 31, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် အပတ်မှာ အက်စတွန်ဗီလာအသင်းနဲ့ ကစားရဖို့ ရှိပါတယ်။ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ မနေ့ညတုန်းက ဝက်စ်ဟမ်းကို ( ၁-၀ ) အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂျာရတ် ဘိုးဝင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ် ပြခံခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝါကတ် […]

” ရော်နယ်ဒို စောစောစီးစီးနောက်ဆင်းမလာပါနဲ့ ” လို့ တင်ဟာ့ခ်က သတိအကြီးကြီးပေးလိုက်ပြန်ပြီ။

October 31, 2022 Wyne 0

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့တုန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝက်စ်ဟမ်းကို ( ၁-၀ ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဆက်လက်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးမီက ပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံး နေခဲ့ပေမယ့် လက်ရှိမှာ အန်သိုနီ မာရှယ် ၊ အန်တိုနီ တို့က ဒဏ်ရာ […]

အကယ်ဒမီထွက်ကစားသမားတွေကို ၈၅ နှစ်အထိ ပုံမှန်ထည့်သွင်းပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ မန်ချက်

October 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ကစားတဲ့ပွဲတွေမှာ အကယ်ဒမီထွက်ကစားသမားတွေကို ပုံမှန်ထည့်သွင်းတာက အခုဆိုရင် (၈၅)နှစ်အထိကြာမြင့်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၁၉၃၇၊ အောက်တိုဘာ(၃၀)ရက်တုန်းက ဖူလ်ဟမ်နဲ့ကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ အကယ်ဒမီထွက်လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ တွမ်မန်လေ၊ ဂျက်ဝက်ဆောလ်တို့ကို စတင်အသုံးပြုခဲ့တဲ့အချိန်ကစလို့ လက်ရှိအချိန်အထိ အသင်းရဲ့လူစာရင်းမှာ အကယ်ဒမီထွက်ကစားသမား အနည်းဆုံး(၃)ဦးကို ပုံမှန်ထည့်သွင်းလေ့ရှိပြီး ပွဲပေါင်း(၄,၀၀၀)ကျော် ဆက်တိုက်အသုံးပြုခဲ့ပါတယ်။ မနေ့က ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်း […]

“King of the Gym” သရဖူကို ရော်နယ်ဒိုဆီက လွှဲပြောင်းရယူလိုက်တဲ့ ကက်စ်မီရို

October 31, 2022 Wyne 0

ကက်စ်မီရိုဟာမန်ချက်စတာယူနိုက်တက်ရဲ့”King of the Gym”နေရာကို ခရစ္စတီယာနိုရော်နယ်ဒိုထံမှလွဲပြောင်းရယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါကစားသမားနှစ်ဦးတို့ဟာယခုရာသီတွင်ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲအများစုကိုအရန်ခုံတွင်သာထိုင်နေခဲ့ရသူများဖြစ်ပါတယ်။ ဒါပေမဲ့၎င်းတို့နှစ်ဦးလုံးဟာမနေ့ညတုန်းကဝက်စ်ဟမ်းကို၁-ဝဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာတော့ပွဲထွက်ကစားခွင့်ရရှိလာခဲ့ကြပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့သတင်းအရကက်စ်မီရိုဟာ 300 kg ကို Leg-Press အား အသာလေးလုပ်နိုင်ကြောင်းသိရပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုမှာ ယခင်တုန်းက 250kg ကိုမည်သည့်ပုံစံဖြင့်မဆို အကြိမ်၃၀ပြုလုပ်နိုင်စွမ်း ရှိသူလည်းဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာပရော်ဖက်ရှင်နယ်ပီသကြသူများ အဖြစ်နာမည်ကြီးသလို ကြံ့ခိုင်မှုပိုင်းအတွက်အစွမ်းကုန်ပြုလုပ်ကြသူများလည်းဖြစ်ပါတယ်။ zawgyi […]

ယူနိုက်တက်ပစ်မှတ်ထားနေတဲ့ ကိုင်စီဒိုအတွက် ဘရိုက်တန် မြင့်မားတဲ့ပြောင်းရွှေ့ကြေးသတ်မှတ်

October 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီမှာ ခြေစွမ်းပြကစားနေတဲ့ အီကွေဒေါလူငယ်ကွင်းလယ်လူ ကိုင်စီဒိုကို လာမယ့်ဇန်နဝါရီကျရင် အပြိုင်ကြိုးပမ်းသွားဖို့ရှိပေမယ့် ဘရိုက်တန် အသင်းကေတာ့ သူတို့ကစားသမားကို ဈေးပေါပေါနဲ့ ရောင်းချသွားမှာ မဟုတ်ပါဘူး။ အသက်(၂၀)သာရှိသေးတဲ့ ကိုင်စီဒိုဟာ ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် အဓိကကွင်းလယ်လူအဖြစ် ပါဝင် ကစားခွင့်ရနေသလို (၁၂)ပွဲကစားပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ […]

သူ့ရဲ့ ဒဏ်ရာအနေအထားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိခဲ့တဲ့ ဗာရန်း

October 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းဟာ ဒဏ်ရာပြဿနာကနေ အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားနေတယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဗာရန်းဟာ ချယ်လ်ဆီးနဲ့ (၁-၁)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ရက်အတော်ကြာအနားယူရမှာဖြစ်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ရှိပါတယ်။ အဲရစ်တန်ဟက်က “ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်အထိ ဗာရန်း […]

အဲရစ်တန်ဟက်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘုတ်အဖွဲ့ အားရမှုရှိပြီး ဇန်နဝါရီကျရင် ကစားသမားခေါ်ဖို့ ငွေထုတ်ပေးမယ်

October 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ကစားသမားသစ်ခေါ်ယူဖို့အတွက် နည်းပြအဲရစ်တန်ဟက်ကို အသုံးစရိတ် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ လစာငွေအများဆုံး ကစားသမား စီရော်နယ်လ်ဒိုဟာ ဇန်နဝါရီလအတွင်း အသင်းပြောင်းဖို့ ရှိနေတာကြောင့် လစာငွေအသုံးစရိတ်ကို လျှော့ချနိုင်မှာဖြစ်တဲ့အတွက် အဲရစ်တန်ဟက် လိုချင်တဲ့ အပြောင်းအရွှေ့အသုံးစရိတ်ကို ဘုတ်အဖွဲ့ ပေးသွားဖို့ရှိတယ်လို့ Sunday World သတင်းစာက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းကို […]

” ဂါနာချိုကို စီနီယာအသင်းကြီးမှာ အသုံးမပြုသင့်သေးဘူး ” _ နေးလ်ဝုဒ်

October 31, 2022 Wyne 0

ကလပ်ရဲ့ပထမအသင်းမှာ ဂါနာချိုကို ခေါ်သုံးတဲ့ နည်းပြအဲရစ်တန်ဟက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မန်ယူလူငယ်နည်းပြဟောင်းနေးလ်ဝုဒ်က မေးခွန်းထုတ်လိုက်ပါတယ်။ မန်ယူလူငယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ တန်ဟက်ရဲ့ယုံကြည်မှုကိုရရှိခဲ့တဲ့ အဲဒီအာဂျင်လူငယ်လက်ရွေးစင်ဟာ အခုရာသီအစောပိုင်းမှာ ပရီးမီးယားလိဂ်ရော ယူရိုပါလိဂ်မှာပါ လူစားဝင်ကစားခွင့်တွေရရှိခဲ့တာပါ။ ဒါပေမဲ့ ဂါနာချိုဟာ မန်ယူက သူ့ရဲ့ပထမဆုံးပွဲထွက်ပါနိုင်မှုကိုတော့ ပြီးခဲ့တဲ့အပတ်ကြားရက် ရှရစ်ဖ်နဲ့ယူရိုပါလိဂ်ပွဲမှာမှ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာလည်း ဂါနာချိုဟာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ […]

မနေ့ညပွဲစဉ်က Man of the Match ဆုရှင်ကြီးကို ချီးကျူးစကားပြောဆိုခဲ့တဲ့ တန်ဟက်

October 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဝက်စ်ဟမ်းနှင့်ပွဲတွင် လက်စွမ်းပြကစားသွားခဲ့တဲ့ဂိုးသမားဒီဂီယာကို ကြီးကျယ်တဲ့ဂိုးသမား တစ်ဦးအဖြစ်ချီးကျူးသွားခဲ့ပြီး စပိန်လက်ရွေးစင်ဂိုးသမားမှာ ခြေထောက်ကောင်းစွာအသုံးမပြုတတ်ဘူးလို့ပြောဆိုမှုကို ငြင်းဆိုသွားပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကစပိန်မီဒီယာများရဲ့ဖော်ပြချက်အရ ဒီဂီယာဟာစပိန်အသင်းရဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဏာမ လူစာရင်း၅၅ဦးစာရင်းတွင်ချန်လှပ်ခံခဲ့ရကြောင်းသိရပါတယ်။ ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလေးကြိမ် ရရှိထားတဲ့ဒီဂီယာဟာဘောလုံးပေးပို့မှုကောင်းစွာပြုလုပ်နိုင်ခြင်း မရှိမှုနှင့်အတူ စပိန်နည်းပြလူးဝစ်အန်းနရစ်ရဲ့ချန်လှပ်ခြင်းခံလာရတာ ဖြစ်ကြောင်းသိရပါတယ်။ ဒါပေမဲ့ဒီဂီယာဟာမနေ့ညတုန်းကဝက်စ်ဟမ်းကို ၁-ဝဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင် မစ်ချဲလ်အန်တိုနီယို၊ ကတ်ဇူးမား၊ ဒက်လန်းရိုက်စ်တို့ရဲ့ဂိုးရနိုင်တဲ့အခွင့်အရေးကိုကာကွယ်သွားခဲ့ပါတယ်။ အဲရစ်တန်ဟက်က “လူတိုင်းမှာကိုယ့်အမြင်နဲ့ကိုယ်ရှိတယ်။ ကျွန်တော့်အတွက်ဂိုးသမားတစ်ဦးအတွက်ပထမဆုံးအရေးအကြီးဆုံးက ဂိုးကိုကာကွယ်နိုင်ဖို့ပါ။ဂိုးမပေးရအောင်လုပ်ဖို့ပါ။ဒါပေမဲ့သူဟာ ဘောလုံးလည်းကောင်းကောင်းပေးနိုင်သူပါ။သူလုပ်နိုင်တယ်လို့ […]

ဝက်စ်ဟမ်းနဲ့ပွဲမှာ မကစားနိုင်ဘဲ ပရိသတ်အဖြစ်သာ အားပေးခဲ့ရတဲ့ အန်တိုနီ

October 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်တိုနီဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းအတွက် ပါဝင်မကစားနိုင်ခဲ့ဘဲ ပွဲကြည့်ပရိသတ်အဖြစ်သာ အားပေးခဲ့ရပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကို စတင်ရောက်ရှိခဲ့ချိန်ကစလို့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက် ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ အဲရစ်တန်ဟက်က သူ့ကို လူစာရင်းမှာတောင် မထည့်ခဲ့ပါဘူး။ ရှရစ်ဖ်နဲ့ပွဲတုန်းက မလိုအပ်ဘဲ Skill ပြခဲ့တဲ့အတွက် ဝေဖန်သံတွေထွက်ပေါ်ခဲ့တာကြောင့် အန်တိုနီကို လူစာရင်းကနေ […]