ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဖို့ ကိစ္စအတွက် ဒါလော့တ် စိုးရိမ်မှုမရှိ

October 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါလော့တ်က အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စအပေါ် ဘာမှ စိုးရိမ်မှုမရှိဘူးလို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြ ကစားနေတဲ့ ဒါလော့တ်ဟာ ပြိုင်ပွဲစုံ(၁၆)ပွဲစလုံး ပါဝင်ကစားခွင့်ရခဲ့ပြီး ရှရစ်ဖ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ၂၀၂၀ နောက်ပိုင်း (၂)နှစ်ကျော်အကြာမှာ အသင်းအတွက် ပထမဆုံးဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ […]

တိုက်စစ်မှာ စီရော်နယ်လ်ဒိုနဲ့အတူ ကစားရတဲ့အပေါ် ရပ်ရှ်ဖို့ဒ် အားရကျေနပ်

October 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က အသင်းတိုက်စစ်မှာ စီရော်နယ်လ်ဒိုနဲ့ အတူတွဲကစားရတာက ကျေနပ်စရာကောင်းတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ရှရစ်ဖ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ နည်းပြအဲရစ်တန်ဟက်က နည်းစနစ်ပိုင်းအပြောင်းအလဲလုပ်ခဲ့ပြီး စီရော်နယ်လ်ဒိုကို အထောင် တိုက်စစ်မှူး၊ ရပ်ရှ်ဖို့ဒ်ကို နောက်ချန်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့သလို နှစ်ယောက်စလုံး ခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ခဲ့ကြပါတယ်။ ရပ်ရှ်ဖို့ဒ်က “စီရော်နယ်လ်ဒိုရဲ့ နောက်မှာကစားရပေမယ့် […]

ယူနိုက်တက်ရဲ့ အပယ်ခံကွင်းလယ်လူကို ခေါ်ယူဖို့ ဗလင်စီယာ ပြင်ဆင်နေ

October 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ နယ်သာလန်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ဗလင်စီယာအသင်းကို အငှားနဲ့ပြောင်းဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ပေါင်သန်း(၄၀)နဲ့ ယူနိုက်တက်ကို ရောက်ရှိခဲ့သူ ဗန်ဒီဘိခ်ဟာ သူ့ဆရာရင်း အဲရစ်တန်ဟက်လက်ထက်မှာလည်း ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီပြိုင်ပွဲစုံမှာ (၄)ပွဲသာကစားခဲ့ရပါတယ်။ စပိန်အားကစား ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ TodoFichajes က ဗလင်စီယာအသင်းဟာ […]

စီရော်နယ်လ်ဒို၊ မက်ဆီတို့နဲ့ အတူကစားခွင့်ရတာက အရမ်းကံကောင်းတယ်လို့ လီဆန်ဒရိုမာတီနက်ဇ် ဝန်ခံ

October 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ စီရော်နယ်လ်ဒို၊ မက်ဆီတို့နဲ့အတူ ကစားခွင့်ရတာက သူ့အတွက် ကြီးမားတဲ့ကံကောင်းမှုဖြစ်တယ်လို့ ဝန်ခံ့ပြောဆိုခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကစားသမား လီဆန်ဒရိုမာတီနက်ဇ်ဟာ ကလပ်အသင်းမှာ စီရော်နယ်လ်ဒိုနဲ့ တစ်သင်းတည်းကစားနေရသလို လက်ရွေးစင်အသင်းမှာတော့ မက်ဆီနဲ့လက်တွဲကစားခွင့်ရနေတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒို၊ မက်ဆီတို့နဲ့ တစ်သင်းတည်းအတူ ကစားခွင့်ရခဲ့တဲ့ ကစားသမားအရေအတွက်က သိပ်များများစားစားမရှိဘဲ အဲဒီထဲမှာ […]

6သဆုံးသူ ၁၅၀ ကျော်သွားပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက ဟောလိုးဝင်းအဖြစ်ဆိုး

October 30, 2022 Wyne 0

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်က ဟောလိုးဝင်းပွဲမှာ လူပိမိလို့ 6သဆုံးသူအရေအတွက်ဟာ အခုဆို ၁၅၁ ယောက်အထိ ရှိသွားခဲ့ပြီလို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။ ဆိုးလ်ရဲ့အီထယ်ဝန်း nightlife ဧရိယာမှာ 6သဆုံးသူအရေအတွက်ဟာ ၁၅၁ ယောက်အထိ ရှိသွားပြီလို့ တောင်ကိုရီးယားမီသတ်ဌာနက ပြောကြားခဲ့တာပါ။ 6သဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၉ ယောက်လည်း ပါတယ်လို့ […]

ယူနိုက်တက်ပစ်မှတ် ဂတ်ပိုအတွက် PSV ဈေးသတ်မှတ်ပြီး ဇန်နဝါရီမှာ ရောင်းချမယ်

October 30, 2022 Wyne 0

PSV အသင်းဟာ သူတို့ရဲ့ အဓိက,ကစားသမား ဂတ်ပိုကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ရောင်းချသွားဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂတ်ပိုဟာ ဒီရာသီမှာ PSV အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၂၁)ပွဲကစား၊ (၁၃)ဂိုးသွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ဂတ်ပိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ […]

အသင်းသစ်မှာ ပထမဆုံးသွင်းဂိုး သွင်းယူခဲ့တဲ့ သရဲနီအချစ်တော် မာတာ

October 29, 2022 Wyne 0

ဟွမ် မာတာဟာ ပြီးခဲ့တဲ့နွေရာသီ မန်ချက်စတာ ယူနိုက်တက်ကနေ ဂါလာတာစာရေးအသင်းထံ ပြောင်းရွေ့သွားခဲ့ပြီးနောက် လက်ရှိမှာတော့ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ မာတာဟာလည်း နည်းပြ အဲရစ် တင်ဟာ့ခ်ရဲ့ ပထမနွေရာသီ အပြောင်းအရွေ့ကာလအတွင်း အလွတ်ထွက်ခွာခွင့်ပြုလိုက်တဲ့ ကစားသမားတွေထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့အသင်းသစ်ရှာဖို့ အနည်းငယ် အချိန်ယူခဲ့ရပြီး အပြောင်းအရွေ့ပိတ်သိမ်းခါနီးမှာ တူရကီ ကလပ်အသင်းကြီးဖြစ်တဲ့ ဂါလာတာ […]

မာတီနက်ဇ်ရဲ့အရည်အချင်းပိုင်းမှာ လိုအပ်ချက်ရှိနေသေးတာကို ထောက်ပြလိုက်တဲ့ သရဲနီဂန္ထဝင်ဟောင်း

October 29, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဟောင်း ပေါလ်စခိုးလ်က ယူရိုပါလိဂ်မှာ ရှရစ်ဖ်အသင်းကို အနိုင်ရခဲ့ပြီးတဲ့နောက် လီဆန်ဒရို မာတီးနက်ဇ်အနေနဲ့ တစ်ဦးချင်းအလိုက်ခံစစ်ကာကွယ်မှုအပိုင်းကို တိုးတက်အောင် လုပ်ဖို့ လိုသေးကြောင်း ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ အေဂျက်အသင်းကနေ ပေါင် ၅၆.၇ သန်းနဲ့ ရောက်ရှိလာပြီးနောက် ဒီရာသီမှာ မန်ယူအသင်းရဲ့ ထူးချွန်တဲ့ကစားသမားတွေထဲက တစ်ဦး ဖြစ်နေပါတယ်။ မာတီးနက်ဇ်ဟာ သူ့ရဲ့ […]

ယူရိုပါလိဂ်မှာ ဖြုန်းတီးမှုအများဆုံးနဲ့ အရွားဆုံးကစားသမားအဖြစ် ကြောက်မက်ဖွယ် ရပ်တည်နေတဲ့ ရော်နယ်ဒို

October 29, 2022 Wyne 0

ခရစ္စတီယာနိုရော်နယ်ဒိုဟာအရေးပါတဲ့အချက်တစ်ခုအရယူရိုပါလိဂ်တွင် အဆိုးရွားဆုံးကစားသမားအဖြစ်ရပ်တည်နေကြောင်းတွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်စူပါစတားဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားရန်ရုန်းကန်နေရပေမဲ့လည်း ယူရိုပါလိဂ်တွင်မူပုံမှန် ပွဲထွက်ကစားခွင့်ရထားပါတယ်။ သူဟာယူရိုပါလိဂ်ပြိုင်ပွဲတွင် ယူနိုက်တက်အတွက်၂ဂိုးသွင်းယူထားနိုင်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာယူရိုပါလိဂ်ပြိုင်ပွဲတွင်သူ့ရဲ့ဂိုးသွင်း အဆုံးသတ်ပိုင်းညံ့ဖျင်းမှုနှင့်အတူယူရိုပါလိဂ်ရဲ့အဆိုးဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ WhoScored ရဲ့ဖော်ပြလာမှုအရခရစ္စတီယာနို ရော်နယ်ဒိုဟာယူရိုပါလိဂ်ပြိုင်ပွဲတွင်ရှင်းလင်းတဲ့အပိုင်ဂိုးသွင်းနိုင်မယ့် အခွင့်အရေး၅ကြိမ်ဖြုန်းတီးထားမှုနှင့်အတူ အပိုင်အခွင့်အရေးအဖြုန်းတီးဆုံး ကစားသမားအဖြစ်ရပ်တည်နေကြောင်းသိရပါတယ်။ ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ယင်းအပိုင် အခွင့်အရေးကိုသာအသုံးချနိုင်လျှင်ယူရိုပါလိဂ်တွင်၇ဂိုးအထိ သွင်းထားပြီးဖြစ်လာမှာလည်းဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကြားရက်တုန်းကရှရစ်ကို၃-ဝဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့တယ် ဆိုပေမဲ့အပိုင်အခွင့်အရေးသုံးကြိမ်ဖြုန်းတီးပစ်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကလည်းခရစ္စတီယာနိုရော်နယ်ဒိုသာ ရရှိလာတဲ့အခွင့်အရေးကိုအသုံးချနိုင်မည်ဆိုပါက […]

ဂွါကြီးကိုယ်တိုင် ယူနိုက်တက် ပြန်လာပြီလို့ ဝန်ခံလိုက်ပြီ။

October 29, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ( ၁၄ )ပွဲမှာ ( ၁၀ ) ပွဲနိုင် ( ၂ ) ပွဲသရေ ၊ ( ၂ ) ပွဲရှုံးရလာဒ် ပိုင်ဆိုင်ထားပြီး ရဂိုး ( ၂၄ ) ဂိုး […]