
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း အဲရစ်တန်ဟက် ကစားသမားသစ်ထပ်မံအားဖြည့်မယ်
ပြီးခဲ့တဲ့နွေရာသီအတွင်း ကစားသမားသစ်တွေကို ငွေကြေးအကုန်အကျခံ ခေါ်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင်လည်း ကစားသမားသစ် ခေါ်ယူအားဖြည့်ဖို့ ဆန္ဒရှိနေတယ်လို့ အရိပ်အမြွက်ဝန်ခံပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နွေရာသီတုန်းက မာလာစီယာ၊ လီဆန်ဒရို မာတီနက်ဇ်၊ ကတ်စ်မဲရိုး၊ အန်တိုနီတို့အတွက် ပေါင်(၂၂၅.၄)သန်းအထိ သုံးစွဲခဲ့ပြီး အဲရစ်ဆင်ကို အလွတ်၊ ဂိုးသမားဒူဘရက်ဗ်ကာကို နယူးကာဆယ်အသင်းဆီကနေ တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က […]