နာပိုလီနောက်ခံလူ ကင်မင်ဂျေးကို စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းမယ့် ယူနိုက်တက်

November 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ခံစစ်ပိုင်း အားဖြည့်ဖို့အတွက် နာပိုလီအသင်းရဲ့ တောင်ကိုရီးယားလက်ရွေးစင် နောက်ခံလူ ကင်မင်ဂျေးကို စာချုပ်လျော်ကြေးပေးပြီးခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒီရာသီ ယူနိုက်တက်အသင်းခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာရန်းတို့အတွဲအဖက်က ခြေစွမ်းပြကစားနေပေမယ့် ပရီးမီးယားလိဂ်မှာ ပေးဂိုး(၂၀)အထိရှိပြီး သူတို့ထက် ပေးဂိုး ပိုများတာဆိုလို့ စပါး(၂၁ဂိုး)တစ်သင်းသာရှိပါတော့တယ်။ အဲဒါကြောင့် နည်းပြအဲရစ်တန်ဟက်ဟာ ကင်မင်ဂျေးကို ခေါ်ယူပြီး […]

အယ်လ်နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင် ကမ္ဘာ့လစာငွေအများဆုံးအားကစားသမားဖြစ်လာမယ့် စီရော်နယ်လ်ဒို

November 30, 2022 Wyne 0

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ (၁)နှစ်လစာ ပေါင်(၁၇၃)သန်းပမာဏနဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး တကယ်လို့ အဲဒီသတင်းသာ အမှန်တကယ်ဖြစ်မယ်ဆိုရင် စီရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ လစာငွေအများဆုံး အားကစားသမားအဖြစ် ရပ်တည်နိုင်မှာပါ။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အခုလ အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကိစ္စကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကို […]

အန်ဇိုဖာနန်ဒက်ဇ်အတွက် ရူးခါလောက်တဲ့ ပြောင်းရွှေ့ကြေးရမှ ဘင်ဖီကာ လက်လွှတ်သွားမယ်

November 30, 2022 Wyne 0

ဘင်ဖီကာအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ အပြိုင်စိတ်ဝင်စားနေတဲ့ သူတို့အသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်အတွက် ရူးခါလောက်တဲ့ ပြောင်းရွှေ့ကြေးရမှ အပြောင်းအရွှေ့ကိစ္စကို လက်ခံ စဉ်းစားသွားမှာဖြစ်ပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ အခုလောလောဆယ် လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲနေပြီး မက္ကဆီကို,ကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အာဂျင်တီးနားကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့ပါတယ်။ ဘင်ဖီကာအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို […]

ခြေစွမ်းပိုင်း တိုးတက်လာအောင် ကြိုးစားဖို့ ဆန်ချိုကို အဲရစ်တန်ဟက် သတိပေး

November 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတဲ့ လူငယ်တိုက်စစ်ကစားသမားဆန်ချိုကို အခုထက် ပိုကောင်းအောင် ကြိုးစားဖို့ သတိပေးစကားဆိုခဲ့ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်က ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပေါင်(၇၃)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အခုအချိန်အထိ ပရိသတ်တွေ မျှော်လင့်သလို စွမ်းဆောင်ရည်မျိုး မပြသနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ(၃၈)ပွဲကစား၊ (၅)ဂိုးသာ သွင်းနိုင်ခဲ့သလို ဒီရာသီအစပိုင်းမှာတော့ […]

ဂတ်ပိုရဲ့ အပြောင်းအရွှေ့အတွက် သူ့ရဲ့အေးဂျင့်နဲ့ ယူနိုက်တက် စတင်ဆွေးနွေးနေပြီ . . .

November 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ PSV အသင်းရဲ့ နယ်သာလန် လူငယ်ကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့ အေးဂျင့်နဲ့ စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ဂတ်ပိုဟာ ဥရောပရဲ့ ထိပ်တန်းလူငယ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပြီး အခုနှစ်အတွင်း ကလပ်နဲ့ နိုင်ငံ နှစ်သင်းစလုံးအတွက် ခြေစွမ်းပြကစားနေပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂတ်ပိုက အုပ်စုတွင်း […]

အုပ်စုအဆင့်ကနေ စောစောစီးစီးလှည့်ပြန်ခဲ့ရလို့ အဲရစ်ဆင်ရဲ့မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီ။

November 30, 2022 Wyne 0

ဒိန်းမတ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ သြစတြေးလျအသင်းကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ စောစောစီးစီး ထွက်လိုက်ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့ပြီး မထင်မှတ်တာတွေလုပ်ပြခဲ့တဲ့ ဒိန်းမတ်အသင်းဟာ အခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ကလွဲရင် တခြားပြိုင်ဘက်အသင်းတွေက သူတို့ထက် တစ်ဆင့်လောက်နိမ့်တဲ့အတွက် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်လောက်တယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့လည်း […]

လစာအများဆုံးအားကစားသမားအဖြစ် ကမ္ဘာ့စံချိုးမယ့် လစာနဲ့ ဆောဒီကလပ်ကို ပြောင်းရွှေ့နိုင်တဲ့ ရော်နယ်ဒို

November 30, 2022 Wyne 0

စီရော်နယ်ဒိုဟာ ဆော်ဒီကလပ်အယ်နာဆာဆီက ကမ္ဘာ့စံချိန်တင်ဖြစ်တဲ့ တရားဝင်ကမ်းလှမ်းမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း နာမည်ကြီးအပြောင်းအရွှေ့ ကျွမ်းကျင်သူဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက ဖွင့်ဟလိုက်ပါတယ်။ သူတို့က တစ်နှစ်လစာ ပေါင် ၁၇၃ သန်းနဲ့ ၃၇ နှစ်အရွယ်ကစားသမားကို ၂ နှစ်ခွဲစာချုပ်ကမ်းလှမ်းမှုလုပ်ခဲ့တာပါ။ ဘောလုံးမှာတော့ စီရော်နယ်ဒိုအတွက် ဆော်ဒီကလပ်အယ်နာဆာဆီရဲ့ကမ်းလှမ်းမှုဟာ ကမ္ဘာ့စံချိန်တင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေတုန်းကလည်း စီရော်နယ်ဒိုဟာ ဆော်ဒီဘက်က ချဉ်းကပ်မှုကို […]

အကောင်းဆုံးကစားသမားဆုတွေရယူပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားကြတဲ့ သရဲနီကစားသမားများ

November 30, 2022 Wyne 0

အင်္ဂလန်အသင်းဟာ ဝေးလ်ကို ( ၃-၀ ) နဲ့ အနိုင်ယူပြီး အုပ်စု ပထမနေရာဖြင့် နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းဟာ ( ၁၆ )သင်းအဆင့်မှာ ဆီနီဂေါလ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ မနေ့ညတုန်းက အင်္ဂလန်ရဲ့ ပွဲထွက်လူစာရင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား […]

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ အဲရစ်တန်ဟက် မျက်စိကျနေ

November 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်အတွက် ခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ စတင်ပြင်နေပြီဖြစ်ပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့ အီကွေဒေါလက်ရွေးစင်ကစားသမား ကိုင်စီဒိုဟာ ပြီးခဲ့တဲ့နှစ်က Independiente del Valle ကနေ ဘရိုက်တန်အသင်းကို စတင် ရောက်ရှိခဲ့ချိန်ကတည်းက အသင်းရဲ့ အဓိက,ကွင်းလယ်လူအဖြစ် ပါဝင်ကစားခွင့်ရရှိနေပြီး သူ့ရဲ့ ခြေစွမ်းကြောင့် ၂၀၂၂ ကမ္ဘာ့ဖလား […]

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြဂိုးသွင်းခဲ့တဲ့ ဂါနာကြယ်ပွင့်ကို အိုးလ်ထရက်ဖို့ဒ်မှာ မြင်တွေ့ရမလား . . .

November 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါနာအသင်းအတွက် ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်ကစားသမား မိုဟာမတ်ခူဒက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ခူဒက်စ်ဟာ တောင်ကိုရီးယားကို (၃-၂)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဂါနာအသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပြီး နိုက်ဂျီးရီးယားကစားသမား အာမတ်မူဆာ(အသက် ၂၁ နှစ်၊ ၂၅၄ ရက်- ၂၀၁၄၊ အာဂျင်တီးနား)နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံး အာဖရိက,ကစားသမား(၂၁ […]