မျှော်သာမျှော် ပေါ်မလာခဲ့တဲ့ ရော်နယ်ဒိုအတွက် အရေးကြီးတဲ့ ဖုန်းတစ်ကော

December 31, 2022 Wyne 0

စီရော်နယ်ဒိုနဲ့သဘောတူညီမှုရဖို့ ဆော်ဒီကလပ်အယ်နာဆာက အသင်းဥက္ကဌနဲ့ ဒါရိုက်တာတွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ရောက်လာခဲ့ကြပြီး အဲဒီနောက် သူ့အပြောင်းအရွှေ့ကို ကြေညာလိုက်တာပါ။ ဒီအပြောင်းအရွှေ့မှာ နှစ်ဖက်ကြား ဆွေးနွေးမှုလုပ်ခဲ့တာက ရက်ပေါင်း ၄၀ ကြာခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စီရော်နယ်ဒိုဟာ အရာအားလုံးကို ငြင်းဆန်နေခဲ့ပေမယ့် သူ့အနာဂါတ်ဟာ ဆော်ဒီမှာ ဆိုတာကို သိနေခဲ့တာပါ။ […]

” ရော်နယ်ဒိုက သမိုင်းသစ်ရေးထိုးဖို့ ဆော်ဒီကိုရောက်နေပြီ ” _ ကာတီယာအဗိုင်ရို

December 31, 2022 Wyne 0

ဆော်ဒီကို ပြောင်းသွားတဲ့ မောင်ဖြစ်သူဟာ သမိုင်းသစ်ရေးနိုင်ဦးမှာလို့ စီရော်နယ်ဒိုရဲ့အစ်မက ထောက်ခံပြောကြားလိုက်ပါတယ်။ Ballon d’Or ၅ ထပ်ကွမ်းကစားသမားဟာ မန်ယူနဲ့စာချုပ်ဖျက်သိမ်းပြီး တစ်လကျော်အကြာမှာတော့ ဆော်ဒီကလပ်အယ်နာဆာဆီ အလွတ်ပြောင်းသွားခဲ့တာပါ။ စီရော်နယ်ဒိုရဲ့တန်ဖိုးကြီးအပြောင်းအရွှေ့ကို official ကြေညာမှုလုပ်ခဲ့ပြီးနောက် သူ့ကို အမြဲအားပေးတဲ့အစ်မဖြစ်သူက အလျင်အမြန်ပဲ ချီးကျူးမှုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့အစ်မ ကာတီယာအဗိုင်ရိုဟာ သူမမောင် […]

” အသင်းကောင်းတစ်သင်းမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ကစားသမားဘဝအဆုံးသတ်ချင်ပါတယ် ” _ ရော်နယ်ဒို

December 31, 2022 Wyne 0

ဆော်ဒီကလပ်အယ်နာဆာဆီ တန်ဖိုးကြီးပြောင်းရွှေ့မှုလုပ်ခဲ့ပြီးနောက် အရင်တုန်းက လုပ်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့အင်တာဗျူးတစ်ခုဟာ သူ့ကို ပြန်လည်ခြောက်လှန့်နေပါတယ်။ ၃၇ နှစ်အရွယ် ကစားသမားဟာ ဆော်ဒီကလပ်နဲ့ တစ်နှစ် ယူရိုသန်း ၂၀၀ တန်းကြေးရှိ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ သူဟာ အမေရိကန်မေဂျာလိဂ်က စပို့တင်းကန်းဆက် အသင်းရဲ့စိတ်ဝင်စားမှုကိုလည်း ရခဲ့ပါသေးတယ်။ ဒါပေမဲ့ အရှေ့အလယ်အပိုင်းကလပ်ကိုသာ […]

ဆန်းဒါးလန်းအသင်းမှာ မယုံနိုင်လောက်အောင် ခြေစွမ်းပြကစားနေတဲ့ သရဲနီလူငယ်လေး

December 31, 2022 Wyne 0

လိဂ်ချန်ပီယံရှစ်ကလပ် ဆန်းဒါးအသင်းမှာ အငှားနဲ့သွားကစားနေတဲ့ မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား ဒီယာလိုဟာ မယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေ သွင်းယူနေပါတယ်။ အသက်(၂၀)သာရှိသေးတဲ့ အိုင်ဗရီကို့စ် လူငယ်ကြယ်ပွင့် ဒီယာလိုဟာ နည်းပြဟောင်းဆိုးလ်ရှားရဲ့ ခေါ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့ပေမယ့် ပွဲထွက်ခွင့်မရဘဲ အမေ့လျော့ခံအဖြစ်နဲ့သာ ရုန်းကန်ခဲ့ရပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ရာသီက စကော့တလန်ကလပ် […]

” တန်ဟတ်က လိမ်ညာပြီး မက်ဂွိုင်းယားကို အရန်ခုံမှာတမင်ထားခဲ့တာပါ… ” _ ပါကား

December 31, 2022 Wyne 0

အင်္ဂလန်နောက်ခံလူမက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အစောဆုံးပြန်ကစားခဲ့တဲ့ ဘန်လေနဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွက် ယူနိုက်တက်အသင်းလူစာရင်းမှာမပါဝင်နိုင်ခဲ့ပါဘူး။ နည်းပြတန်ဟတ်ကတော့ မက်ဂွိုင်းယားဖျားနေတယ်လို့ အကြောင်းပြချက်ပေးခဲ့သလို နော်တင်ဟမ်ကို ၃ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာလည်း အရန်ခုံထိုင်ခိုင်းခဲ့ပါတယ်။ မိုးအေးတဲ့ညမျိုးမှာ တကယ်ဖျားနေတယ်ဆိုရင် တန်ဟတ်က မက်ဂွိုင်းယားကို အရန်ခုံထိုင်ခိုင်းစရာအကြောင်းမရှိသလို နည်းဗျူဟာအရသာ ချန်လှပ်ခံရတာဖြစ်နိုင်တယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း ပေါလ်ပါကားက သုံးသပ်လိုက်ပါတယ်။ တန်ဟတ်ဟာ နော်တင်ဟမ်နဲ့ပွဲမှာ […]

ထိပ်တန်းအဆင့်ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်တယ်လို့ အဲရစ်တန်ဟက် ဝန်ခံ

December 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် တိုက်စစ်မှူးအပါအဝင် ထိပ်တန်းအဆင့်ကစားသမားတွေ ခေါ်ယူနိုင်ဖို့က အရေးကြီးတဲ့ ကိစ္စဖြစ်နေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နယ်သာလန်ကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပြိုင်ဘက် လီဗာပူးလ်အသင်းက လက်ဦးမှုယူပြီးတော့ ပေါင်(၄၄)သန်းနဲ့ ကြားဖြတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲရစ်တန်ဟက်ဟာ နွေရာသီတုန်းက အန်တိုနီ၊ ကတ်စ်မဲရိုး၊ လီဆန်ဒရိုမာတီနက်ဇ်၊ မာလာစီယာ […]

ဥရောပရပ်ဝန်းမှာ မတွေ့ဆုံနိုင်တော့မယ့် အရှေ့အလယ်ပိုင်းမှာစစ်ခင်းကြမယ့် GOAT နှစ်ဦး

December 31, 2022 Wyne 0

ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဆော်ဒီကလပ်အယ်လ်နက်ဆာအသင်းက ရော်နယ်ဒိုကိုခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပေါ်တူဂီစူပါစတားကို အမြင့်ဆုံးအဆင့်မှာဆက်လက်မြင်တွေ့ လိုချင်သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပေမဲ့ အရှေ့အလယ်ပိုင်း ဘောလုံးတိုးတက်မှုအတွက်တော့ အများကြီးအထောက်အပံ့ဖြစ်စေမှာပါ။ ဥရောပရပ်ဝန်းမှာ GOAT နှစ်ယောက်တွေ့ဆုံဖို့ဆိုတာမဖြစ်နိုင်တော့ပေမဲ့ ပရိသတ်တွေအနေနဲ့ မက်ဆီ VS ရော်နယ်ဒိုတွေ့ဆုံမှုကို ခံစားရဖို့အခွင့်အရေးရှိနေပါတယ်။ ဒါက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအခွင့်အရေးတစ်ရပ်ပါပဲ။ ပီအက်စ်ဂျီအသင်းဟာ ဇန်နဝါရီလလယ်မှာ ခြေစမ်းပွဲကစားဖို့အတွက် […]

ရူးလောက်ဖွယ်ပမာဏနဲ့ မက်ဆီထက် လစာ ၃ ဆ ပိုရရှိသွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

December 31, 2022 Wyne 0

ဆော်ဒီကလပ်အယ်နာဆာနဲ့ တန်ဖိုးကြီးစာချုပ်ကြောင့် စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် လစာအများဆုံးရ အားကစားသမားဖြစ်လာပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ ပြီးခဲ့တဲ့လက မန်ယူနဲ့ စာချုပ် ဖျက်သိမ်းပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ အခုတော့ သူဟာ ဆော်ဒီကလပ်နဲ့ တစ်နှစ်ကို ပေါင် ၁၇၃ သန်းတန်တဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဆော်ဒီကလပ်ကရမယ့် စီရော်နယ်ဒိုရဲ့တစ်နှစ်လစာဟာ အားကစားသမိုင်းမှာ […]

ဘရာဇီးလ်ဂန္ထဝင်ပီလီအတွက် ဝမ်းနည်းခြင်းအဖြစ် EPL ပွဲတွေမှာ ပွဲမစခင် (၁)မိနစ်ကြာ လက်ခုပ်တီးမှာဖြစ်သလို လက်ပတ်အမည်းဝတ်ဆင်ကစားသွားမယ် . . .

December 31, 2022 Wyne 0

အူမကင်ဆာရောဂါကြောင့် ကြာသပတေးနေ့က ကွယ်လွန်ခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီး ပီလီအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေမှာ ကစားသမားတွေ လက်ပတ်အမည်းဝတ်ဆင်မှာဖြစ်သလို ပွဲမစခင် (၁)မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုသွားမှာဖြစ်ပါတယ်။ အသက်(၈၂)နှစ်အရွယ်ရှိပြီဖြစ်သူ ပီလီဟာ အူမကင်ဆာရောဂါကို လအတော်ကြာအောင် ခံစားခဲ့ရပြီး ကြာသပတေးနေ့က ဆော်ပေါ်လိုမြို့မှာရှိတဲ့ Albert Einstein Israelite ဆေးရုံမှ […]

နေပူကြီးထဲမှာ ပွဲကစားရလို့ ညီးညူခဲ့တဲ့ ကစားသမားတစ်ဦးကို အော်ဟစ်ကြိမ်းမောင်းခဲ့တဲ့ အဲရစ်တန်ဟက်

December 31, 2022 Wyne 0

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအစပိုင်းအဖြစ် သြဂုတ်လအတွင်းက ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးဟာ အပူချိန်မြင့်တက်နေချိန်မှာ ပွဲကစားရလို့ ညီးညူခဲ့တာကြောင့် နည်းပြအဲရစ်တန်ဟက်က အဲဒီကစားသမားကို အော်ဟစ်ကြိမ်းမောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းက ဘရိုက်တန်ကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ဒုတိယပွဲဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပထမပိုင်း (၃၅)မိနစ်အတွင်းမှာပဲ […]