ပွဲကြပ်တွေကစားဖို့ရှိနေတာကြောင့် လက်ရွေးစင်အသင်းမှာ ဂါနာချို ပါဝင်ကစားဖို့ ယူနိုက်တက်ပိတ်ပင်

December 31, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်တိုက်စစ်ကစားသမား ဂါနာချိုကို အာဂျင်တီးနားယူ-၂၀ အသင်းအတွက် ပါဝင်ကစားဖို့ ခွင့်မပြုခဲ့ဘူးလို့ အာဂျင်တီးနားမီဒီယာတွေက ဖော်ပြနေကြပါတယ်။ အာဂျင်တီးနား ယူ-၂၀ အသင်းနည်းပြအဖြစ် ဘာစီလိုနာနဲ့ လီဗာပူးလ်နာမည်ကျော်ကစားသမားဟောင်း မာရှေရာနိုက တာဝန်ယူဆောင်ရွက်နေပြီး လာမယ့်ဇန်နဝါရီလမှာ ကျင်းပမယ့် တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲဖြစ်တဲ့ Sudamericano ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း […]

အယ်လ်နာဆာနဲ့ စီရော်နယ်လ်ဒို (၂)နှစ်စာချုပ်,ချုပ်ဆိုလိုက်ပြီလို့ ဆော်ဒီမီဒီယာတွေဖော်ပြ

December 31, 2022 Wyne 0

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းနဲ့ (၂)နှစ်စာချုပ်, ချုပ်ဆိုလိုက်ပြီလို့ ဆော်ဒီပြည်တွင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေပြီး သူ့ကို အယ်လ်နာဆာနဲ့ ဥရောပကလပ် အသင်းတချို့နဲ့ မေဂျာလိဂ်ကလပ်တွေက ခေါ်ယူဖို့စိတ်ဝင်စား နေကြပါတယ်။ အခုအချိန်မှာတော့ ဆော်ဒီ နာမည်ကျော် […]

အယ်လ်နာဆာနဲ့ (၂)နှစ်စာချုပ်,ချုပ်ဆိုတဲ့ သတင်းကြောင့် ပွက်လောရိုက်နေကြတဲ့ ရော်နယ်ဒိုပရိသတ်တွေ…

December 31, 2022 Wyne 0

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာနဲ့ (၂)နှစ်စာချုပ်, ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် အွန်လိုင်းပေါ်မှာ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေပြီး သူ့ကို အယ်လ်နာဆာနဲ့ ဥရောပကလပ်အသင်းတချို့နဲ့ မေဂျာလိဂ်ကလပ်တွေက […]

အပြောင်းအရွှေ့နည်းဗျူဟာပိုင်းမှာ ကြီးကြီးမားမား အပြောင်းအလဲလုပ်သွားမယ့် မန်ချက်စတာ ယူနိုက်တက်

December 30, 2022 Wyne 0

နာမည်ကျော်အပြောင်းအရွှေ့သတင်းထောက်တစ်ဦးဖြစ်သူ ဖာဘရီဇီရို ရိုမန်နိုက မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့နီးကပ်လာတာနဲ့အမျှ၊ အပြောင်းအရွှေ့ နည်းဗျုဟာပိုင်းမှာ အဓိကကြီးကြီးမားမားအပြောင်းအလဲလုပ်သွားဖို့ စဉ်းစားနေကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက လိုအပ်ချက်အရ ကစားသမားသစ် ၆ ဦးအထိ ခေါ်ယူခဲ့ပြီး၊ အသုံးစရိတ် ဘတ်ဂျက် ပေါင် သန်း ၂၀၀ ကျော်အထိ သုံးစွဲခဲ့ပါတယ်။ […]

ယူနိုက်တက်က ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် သစ္စာရှိစွာဖြင့် သူချစ်တဲ့ ဆန်းတို့စ်မှာပဲဆက်ကစားသွားခဲ့တဲ့ ပီလီ

December 30, 2022 Wyne 0

ပီလီဟာသူအကြီးအကျယ်အောင်မြင်တဲ့ခေတ်ကာလတုန်းက မန်ချက်စတာယူနိုက်တက်တွင်ကစားနိုင်မဲ့အခွင့်အရေးကြီးကို ပယ်ချပြီးသူချစ်တဲ့ဆန်းတို့စ်တွင်ပဲသစ္စာရှိစွာကစားသွားခဲ့ပါတယ်။ ဂန္ထဝင်ကစားသမားကြီးဟာကြာသပတေးနေ့တုန်းက အသက် ၈၂နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့တဲ့သူဖြစ်ပြီး သူဟာကစားသမားဘဝတစ်ခုလုံးနီးပါးကို ဘရာဇီးထိပ်သီး ဆန်းတို့စ်တွင်ကုန်ဆုံးခဲ့သူလည်းဖြစ်ပါတယ်။ သူဟာမွေးရပ်မြေတွင်ဆန်းတို့စ်နှင့်အတူခြေစွမ်းပြကစားနိုင်တဲ့အပြင် ဘရာဇီးနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းခြေစွမ်းပြကစားနိုင်မှုကြောင့် ယူနိုက်တက်အပြင် ရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့ကဲ့သို့ ဥရောပထိပ်သီးကလပ်များရဲ့ခေါ်ယူရန်ကြိုးပမ်းခြင်းခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ၁၉၆၈ခုနှစ်တွင်ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ ပီလီကိုခေါ်ယူရေးအစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ ယူနိုက်တက်ဟာဆာမတ်ဘတ်စ်ဘီရဲ့အသင်းတွင်ကမ္ဘာ့ဖလား သုံးကြိမ်ရပီလီကိုကစားစေလိုပြီး တိုက်စစ်တွင်ဆာဘော်လ်ဘီချာလ်တန်၊ ဒင်းနစ်လော၊ဂျော့ဘတ်စ်တို့နဲ့တွဲဖက်ကာကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကိုဖော်ဆောင်ရန်အားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ပီလီဟာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီး ဆန်းတို့စ်မှာပဲကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။ ပီလီဟာဆန်းတို့စ်တွင် […]

အန်ဇိုဖာနန်ဒက်ဇ်အတွက် မန်ချက်ကို ဘင်ဖီကာ အကြောင်းပြန်လိုက်ပြီ။

December 30, 2022 Wyne 0

ဘင်ဖီကာအသင်းက သူတို့အနေနဲ့ အသင်းရဲ့ အဓိကကွင်းလယ် ကစားသမားတွေထဲက တစ်ဦးဖြစ်သူ အန်ဇို ဖာနန်ဒက်ဇ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချသွားမာ မဟုတ်ပဲ၊ ရာသီကုန်သည်အထိ အသင်းမှာ ဆက်ထားသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဖာနန်ဒက်ဇ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် မန်ယူအသင်း၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီး အသင်းတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် […]

စီရော်နယ်လ်ဒိုနဲ့အတူ ဝါရင့်နောက်ခံလူ ရာမို့စ်ကို တစ်ပါတည်းခေါ်ယူမယ့် အယ်လ်နာဆာ

December 30, 2022 Wyne 0

ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ လာမယ့် တစ်ပတ်ကျရင် ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို တရားဝင်ခေါ်ယူနိုင်ဖို့ စောင့်ဆိုင်းနေသလို PSG အသင်းရဲ့ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ကိုလည်း တစ်ပါတည်းခေါ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေပြီး မကြာခင် အယ်လ်နာဆာအသင်းကို ကမ္ဘာ့စံချိန်တင်လစာငွေနဲ့ ရောက်ရှိဖို့ နီးစပ်နေပါပြီ။ အယ်လ်နာဆာအသင်းဟာ […]

“သရဲနီတွေဘက်က လမ်းခွဲတာမဟုတ်ဘဲ ရော်နယ်လ်ဒိုဘက်ကသာ အသင်းကို စွန့်ခွာခဲ့တာပါ ” _ တန်ဟက်

December 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က စီရော်နယ်လ်ဒိုဟာ အသင်းကို စွန့်ခွာဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ကိစ္စတွေက အတိတ်မှာ ကျန်ခဲ့ပြီလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းပိုင်ရှင်ဂလေဇာမိသားစု၊ နည်းပြအဲရစ်တန်ဟက်တို့ကို ဝေဖန်ပြောဆိုခဲ့တာကြောင့် မကြာခင်မှာပဲ ယူနိုက်တက်အသင်းက စီရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ အဲဒီအင်တာဗျူးပြဿနာမတိုင်ခင်ကလည်း ဗယ်လက်ကာနိုနဲ့ ရာသီကြိုခြေစမ်းပွဲ၊ […]

အသင်းလူအင်အား တောင့်တင်းချင်တယ်ဆိုရင် ဟယ်ရီကိန်းအပါအဝင် ကစားသမား(၃)ဦးကို ခေါ်ယူရမယ် . . .

December 30, 2022 Wyne 0

မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမားဟောင်း လီရှပ်က လက်ရှိအသင်းရဲ့ လူအင်အားစုဖွဲ့မှု ပိုအားကောင်းလာဖို့ဆိုရင် ကစားသမား(၃)ဦးကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ လီရှပ်ဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့အတူ ယူနိုက်တက်အသင်းမှာ ၁၉၈၈ ကနေ ၁၉၉၆ ခုနှစ်အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား (၂)ကြိမ်၊ European Cup […]

အာဆင်နယ်၊ ယူနိုက်တက်တို့ရဲ့ ရုန်းကန်အားကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီး (၃)နှစ်ဆက်ရဖို့ လွယ်ကူမှာ မဟုတ်

December 30, 2022 Wyne 0

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက သူတို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက်ရယူနိုင်ဖို့က ထင်သလောက် မလွယ်ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မကြာသေးခင်က လိဒ်စ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ (၅)မှတ်အကွာ အဆင့်(၂)နေရာကနေ ဖိအားလိုက်ပေးနေပါတယ်။ နောက်ဆုံး(၅)နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးအသင်း (၄)ကြိမ်အထိရယူနိုင်ခဲ့ပေမယ့် ဂွါဒီယိုလာကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၃)ရာသီဆက်ဗိုလ်စွဲဖို့ မျှော်လင့်ချက်က […]