မန်ချက်ရဲ့ ၆၄ နှစ်ကြာအောင် ဘယ်သူမှမချိုးဖျက်နိုင်ခဲ့တဲ့ စံချိန်ကို ရပ်ရှ်ဖို့ဒ် ချိုးဖျက်နိုင်မလား…

January 13, 2023 Wyne 0

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြဂိုးတွေ သွင်းယူနေတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လာမယ့် မန်ချက်စတာဒါဘီပွဲမှာ ပုံစံကောင်း ဆက်ပြပြီးတော့ ဂိုးသွင်းနိုင်မယ်ဆိုရင် (၆၄)နှစ်အထိ ကြာမြင့်နေပြီဖြစ်တဲ့ သွင်းဂိုးမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီရာသီ နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ ပုံစံကောင်း ပြသနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာပြီးနောက်ပိုင်း ခြေစွမ်းပိုကောင်းလာရုံသာမကပဲ ဂိုးပါမြူးနေပြီး ပြိုင်ပွဲစုံ […]

ရော်နယ်ဒိုကြောင့် အပျက်သဘောဆောင်တဲ့သက်ရောက်မှုရှိခဲ့ပြီး ကသောင်းကနင်းဖြစ်ခဲ့ရတဲ့ သရဲနီနှစ်ဦး

January 13, 2023 Wyne 0

ရော်နယ်ဒိုရဲ့ ဒုတိယမြောက်အိုးလ်ထရက်ဖို့ဒ်ခရီးစဉ်က အသင်းဖော်နှစ်ယောက်အပေါ်မှာ’အလွန်အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှု’ ရှိခဲ့တယ်လို့ လီဗာပူးဂန္တဝင်ဂျွန်ဘန်းစ်က သုံးသပ်လိုက်ပါတယ်။ ၂၀၂၁ မှာ အိုးလ်ထရက်ဖို့ဒ်ပြန်ရောက်လာတဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ပထမဆုံးရာသီ ၃၈ပွဲ မှာ ၂၄ဂိုး သွင်းယူပြီး အံ့အားသင့်ဖွယ်ရာခြေစွမ်းပြနိုင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သရဲနီ နည်းပြရာထူးကနေ ဆိုးလ်ရှားထွက်ခွာခဲ့ပြီးနောက် ဆိုးရွားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့တာပါ။ တန်ဟတ်ရောက်လာတဲ့နောက် ရော်နယ်ဒိုဟာ […]

လေ့ကျင့်ခန်းအစီအစဉ်မှာ စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းဖော်တစ်ဦး ပါးစပ်အဟောင်းသားနဲ့ အံ့အားတကြီးဖြစ်ခဲ့

January 13, 2023 Wyne 0

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ မယုံနိုင်လောက်တဲ့ အမြင့်ခုန်စွမ်းရည်ကြောင့် သူ့အသင်းဖော်တစ်ဦးတောင် ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုဟာ အခုဇန်နဝါရီလအစောပိုင်းက အယ်လ်နာဆာအသင်းကို တရားဝင်ပြောင်းရွှေ့ခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းသစ်အတွက် ပွဲထွက်ခွင့်မရသေးဘဲ ဇန်နဝါရီ(၂၂)ရက်ကျရင် Al-Ettifaq နဲ့ကစားမယ့် ဆော်ဒီပရိုလိဂ်ပွဲမှ ပါဝင်ကစားနိုင်ဖို့ ရှိပါတယ်။ လာမယ့်ဖေဖော်ဝါရီလ (၅)ရက်ကျရင် အသက်(၃၈)နှစ်ပြည့်မှာဖြစ်ပေမယ့် […]

သရဲနီပရိသတ်တွေ အမှတ်ရစရာမကောင်းတဲ့ ဒိုင်လူကြီးက မန်ချက်စတာဒါဘီပွဲစဉ်ကို ကိုင်တွယ်မည်။

January 11, 2023 Wyne 0

လာမယ်စနေကစားမယ့် မန်ချက်စတာဒါဘီပွဲကို တာဝန်ယူ ကိုင်တွယ်သွားမယ့် ဒိုင်လူကြီးကို ပရီးမီးယားလိဂ်က ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဒီတစ်ကြိမ် မန်ချက်စတာဒါဘီက နှစ်သင်းစလုံးအတွက် အရေးကြီးနေပြီး အဲဒီပွဲနိုင်ခဲ့ရင် မန်ယူဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ်သာ ကွာတော့မှာပါ။ မန်စီးတီးကလည်း အဲဒီပွဲနိုင်ခဲ့ရင် တနင်္ဂနွေမှာ စပါးနဲ့ မြောက်လန်ဒန်ဒါဘီနွှဲရမယ့် အာဆင်နယ်နဲ့ ၂ […]

၃ နှစ်ကြာမှ ပွဲကစားခွင့်ရရှိခဲ့သူ ပယ်လစ်စထရီအတွက် ကမ္ဘာတစ်ဝန်းက အငှားကမ်းလှမ်းမှုတွေရရှိထားပြီ။

January 11, 2023 Wyne 0

သတင်းတွေအရတော့ မန်ယူလူငယ်ကြယ်ပွင့်ပယ်လစ်စထရီဟာ ကမ္ဘာတစ်ဝန်းက အငှားကမ်းလှမ်းမှုတွေကို ရရှိထားကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း ဥရုဂွေးသားက သူ့စွမ်းဆောင်ရည်ကို နည်းပြတန်ဟက်ကိုပြဖို့ မန်ယူမှာသာ ဆက်ရှိချင်နေတာပါ။ ဒီတောင်ပံကစားသမားဟာ ၂၀၂၀ အောက်တိုဘာကတည်းက မန်ယူကို ရောက်နေတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့အင်္ဂါည ချာလ်တန်နဲ့ ကာရာဘောင်းပွဲကျမှ ယူနိုက်တက်အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။ ဒါတောင် ပွဲပြီးခါနီး […]

ပွဲထွက်ခွင့်တစ်နေရာအတွက် ခြေစွမ်းကောင်းတွေနဲ့အတူ ဂေါင်းကြီး တိုက်ပွဲဝင်သွားမယ် 🤔

January 11, 2023 Wyne 0

ချာလ်တန်နဲ့လိဂ်ဖလားပွဲမှာ ရှားရှားပါးပါးပွဲထွက်ခွင့်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပွဲထွက်ခွင့်တစ်နေရာအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ချာလ်တန်ကို (၃-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲမှာ အဲရစ်တန်ဟက်က မက်ဂွိုင်းယားကို ပွဲထွက်ကစားသမားအဖြစ် လီဆန်ဒရိုမာတီနက်ဇ်နဲ့ တွဲဖက်ပြီး အသုံးပြုခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ပထမဆုံး(၄)ပွဲမှာ မက်ဂွိုင်းယားဟာ […]

ဒီရာသီ တန်ဟက်လက်အောက်မှာ စူပါခြေစွမ်းနဲ့ အကောင်းဆုံးဂိုးသွင်းစွမ်းဆောင်ရည်ပြသနေတဲ့ ရက်ရှ်ဖို့ဒ်

January 11, 2023 Wyne 0

ရက်ရှ်ဖို့ဒ်ဟာ အဲရစ်တန်ဟက်လက်အောက်မှာ မန်ယူ ကစားသမားဘ၀ အကောင်းဆုံးဂိုးသွင်းခြေစွမ်းကို ရရှိနေပါတယ်။ သူဟာ အဲဒီနယ်သာလန်သားနည်းပြအတွက် ပျဉ်းမျှ ၁၂၃ မိနစ်တိုင်း တစ်ဂိုးသွင်းနိုင်ခဲ့တာပါ။ အဲဒီအင်္ဂလန် လက်ရွေးစင်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချာလ်တန်နဲ့ပွဲမှာလည်း ၂ အရန်ခုံက ထလာပြီး ၂ ဂိုးသွင်းပေးခဲ့ပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေအရတော့ ရက်ရှ်ဖို့ဒ်ဟာ တန်ဟက်လက်ထက်မှာ သူ့ကစားသမားဘဝရဲ့အကောင်းဆုံး […]

ယူနိုက်တက်ပစ်မှတ် အန်ဆုဖာတီအပါအဝင် ကစားသမား(၃)ဦးကို ရောင်းချဖို့ ဘာစီလိုနာ စီစဉ်

January 11, 2023 Wyne 0

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှုရှိလာအောင် ကစားသမား (၃)ဦးကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ခွန်ဒဲလ်အပါအဝင် ကစားသမားသစ်တွေကို ပေါင်သန်း(၁၅၀)အထိ အသုံးပြု ခေါ်ယူခဲ့ပြီး အဲဒီလို ခေါ်ယူနိုင်အောင် သူတို့ကိုယ်ပိုင် ရုပ်သံကုမ္ပဏီရဲ့ ရှယ်ယာ(၂၅%)ကို ရောင်းချခဲ့တဲ့အပြင် လာမယ့်(၂၅)နှစ်အတွင်း […]

ဗစ်တိုးရီးယားလီ6သဆုံးမှု နောက်ဆက်တွဲအဖြစ် Gym ကို အပြီးပိတ်သိမ်းလိုက်တဲ့ လီမိသားစု

January 11, 2023 Wyne 0

ဆယ်ကျော်သက်အရွယ် MMA ဖိုက်တာမလေး ဗစ်တိုးရီးယားလီ ရုတ်တရတ် 6သဆုံးသွားခဲ့ပြီးနောက် သူ့မိသားစုဟာ ဟာဝိုင်ယီမှာရှိတဲ့ သူတို့ရဲ့ Gym ကို အပြီးပိတ်သိမ်းလိုက်ပါတယ်။ ဒီ Gym ကို ၂၀၁၃ တုန်းက ဗစ်တိုရီးယားလီရဲ့မိဘတွေက တည်ထောင်ခဲ့တာပါ။ MMA နဲ့ ဘရာဇီးဂျူဂျစ်ဆုကိုယ်ခံပညာတို့ကို ကလေးအရွယ်ရော လူကြီးအရွယ်ပါ သင်ကြားပေးဖို့ […]

လက်ဖျားခါလောက်တဲ့ သွင်းဂိုးအတွက် အန်တိုနီကို သရဲနီပရိသတ်တွေ ချီးကျူးမဆုံးဖြစ်နေပြီ။

January 11, 2023 Wyne 0

ချာလ်တန်ကို အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ မန်ယူအတွက် အဖွင့်ဂိုးကို လှလှပပ သပ်သပ်ရပ်ရပ်နဲ့ ဝေ့ဝိုက်ပြီး ကန်သွင်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး အန် တိုနီအပေါ် မန်ယူပရိသတ်တွေ ချီးမွမ်းပြီး လိုင်းပေါ်မှာ ဂုဏ်ဆာနေကြပြီဖြစ် ပါတယ်။ ချာလ်တန်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာ မန်ယူဟာ နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားတဲ့အသင်းဖြစ်ပြီး တကယ်တမ်း ပွဲကစားတော့လည်း […]