ဖိအားများနေတဲ့ အဲရစ်တန်ဟက်အတွက် ကိုယ်ချင်းစာ,စကားဆိုလိုက်တဲ့ ယာဂန်ကလော့ပ်

August 21, 2022 Wyne 0

လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်က သူ့ရဲ့ ပရီးမီးယားလိဂ် နည်းပြဘဝအစက အဲရစ်တန်ဟက်လောက် ဖိအားမရှိဘဲ အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္လာနေ့ကျရင် မဟာပြိုင်ဘက် လီဗာပူးလ်ကို အိမ်ကွင်း လက်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ယာဂန်ကလော့ပ်က ပြိုင်ဘက် နည်းပြအဲရစ်တန်ဟက်အတွက် ကိုယ်ချင်းစာ,စကားပြောဆိုခဲ့တာဖြစ်ပါတယ်။ ယာဂန်ကလော့ပ်က “ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ်နည်းပြဘဝအစပိုင်းက အရမ်းကြီးအခက်အခဲမရှိခဲ့ဘူးလို့ ထင်ပါတယ်။ […]

” တန်ဟက်ရဲ့ နည်းဗျူဟာတွေကြောင့် ယူနိုက်တက်နဲ့ပွဲစဉ်က လွယ်ကူမှာ မဟုတ်ပါဘူး ” _ ဆာလာ

August 21, 2022 Wyne 0

ယူနိုက်တက်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်ထားကာ အမှတ်ပေးဇယားအောက်ခြေတွင်ရပ်တည်နေပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ အပြီးမှာ ဖူဟမ် နဲ့ ခရစ်စတယ်ပဲလေ့စ် တို့ကို အနိုင် မကစားနိုင်ခဲ့ဘဲ သရေကျခဲ့တာကြောင့် ရမှတ် ၂ မှတ်သာ ရထားသေးပြီး ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ မန်စီးတီးနဲ့ ၄ မှတ် ကွာဟနေပြီ […]

ဆန်ချိုကို ပက်ပက်စက်စက် လှောင်ပြောင်လိုက်တဲ့ ပေါလ်မာဆင်

August 21, 2022 Wyne 0

အာဆင်နယ်ဂန္ထဝင်ကွင်းလယ်လူပေါလ်မာဆင်က မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမား ဆန်ချိုရဲ့စွမ်းဆောင်ရည်အပေါ် ဝေဖန်ခဲ့ပြီး သူ့အသက် (၅၄)နှစ်အရွယ်မှာတောင် ဆန်ချိုလောက်တော့ ကောင်းကောင်းကစား နိုင်သေးတယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အင်္ဂလန်လူငယ်ကြယ်ပွင့်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ဆန်ချိုကို ပြီးခဲတဲ့နှစ်က ပေါင်(၇၃)သန်းအထိပေးပြီးခေါ်ယူခဲ့ပေမယ့် ဆန်ချိုဟာ အခုအချိန်အထိ သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းမပြသနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် (၃၈)ပွဲကစား၊ (၅)ဂိုးသာ သွင်းယူခဲ့သလို ဒီရာသီပရီးမီးယားလိဂ်အဖွင့်(၂)ပွဲမှာလည်း […]

ရီးယဲလ်ပရိသတ်တွေကို နောက်ဆုံးနှုတ်ဆက်စကားဆိုလိုက်တဲ့ ကတ်စ်မဲရိုး

August 21, 2022 Wyne 0

မကြာခင်ရက်ပိုင်းအတွင်း မန်ချက်စတာယူနိုက်တက်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိတော့မယ့် ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးက ရီးယဲလ်ပရိသတ်တွေကို နောက်ဆုံးနှုတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ကတ်စ်မဲရိုးကို ပေါင်သန်း(၆၀)နဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး အောင်မြင်မှုအလိုက် ဆုကြေးအဖြစ်နောက်ထပ် ပေါင်(၁၀)သန်း ပေးချေရမှာဖြစ်ပါတယ်။ ကတ်စ်မဲရိုးဟာ ရီးယဲလ်အသင်းမှာ (၉)နှစ်ကြာအောင် ကစားသမားဘဝဖြတ်သန်းခဲ့ပြီး လာလီဂါ(၃)ကြိမ်၊ ချန်ပီယံလိဂ်(၅)ကြိမ်အပါအဝင် ဆုဖလား(၁၈)ခုအထိဆွတ်ခူးခဲ့ပါတယ်။ […]

ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူ့ရဲ့နည်းဗျူဟာတွေကို အပြောင်းအလဲလုပ်မှာမဟုတ်တဲ့ တန်ဟက်

August 21, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က ရာသီအဖွင့်ပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် သူ့ရဲ့အတွေးအခေါ်၊ စီမံကိန်းတွေကို အပြောင်းအလဲလုပ်သွားမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အဲရစ်တန်ဟက်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်(၂)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ပေါင်း (၃၀)အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ရင်ဆိုင်ခဲ့ရသလို နှစ်ပေါင်း (၁၀၀)ကျော်အတွင်း ပွဲဦးထွက်(၂)ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးယူနိုက်တက် နည်းပြဆိုတဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲရစ်တန်ဟက်က “အသင်းနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့စိတ်ကူး စိတ်သန်းတွေကို အခိုင်အမာပြောပြထားပြီးဖြစ်ပါတယ်။ […]

“ကက်စမဲရိုးက အောင်နိုင်သူစစ်ပါ။ ဒါပေမယ့် သူ့ကိုခေါ်လိုက်တာက ကောင်းကျိုးရော၊ ဆိုးကျိုးရောရှိနိုင်တယ်” ဖာဒီနန်

August 21, 2022 Wyne 0

ယူနိုက်တက် အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ကတ်စမဲရိုးကို 4 နှစ် + 1 နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့တာပါ။ ကတ်စမဲရိုးဟာ တနင်္လာညမှာ ကစားမယ့် လီဗာပူးနဲ့ပွဲကိုတော့ ပါဝင်ကစားဖို့ အချိန်မှီဖွယ်မရှိပါဘူး။ပွဲကြည့်စင်ကပဲ အားပေးမှာပါ။ ယူနိုက်တက် အသင်းရဲ့ […]

” ကတ်စ်မဲရိုးက ယူနိုက်တက်အတွက် ဆုဖလားတွေရယူပေးနိုင်မယ့်သူမဟုတ်ဘူး ” – ဟာမန်း

August 21, 2022 Wyne 0

လီဗာပူးလ်ဂန္ထဝင်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဟာမန်းက ကတ်စ်မဲရိုးဟာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို ဆုဖလားတွေရယူနိုင်အောင် ဦးဆောင်နိုင်မယ့်သူ မဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကတ်စ်မဲရိုးကိုခေါ်ယူဖို့ ရီးယဲလ်အသင်းနဲ့ သဘောတူညီမှုရခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)ပေးရမှာဖြစ်သလို အောင်မြင်မှုအပေါ် မူတည်ပြီး ဆုကြေးအဖြစ် နောက်ထပ်ပေါင်(၁၀)သန်းပေးချေရမှာပါ။ ဟာမန်းက “ကတ်စ်မဲရိုးဟာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဆိုတာ ရီးယဲလ်အသင်းနဲ့ဆွတ်ခူးခဲ့တဲ့ ဆုဖလားအောင်မြင်မှုမှတ်တမ်းကိုကြည့်ရင် သိနိုင်ပါတယ်။ […]

ခပ်ကြမ်းကြမ်းစကားလုံးသုံးပြီး ကက်စမဲရိုး ရီးရဲလ်က မထွက်ဖို့ မက်ဆေ့ချ်ပို့လိုက်တဲ့ မီနာဘိုနီနို

August 20, 2022 Wyne 0

ကွင်းလယ်လူကက်စမဲရိုးကို မန်ယူဆီရောင်းတဲ့ ရီးရဲလ်ရဲ့ဆုံးဖြတ်ချက်ကို အသင်းပရိသတ်အတော်များများက မကျေနပ်ကြပါဘူး။ အဲဒီလိုပဲ သူထွက်သွားမှာကို သူနဲ့ကာလရှည်ကစားလာခဲ့ကြတဲ့ အသင်းဖော်တွေအပြင် သူတို့နဲ့ပတ်သက်သူတွေကပါ နှမြောကြတာပါ။ ရီးရဲလ်အသင်းဖော်ဖြစ်တဲ့ဗယ်ဗာဒီရဲ့ချစ်သူ မီနာဘိုနီနိုကဆို အဲဒီဘရာဇီးသားဆီ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Whatsapp ကနေ မက်ဆေ့ချ်ပို့ပြီး လှမ်းတားခဲ့ပါတယ်။ ”မထွက်နဲ့ မသာကောင်ရေ”လို့ မီနာဘိုနီနိုက ကက်စမဲရိုးဆီ ခပ်ကြမ်းကြမ်းစကားလုံးသုံးပြီး မက်ဆေ့ချ်ပို့ခဲ့တာပါ။ […]

ယူနိုက်တက်မှာ လူပိုဖြစ်နေတဲ့ တွမ်မီနေးကို ဝက်စ်ဟမ်း ခေါ်ယူမယ်…

August 20, 2022 Wyne 0

ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ တွမ်မီနေးကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ ကတ်စ်မဲရိုးကို (၄)နှစ်စာချုပ်နဲ့ခေါ်ယူဖို့သဘောတူညီမှုခဲ့ပြီးတဲ့နောက် အနာဂတ်မသေချာတော့တဲ့ တွမ်မီနေးကိုခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းက ပစ်မှတ်ထားနေတာပါ။ ယူနိုက်တက်ကို ကတ်စ်မဲရိုးရောက်လာမှာဖြစ်လို့ နည်းပြအဲရစ်တန်ဟက်ဟာ တွမ်မီနေးကို အရန်ခုံပို့ပစ်ဖို့ရှိနေပြီး ကွင်းလယ်မှာ ဘရာဇီးလ်အတွဲအဖက်ဖြစ်တဲ့ ဖရက်ဒ်+ကတ်စ်မဲရိုးတို့ကို ဦးစားပေးအသုံးပြုမယ့် အနေအထားပါပဲ။ အဲဒါကြောင့် […]

” ဂေါင်းကြီးကို ဖြစ်နိုင်ရင် အလကားပေးချင်တာပါ 😅 ဝယ်ပြီး ပစ္စည်း ပြန်မအမ်းပါ 🤣 “

August 20, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ သူတို့ရဲ့အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ချယ်လ်ဆီးတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ် နေတဲ့အတွက် ဝမ်းသာအားရဖြစ်နေပြီး ဖြစ်နိုင်ရင် အလကားနဲ့တောင်ခေါ်ဖို့ တိုက်တွန်းနေကြပါတယ်။ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးတောင်ပံ တိုက်စစ်ကစားသမား ပူလီဆစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအသင်းက ပူလီဆစ်ရဲ့အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် မက်ဂွိုင်းယားကိုပါ အလိုက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဗြိတိန် မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီကတည်းက […]