ကမ္ဘာ့စံချိန်တင်လစာငွေနဲ့ ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ စီရော်နယ်လ်ဒို

September 14, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက,ကမ္ဘာ့စံချိန်တင် လစာငွေပိုင်ဆိုင်ဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့် သူက ငြင်းဆန် ပယ်ချခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းဟာ စီရော်နယ်လ်ဒိုကို (၂)ရာသီအတွက် ပေါင်သန်း(၂၁၀)တန်ကြေးရှိတဲ့ စာချုပ်,ချုပ်ဆိုဖို့ကမ်းလှမ်းခဲ့ပြီး အဲဒီစာချုပ်အရ စီရော်နယ်လ်ဒိုဟာ တစ်ပတ်ကို မယုံနိုင်လောက်အောင် များတဲ့လစာငွေအဖြစ် ပေါင်(၁.၇)အထိရမှာဖြစ်ပေမယ့် […]

FIFA 23 ဂိမ်းထဲမှာ ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ ပြေးအားနှုန်းတူညီနေလို့ ပွဲဖြစ်နေ

September 13, 2022 Wyne 0

နာမည်ကြီး ဘောလုံးဂိမ်းတစ်ခုဖြစ်တဲ့ FIFA 23 ဂိမ်းထဲမှာ မန်ချက်စတာ ယူနိုက်တက် နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့ ပြေးအား သတ်မှတ်ချက်က (၆)ဆင့်အထိကျဆင်းသွားတာကြောင့် စီရော်နယ်လ်ဒိုအတွက် မကျေမနပ်ဖြစ်စရာပါပဲ။ FIFA 23 ဂိမ်းထဲမှာ Rating အကောင်းဆုံးကစားသမား (၂၃)ဦးထွက်ပေါ်လာခဲ့ပြီး ဘောလုံးလောကရဲ့ လက်ရှိထိပ်သီး ကစားသမားတွေဖြစ်ကြတဲ့ မက်ဆီ၊ ဘာပေ၊ လီဝန်ဒေါစကီး၊ […]

ဒေးဗစ် ဘက်ခမ်း ဂျာစီနံပါတ် ၇ ကို ဝတ်မှာမလိုလားခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်

September 13, 2022 Wyne 0

ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းကဆာအဲလက်စ် ဖာဂူဆန်ထံမှ ကျောနံပါတ်၇အားဝတ်ဆင်ရန်ကမ်းလှမ်းခြင်းခံခဲ့ရကြောင်း၊ သို့ရာတွင်ကျောနံပါတ်၁၆ကိုပင်ဆက်လက်ဝတ်ဆင်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟလာပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာအဲရစ်ကန်တိုနာ ထွက်ခွာသွားပြီးနောက်ယူနိုက်တက်ဂန္ထဝင်ကျောနံပါတ်၇ကို အသင်းခေါင်းဆောင်ရွိုင်ကိန်းအားဆက်ခံစေလိုနေပါတယ်။ ရွိုင်ကိန်းက “အသင်းခေါင်းဆောင်ကအရေးကြီးတယ်။ ဒါပေမဲ့ကျောနံပါတ်ကလည်းအရေးကြီးတယ်။မန်နေဂျာကသူ့ရုံးခန်းသို့ ကျွန်တော့်ကိုဆွဲခေါ်သွားတယ်။ပြီးတော့ကျွန်တော့်ကိုကျောနံပါတ်၇ကို ဝတ်ဆင်စေချင်တယ်လို့ပြောပါတယ်။ကျွန်တော်က ‘နိုး။ငါစိတ်မဝင်စားဘူး’လို့ ပြန်ပြောခဲ့တယ်”လို့ပြောကြားသွားပါတယ်။ဒေးဗစ်ဘက်ဟမ်းဟာ Class 99 အုပ်စုနှင့်အတူ ယူနိုက်တက်ပထမအသင်းသို့ထိုးဖောက် လာစဉ်တုန်းကကျောနံပါတ်၂၄ကိုစတင်ဝတ်ဆင်ခဲ့ပါတယ်။ ယင်းနောက်သူဟာ၁၉၉၆ခုနှစ်တွင်ကျောနံပါတ်၁၀ကိုပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။ သူဟာ၁၉၉၆-၉၇အဖွင့်ပွဲတွင် ဆဲလ်ဟတ်ရှ်ပါ့ခ်မှာ နေးလ်ဆူလေဗန်ကိုကျော်ကာလှပတဲ့ဂိုးသွင်းယူပြီးတဲ့နောက် […]

ခါးသီးမြို့ခံပြိုင်ဘက်ဖြစ်ပေမယ့် သရဲနီပရိသတ်ဖြစ်နေတဲ့ မန်စီးတီးနောက်ခံကြယ်ပွင့်

September 13, 2022 Wyne 0

ကမ္ဘာအဝှမ်း မည်သည့်နေရာ ဒေသမှာမဆို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ရှိနေတယ်ဆိုတာ ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ ကြီးကျယ် ခမ်းနားလှတဲ့ သမိုင်းကြောင်း အစဉ်အလာကြောင့် ကမ္ဘာအရပ်ရပ်မှာ ပရိသတ်တွေများစွာ ရှိနေပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီး ကြယ်ပွင့် တစ်ဦးက သူဟာ ကလေးဘဝတုန်းက သရဲနီ […]

သရဲနီပရိသတ်တွေအတွက် ခရစ္စတီယာနို ရော်နယ်ဒို ပေးလိုက်တဲ့ မက်ဆေ့ချ်

September 13, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်ရဲ့ ယခုအပတ် တနင်္ဂနွေနေ့ လိဒ်ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲစဉ်ကို တရားဝင် ရွေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုက တနင်္လာနေ့ ညနေမှာပဲ ဒီလအတွင်း ကစားဖို့ ကျန်ရှိတဲ့ တစ်ခုတည်းသော ပွဲစဉ် မတိုင်ခင် ပရိသတ်တွေကို သတင်းစကား ပါးလိုက်ပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ […]

သရဲနီကြယ်ပွင့်ကို မရောင်းချရေးအတွက် ဆာအဲလက်စ်ကို အပြင်းအထန်တောင်းဆိုခဲ့ဖူးတဲ့ ဘက်ခမ်း

September 13, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဂျပ်စတမ်းကဒေးဗစ်ဘက်ဟမ်းမှာ မိမိကို လာဇီယိုသို့မရောင်းချရရေးအတွက်ဆာအဲလက်စ်ဖာဂူဆန်ကို တောင်းပန်ပြောကြားခဲ့ဖူးကြောင်းဖွင့်ဟလာပါတယ်။ အသက်၅၀နှစ်ရှိ ဒတ်ချ်ဟာမန်ချက်စတာယူနိုက်တက်နှင့်အတူသမိုင်းဝင်ဆုဖလား သုံးလုံးရရှိမှုတွင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့စတမ်းဟာ အိုးထရက်ဖို့ဒ်တွင်သုံးရာသီတည်းသာကစားခွင့်ရရှိခဲ့ပြီး လာဇီယိုသို့ ရောင်းချခံခဲ့ရပါတယ်။ ဂျပ်စတမ်းကိုလာဇီယိုသို့ရောင်းချရန်ပြင်လာတဲ့အခါ ဒေးဗစ်ဘက်ဟမ်းအပါအဝင်ယူနိုက်တက်စတားအချို့တို့ တားဆီးနိုင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။ ဂျပ်စတမ်းက “ရောမသို့ရောက်ရုံရှိသေးတယ်။ ဒေးဗစ်ဘက်ဟမ်းဆီကဖုန်းခေါ်လာတယ်။ယူနိုက်တက်ကစားသမားတွေအကြား ဒါနဲ့ပတ်သက်ပြီးပြောနေကြတယ်။ပြီးတော့ကျွန်တော်ဆက်ရှိ နေသင့်တယ်လို့သူတို့ပြောနေကြတယ်။ကျွန်တော်ထွက်ခွာမှုက အားလုံးအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါ။ဘယ်သူမှ မထင်ထားကြဘူး။သူ့ဆီကဒီလိုကြားရတာကျေနပ်တယ်။ ဒါကကျွန်တော်တို့အုပ်စုအကြားဘယ်လောက်နီးနီးကပ်ကပ် ရှိခဲ့တယ်ဆိုတာပြတာပါ။ဒါကြောင့်လည်းထွက်ခွာရခက်ခဲခဲ့တယ်။ ဒါပေမဲ့ဒါကလည်းအချိန်ကာလတခုပါ။ထွက်ခွာတာက […]

အိုးလ်ထရက်ဖို့ဒ်ရဲ့ ငြင်းပယ်မှုကို တွန်းအားအဖြစ်အသုံးချပြီး ဒီရာသီ ၆ ဂိုးအထိ သွင်းယူလိုက်တဲ့ တိုက်စစ်မှူး

September 13, 2022 Wyne 0

ဘရန့်တန် နှင့် ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကြားက ရက်သတ္တပတ်ဟာ ဒီနွေရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမှောင်မိုက်ဆုံး ကာလဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ယူနိုက်တက်က ဘိုလော့နာ တိုက်စစ်မှူး မာကို အနာတိုဗစ်ကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ကြိုးစားနေခဲ့ပါတယ်။ သြစတြီးယား တိုက်စစ်မှူးဟာ တကယ် ထူးဆန်းတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ အသက် […]

ကြိုးကြာကင်စားဖို့ တန်ဟက်ရဲ့ နည်းဗျူဟာတွေကို အတုယူမယ့် အေဂျက်စ်နည်းပြ

September 13, 2022 Wyne 0

အေဂျက်စ်နည်းပြအယ်ဖရက်ရှရူဒါကယနေ့ညအန်ဖီးလ်တွင်လီဗာပူးနှင့် ကစားရမယ့်ချန်ပီယံလိဂ်ပွဲတွင်အဲရစ်တန်ဟက်ရဲ့စနစ်ကိုအတုယူကာ နိုင်ပွဲရယူရေးကြိုးပမ်းသွားမယ်လို့ပြောကြားလာပါတယ်။ အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာရာသီအစရလဒ်ဆိုးရွားနေခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့လတုန်းကအိုးထရက်ဖို့ဒ်တွင်ကလော့ပ်ရဲ့လီဗာပူးကို၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အသက်၄၉နှစ်ရှိရှရူဒါဟာ၂၀၁၉ခုနှစ်တွင် ဟော်ဖန်ဟိမ်းကိုနည်းပြချုပ်အဖြစ်မကိုင်တွယ်မီ အဲရစ်တန်ဟက်ရဲ့ လက်အောက်တွင်၁၈လလက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ရှရူဒါက “ယူနိုက်တက်ပွဲကိုကြည့်ဖြစ်တယ်။သူတို့ဘာလုပ်ခဲ့သလဲကြည့်တယ်။ ကျွန်တော်တို့အတုယူလုပ်ဆောင်ရမယ့်အရာတွေတွေ့တယ်။ ဒီလိုအသင်းမျိုးတွေနဲ့ကစားရတဲ့အခါဘောလုံးနဲ့အရမ်းကောင်းနေဖို့ လိုတယ်။သတ္တိနဲ့ရဲရင့်မှုရှိရမယ်။သတ္တိကတော့အရေးအကြီးဆုံးပေါ့။ ခင်ဗျားမှာဒါတွေသာရှိလာရင်အခွင့်အရေးတစ်ခုတော့ရလာပါမယ်”လို့ ပြောကြားသွားပါတယ်။ အေဂျက်စ်ဟာနွေရာသီတုန်းကဆန်ဒရို မာတီနက်ဇ်ကို မန်ချက်စတာယူနိုက်တက်သို့ရောင်းချခဲ့ရပေမဲ့လည်း နောက်ဆုံး၅ပွဲဆက်ဂိုးမပေးထားရပါဘူး။ zawgyi ကြိုးကြာကင်စားဖို့ တန်ဟက်ရဲ့ နည်းဗျူဟာတွေကို […]

အားနည်းတဲ့ခြေထောက်အတွက် တန်ဟက်ရဲ့ အထူးစပါယ်ရှယ် လေ့ကျင့်ခန်း

September 13, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်ဟာ သူ့အသင်းရဲ့ နည်းစနစ်ပိုင်းကို မြှင့်တင်ဖို့ရာအတွက် ပိုပြီးအားနည်းတဲ့ ခြေထောက်အတွက် လေ့ကျင့်ခန်းတွေ ဆင်းခိုင်းနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ရာသီအစပထမနှစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးလေးပွဲကို ပြန်လည်အနိုင်ရရှိလာပြီး၊ ဒတ်ခ်ျလူမျိုးနည်းပြဟာ အိုးထရက်ဖို့ဒ်မှာ ဆိုးရွားတဲ့ စတင်မှုကနေ ပြန်လာနိုင်ခဲ့ပါတယ်။ မန်ယူကစားသမားတွေဟာ တန်ဟန့်ရဲ့ နည်းစနစ်တွေအပေါ် အထင်ကြီးနေကြပြီး၊ […]

” အသင်းအောင်မြင်မှုရဖို့ ကစားသမားတစ်ယောက်ချင်းစီက အရေးပါတယ်” _ အဲရစ်ဆင်

September 13, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်က ဒီရာသီမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် ကစားသမားတစ်ယောက်ချင်းစီဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ကြတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ဈေးကွက်က ယူနိုက်တက်ကို အလွတ်နဲ့ရောက်ရှိခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တိုင်းမှာ အဓိကကွင်းလယ်လူအဖြစ် ပါဝင်ကစားခွင့်ရနေတာဖြစ်ပါတယ်။ အဲရစ်ဆင်က “အသင်းအောင်မြင်မှုရဖို့ ကစားသမားအားလုံးက အဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်နေကြပါတယ်။ ဒီရာသီမှာ လူစားလဲခွင့် (၅)ဦးအထိရနေတာကလည်း ကောင်းတဲ့အချက်တစ်ခုဖြစ်ပြီး […]