ဒါဘီပွဲစဉ်ကို လွဲချော်မယ့် သရဲနီကစားသမား ၃ ယောက်

October 1, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်က ဒီတစ်ပတ် တနင်္ဂနွေနေ့ညမှာ ကစားသွားမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ပွဲကို အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား လွဲချော်မာဖြစ်ကြောင်းနဲ့ မားကပ် ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီ မာစီရယ်တို့ကလည်း ထရိမ်နင်ပြန်ဆင်းနေပြီ ဖြစ်ပေမယ့်၊ ပါဝင်ဖို့ မသေချာသေးကြောင်း ဆိုခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ တနင်္လာနေ့တုန်းက ဂျာမနီအသင်းနဲ့ တစ်ဖက် သုံးဂိုးစီနဲ့ […]

“တကယ်တမ်း ဟာလန်းသာ မာတီးနက်ဇ်နဲ့တွေ့ရင် လွယ်ကူမှာမဟုတ်ဘူး” _ ဂွါဒီယိုလာ

October 1, 2022 Wyne 0

မန်ချက်စတာစီးတီးနည်းပြ ပပ်ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက် ခံစစ်ကစားသမားဖြစ်သူ လီဆန်ဒရို မာတီးနက်ဇ်အပေါ် ဝေဖန်ကြတာတွေကို ပြန်တုံ့ပြန်လိုက်ပြီး သူ့ရဲ့ အရပ်အမောင်းဟာ တနင်္ဂနွေနေ့မှာ ကစားသွားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး အားလင်း ဟာလန်းကို တားဆီးဟန့်တားဖို့ အားနည်းချက်ဖြစ်မာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မာတီးနက်ဇ်ဟာ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာတဲ့အချိန်မှာ သူ့ရဲ့ အရပ်ကြောင့် ဘောလုံးရေးရာသုံးသပ်သူအများစုရဲ့ […]

ပွဲကြိုအင်တာဗျူးမှာ ဂိုးသွင်းစက်ကို အဖက်လုပ်ပြီး စကားထဲတောင် ထည့်မပြောခဲ့တဲ့ သရဲနီနည်းပြကြီး

October 1, 2022 Wyne 0

မန်ချက်စတာ စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် ( ၂ )သင်းကြား ( ၁၈၈ ) ကြိမ် တွေ့ဆုံမှုအဖြစ် မန်ချက်စတာ ယူနိုက်တက်ကို လက်ခံကစားရဖို့ ရှိနေပါတယ်။ ( ၂ ) သင်းစလုံးက လက်ရှိ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းတွေ ပြသနေကြပြီး သရဲနီတို့က ဒီရာသီ […]

ယူနိုက်တက်ကို စွန့်ခွာဖို့ အသင့်ရှိနေပြီဖြစ်တဲ့ လူငယ်ကြယ်ပွင့်ကစားသမား

October 1, 2022 Wyne 0

မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမားပယ်လစ်စထရီဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် အသင်းကနေထွက်ခွာဖို့ အဆင်သင့်ရှိနေပြီလို့ သတင်းထွက်နေပါတယ်။ အသက်(၂၀)သာရှိသေးတဲ့ ဥရုဂွေးလူငယ်ကြယ်ပွင့်ကစားသမား ပယ်လစ်စထရီဟာ ၂၀၂၀ ခုနှစ်က ပင်နာရိုးလ်အသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပေမယ့် အခုအချိန်အထိ စီနီယာအသင်းအတွက် တစ်ပွဲမှ ကစားခွင့်မရသေးဘဲ ပြီးခဲ့တဲ့ရာသီတွေမှာ အလာဗတ်စ်အသင်းဆီ အငှားချခံခဲ့ရပါတယ်။ ပယ်လစ်စထရီအနေနဲ့ ယူနိုက်တက်အသင်းကြီးမှာ ပွဲကစားခွင့်မရပေမယ့် ဥရုဂွေးလက်ရွေးစင် […]

ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို ရပ်ရှ်ဖို့ဒ် ဆွတ်ခူးခဲ့တဲ့အပေါ် ပရိသတ်တွေ ဘဝင်မကျဖြစ်နေ

October 1, 2022 Wyne 0

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်(၁)လတာအကောင်းဆုံး ကစားသမားဆုကို ရပ်ရှ်ဖို့ဒ် ဆွတ်ခူးခဲ့တဲ့အပေါ် မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေသာမက ကျန်တဲ့ ပြိုင်ဘက်ပရိသတ်တွေကလည်း ဘဝင်မကျဖြစ်နေကြပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ လက်စတာ၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ခဲ့တာကြောင့် (၁)လတာအကောင်းဆုံးဆုကို မန်စီးတီးနာမည်ကျော် ကွင်းလယ်လူ ဒီဘရိုင်းနားကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ပရိသတ်အများစုက ဒီဆုကို […]

မန်ချက်စတာဒါဘီပွဲကို မက်ဂွိုင်းယား လွဲချော်မယ်လို့ အဲရစ်တန်ဟက်အတည်ပြု

October 1, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားဟာ တံကောက်ကြော ဒဏ်ရာကြောင့် တနင်္ဂနွေကျရင် မန်စီးတီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်မှာဖြစ်တယ်လို့ နည်းပြအဲရစ်တန်ဟက်က အတည်ပြုလိုက်ပါတယ်။ မက်ဂွိုင်းယားဟာ ဂျာမနီအသင်းနဲ့ကစားခဲ့တဲ့ Nations League ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ပွဲအပြီးမှာ ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်သွားခဲ့ရပါတယ်။ မက်ဂွိုင်းယားအနေနဲ့ ဘယ်လောက်အထိအနားယူရမလဲဆိုတာ အတိအကျမသိရသေးပေမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်ဖို့က […]

ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူနိုက်တက်မှာ မမျှမတဆက်ဆံခံခဲ့ရတဲ့ ဗန်ဒီဘိခ်

October 1, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့အေးဂျင့်ဟောင်းက သူ့ကစားသမားဟာ ပေ့ါဘာလောက် အရေးပေးမခံရတဲ့အတွက် အသင်းကနေထွက်ခွာဖို့ အလေးအနက်ထားစဉ်းစားခဲ့ဖူးတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ၂၀၂၀၊ နွေရာသီကာလတုန်းက အေဂျက်စ်ကနေ ယူနိုက်တက်ကို ပေါင်သန်း(၄၀)နဲ့ပြောင်းရွှေ့ခဲ့သူ ဗန်ဒီဘိခ်ဟာ လက်ရှိအချိန်အထိ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားလက်ထက်မှာ ဗန်ဒီဘိခ်ဟာ ပွဲထွက်ခွင့်ရဖို့ တစ်နေ့ကို (၁၀)နာရီအထိ ကြိုးစားလေ့ကျင့်ခဲ့ပေမယ့် ဆိုးလ်ရှားက ဗန်ဒီဘိခ်ထက် […]

” ယူနိုက်တက်ကို တစ်ကျော့ပြန်ခရီးက ထင်သလိုမဖြစ်ခဲ့ဘူး ” _ ပေ့ါဘာ

October 1, 2022 Wyne 0

ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေ့ါဘာက မန်ချက်စတာယူနိုက်တက်မှာ ဒုတိယအကြိမ်ကစားခဲ့တဲ့ နှစ်တွေအတွင်း သူ မျှော်လင့်သလိုဖြစ်မလာခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် (၆)နှစ်တာကာလအတွင်း အဓိကဆုဖလားအဖြစ် ယူရိုပါလိဂ်နဲ့ လိဂ်ဖလားသာ ရယူနိုင်ခဲ့သလို နောက်ဆုံး(၃)ရာသီအတွင်း ဒဏ်ရာပြဿတွေနဲ့သာ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့ရာသီကုန်မှာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ပြည့်သွားချိန်မှာတော့ […]

သတင်းစာရှင်းလင်းပွဲမှာ ဒိုလေးအတွက် သတင်းဆိုးကို အတည်ပြုလိုက်တဲ့ မန်ချက်နည်းပြကြီး

September 30, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာ စီးတီးအသင်းကို အီတီဟတ်ကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ မနေ့ကထိ အဆိုပါ ပွဲစဉ်မှာ တိုက်စစ်ပိုင်းကို ဂျေဒန် ဆန်ချို ၊ အန်တိုနီ တို့နဲ့အတူ ခရစ္စတီယာနို ရော်နယ်ဒိုက ဦး‌ဆောင် ကစားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် […]

စီးတီးမှာ ဂွါဒီယိုလာရဲ့အရိုက်အရာဆက်ခံနိုင်ပေမယ့် လုံးဝစိတ်ဝင်စားမှုမရှိခဲ့တဲ့ အဲရစ် တင်ဟာ့ခ်

September 30, 2022 Wyne 0

အဲရစ် တင်ဟာ့ခ်က ပက် ဂွာဒီယိုလာကိုယ်တိုင် သူက မန်ချက်စတာ စီးတီးအသင်းမှာ စပိန်လူမျိုးနည်းပြနေရာ ဆက်ခံနိုင်တဲ့သူဖြစ်လာနိုင်တယ်ဆိုပြီး ပြောဆိုမှုကို လျစ်လျူရှုကာ မန်ချက်စတာ ယူနိုက်တက်အပေါ် ပြောင်းရွေ့ခဲ့တဲ့ အပေါ် နောင်တမရကြောင်း ပြောဆိုလိုက်ပါတယ်။ တင်ဟာ့ခ်ဟာ ဂွာဒီယိုလာ ဘိုင်ယန်မြူးနစ်အသင်းမှာ ရှိစဉ်တုန်းက သူ့ရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် […]