လူစားဝင်ကစားဖို့ စီရော်နယ်လ်ဒို ငြင်းဆန်ခဲ့တဲ့ ရုပ်သံဖိုင် အွန်လိုင်းပေါ်မှာ လူကြည့်များနေ

October 26, 2022 Wyne 0

စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က လူစားဝင်ကစားဖို့ အသင့်လုပ်ခိုင်းချိန်မှာ စီရော်နယ်လ်ဒို ငြင်းဆန်ခဲ့တဲ့ ရုပ်သံဖိုင် အွန်လိုင်းပေါ်မှာ လူကြည့်များနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်၊ ဗုဒ္ဓဟူးနေ့တုန်းက စပါးအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ပွဲမပြီးခင်မှာပဲ ကွင်းထဲက ထွက်သွားခဲ့တာဖြစ်ပြီး အဲရစ်တန်ဟက်က စီရော်နယ်လ်ဒိုဟာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့တယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ […]

အဲရစ်တန်ဟက်နဲ့ စိတ်ကောက်ပြေသွားတဲ့ စီရော်နယ်လ်ဒို အသင်းကြီးမှာ လေ့ကျင့်ခန်းပြန်ဆင်း

October 25, 2022 Wyne 0

မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ နည်းပြအဲရစ်တန်ဟက်နဲ့ တွှေ့ဆုံစကားပြောဆိုခဲ့ပြီးတဲ့နောက် အခုဆိုရင် အသင်းကြီးမှာ လေ့ကျင့်ခန်း ပြန်ဆင်းခွင့်ရသွားပြီဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ အင်္ဂါနေ့၊ မနက်ပိုင်းက ယူနိုက်တက်အသင်းနဲ့အတူ ကာရင်တန်ကွင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပြီး ဒီတစ်ပတ် ကြာသပတေးနေ့ကျရင် ရှရစ်ဖ်နဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စပါးအသင်းနဲ့ […]

ဒိုလေးကို ပမာမခန့်လုပ်ပြီး ပေါ်တင် လှောင်ပြောင်လိုက်တဲ့ ဆဲလ်ဘတ်

October 25, 2022 Wyne 0

မန်ယူကြယ်ပွင့်စီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာထက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းရဲ့မညှာမတာလှောင်ပြောင်ခြင်း ခံလိုက်ရပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူနဲ့လတ်တလောပြသနာကြောင့် ကစားသမားဘ၀ အနိမ့်ပိုင်းကိုရောက်ရှိနေတာပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက သူဟာ ချန်ပီယံလိဂ်ကန်ချင်လို့ မန်ယူထွက်ချင်ခဲ့ပေမယ့် ရီးရဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီနဲ့ အက်သလက်တီကိုတို့လို ဥရောပအသင်းကြီးတွေက အဲဒီပေါ်တူဂီသားကို စိတ်မဝင်စားကြောင်း ငြင်းဆန်ခဲ့ကြပါတယ်။ တန်ဟက်လက်ထက် ဒီရာသီမှာလည်း စီရော်နယ်ဒိုဟာ ခြေစွမ်းအရ […]

သရဲနီတွေနဲ့ ရင်ဆိုင်ရမှာကြောက်လို့ ရှရစ်ဖ်နည်းပြ နှုတ်ထွက်သွားပြီ

October 25, 2022 Wyne 0

မော်လ်ဒိုဗာကလပ် ရှရစ်ဖ်အသင်းနည်းပြဖြစ်သူ စတီဖန်တိုမက်စ်ဟာ နည်းပြရာထူးကနေ ရုတ်တရက်ဆိုသလို နုတ်ထွက်သွားပြီဖြစ်ပါတယ်။ ရှရစ်ဖ်အသင်းဟာ ယူနိုက်တက်အသင်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာကစားရမှာဖြစ်ပြီး ပွဲမကစားခင် ရက်ပိုင်းအလိုမှာပဲ စတီဖန်တိုမက်စ်တစ်ယောက် ရာထူးက ချက်ချင်းဆိုသလို နုတ်ထွက်သွားတာကြောင့် ယူနိုက်တက်ကို ရင်မဆိုင်ရဲလို့များလားလို့ ဟာသလုပ်မေးခွန်းထုတ်ရမှာပါ။ ရှရဖ်စ်အသင်းဟာ ဒီရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ (၁၂)ပွဲကစား၊ (၂၇)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေပြီး […]

ဂလေဇာတို့ မန်ချက်ကို သိမ်းပိုက်နိုင်အောင် အဓိကဇာတ်ဆောင်ခဲ့တဲ့ ပြိုင်မြင်းကြီး 6သေဆုံးသွားပြီ။

October 25, 2022 Wyne 0

မန်ယူနည်းပြဟောင်းဖာဂူဆန်တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်မြင်းလောကရဲ့အကျော်ဇေယျဖြစ်တဲ့ Rock of Gibralter ဆိုတဲ့ မြင်းဟာ ၂၃ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ အထင်ကရဖြစ်ခဲ့တဲ့ ဒီပြိုင်မြင်းဟာ တရားရုံးမှာ အမှုဖြစ်ရလောက်အောင် အရေးပါခဲ့ပြီး အဲဒါကပဲ မန်ယူကို ဂလေဇာတို့အပိုင်သိမ်းနိုင်ခဲ့တဲ့ အကြောင်းရင်းဖြစ်ခဲ့တာပါ။ ၂၀၀၂ တုန်းက ဥရောပရဲ့အကောင်းဆုံးမြင်းဆုကို ရရှိခဲ့တဲ့ Rock of […]

ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲစဉ်ပြက္ခဒိန်ထုတ်ပြန်လာပြီးနောက် သရဲနီဖန်တွေနဲ့ အာကြီးဖန်တွေ အကြီးအကျယ်ဒေါသထွက်

October 25, 2022 Wyne 0

ယူနိုက်တက်နှင့်အာဆင်နယ်ပရိသတ်များဟာပရီးမီးယားလိဂ်က ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲစဉ်ပွဲပြက္ခဒိန်ကြေညာ လာပြီးနောက် အကြီးအကျယ်ဒေါသထွက်လျက်ရှိပါတယ်။ ပရီးမီးယားလိဂ်ကလပ်များဟာ ဘောက်ဆင်းဒေးပွဲစဉ်များကို ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းပြီးနောက်ထုတ်ပြန် ကြေညာလာတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က၎င်းတို့ဟာ ပွဲများအကြားအချိန်များစွာရရှိရေးအတွက်အထူးစီမံထားကြောင်းလည်း ဆိုထားပါတယ်။ ဘောက်ဆင်ဒေးပွဲများဖြစ်တဲ့ချဲလ်ဆီး-ဘုန်းမောက်၊ လိဒ်-မန်စီးတီးနှင့်ယူနိုက်တက်-နော်တင်ဟမ်ဖောရက်စ်ပွဲတို့မှာ ရက်နောက်ဆုတ်ပြီးကစားရပါမယ်။ ပရီးမီးယားလိဂ်ကယင်းအပြောင်းအလဲကြောင့် ကစားသမားများအနေဖြင့်ပွဲတစ်ပွဲနှင့်တစ်ပွဲအကြားနားချိန်ပိုလာရမှာဖြစ်ပြီး ၄၈ နာရီအတွင်းပွဲကစားလာရမှာမဟုတ်ကြောင်းဆိုထားပါတယ်။ ဒါပေမဲ့ယူနိုက်တက်နှင့်အာဆင်နယ်ပရိသတ်များဟာပွဲစဉ်ပြန်လည် ရေးဆွဲလာမှုနှင့်ပတ်သက်ပြီးအပြင်းအထန်ဝေဖန်နေကြပါတယ်။ ယူနိုက်တက်ပရိသတ်တစ်ဦး “မယုံကြည်နိုင်စရာ ကျုပ်တို့ပွဲပြက္ခဒိန်ပဲ။ ဘောက်ဆင်ဒေးပွဲက၂၇ရက်နေ့ညနေ၈နာရီသို့ပြောင်းလိုက်ပြီ။ တကယ့်ဟာသပဲ”လို့ဆိုသွားပါတယ်။ […]

ဒီရာသီမှာ သရဲနီတို့ အမှတ်ပေးဖလား စိန်ခေါ်နိုင်တဲ့ အကြောင်းအရင်း

October 25, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒီရာသီ အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ဘူးဆိုရင်တောင် ခြေစွမ်းကောင်းမွန်မှုရှိပါက ယူနိုက်တက်အနေနဲ့ အဲရစ် တင်ဟာ့ခ်ကိုပဲ ဆက်လက် ယုံကြည်ပေးဖို့ အသင့်ရှိနေပါတယ်။ ဒတ်ချ်နည်းပြဟောင်းအနေနဲ့ ရာသီအဖွင့် ပွဲစဉ်တွေမှာ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ်အသင်းတွေကို အရေးနိမ့်ခဲ့ပြီးနောက် […]

တန်ဟက်နဲ့ ထိပ်တိုက်ဖြေရှင်းဖို့ ရော်နယ်ဒို ကာရင်တန်ကို ရောက်နေပြီ။

October 25, 2022 Wyne 0

ခရစ္စတီယာနိုရော်နယ်ဒိုဟာအဲရစ်တန်ဟက်နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်မန်ချက်စတာယူနိုက်တက်လေ့ကျင့်ရေးကွင်းသို့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပေါ်တူဂီစူပါစတားဟာစနေနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ် ကွင်းတွင်ချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျပွဲတွင်ချန်လှပ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာစပါးစ်ကိုအနိုင်ရတဲ့ပွဲတွင် နောက်ကျအရန်အဖြစ်ဝင်မကစားလိုမှုနှင့်အတူပွဲပြီးရန်၄မိနစ်အလိုတွင် အရန်ခုံမှထကာဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်သွားခဲ့ပြီးနောက် ယူနိုက်တက်ပထမအသင်းမှဖယ်ရှားခံရသလို ချဲလ်ဆီးနှင့် ပွဲလူစာရင်းတွင်လည်းချန်လှပ်ခံခဲ့ရပါတယ်။ သူဟာနှစ်ပတ်လုပ်ခ ပေါင်၇၂၀၀၀၀လည်းဒဏ်ရိုက်ခြင်းခံခဲ့ရပါသေးတယ်။ အစောပိုင်းတုန်းကအဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့် တွေ့ဆုံဆွေးနွေးမှုကိုတနင်္လာနေ့တွင်ပြုလုပ်ရန်စီစဉ်ထားပေမဲ့ တစ်သင်းလုံးကိုအနားပေးလိုက်မှုနှင့်အတူ ယနေ့အင်္ဂါနေ့သို့ ရွှေ့ဆိုင်းလိုက်ရတာပါ။ ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုဟာ ယူနိုက်တက်လေ့ကျင့်ရေးကွင်းသို့ရောက်ရှိနေပြီဖြစ်ပြီးအဲရစ်တန်ဟက်နှင့် ဆွေးနွေးသွားတော့မှာဖြစ်ပါတယ်။ သူဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ချစ်သူဂျော်ဂျီနာကလက်ဆောင်ပေးထားတဲ့ပေါင်၁၅၀၀၀၀တန် Cadillac Escalade […]

ဒိုလေးကို ထွက်ခွာခွင့်ပြုလိုက်ပါက တန်ဟက် ထိုင်ငိုသွားနိုင်တဲ့ တုန်လှုပ်ဖွယ် မှတ်တမ်းအချက်အလက်များ

October 25, 2022 Wyne 0

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်ဒုတိယမြောက်ခရီးစဉ်ကတော့ ဆိုးဆိုးရွားရွားအဆုံးသတ်လာမယ့်ကိန်းဆိုက်နေပြီဖြစ်ပါတယ်။ ပေါ်တူဂီစူပါစတားဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကယူနိုက်တက်သို့ တကျော့ပြန်ရောက်လာပြီးနောက်ပရိသတ်များအကြီးအကျယ် ပျော်ရွှင်ခဲ့ကြပါတယ်။ဒါပေမဲ့လက်ရှိအနေအထားအရသူဟာ အိုးထရက်ဖို့ဒ်သို့ရောက်ပြီးတစ်နှစ်ကျော်ကာလမှာဘဲထွက်ခွာဖို့ ဟန်ပြင်နေပြီဖြစ်ပါတယ်။ အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာ အဲရစ်တန်ဟက်ရောက်လာပြီးနောက် အရန်ခုံတွင်သာအချိန်အများစုကို ဖြုန်းတီးနေခဲ့ရပြီး သူ့ကိုသုံးသင့်/မသုံးသင့်နှင့်ပတ်သက်ပြီးအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ သူဟာအဲဗာတန်နှင့်ပွဲတွင်ကလပ်ကစားသမားဘဝ ဂိုး၇၀၀မြောက်ဂိုးကိုသွင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာပြီးခဲ့တဲ့အပတ် ကြားရက်တုန်းကစပါးစ်နှင့်ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ကစားရန် ငြင်းဆိုပြီးနောက် ယူနိုက်တက်ပထမအသင်းမှဖယ်ရှားခံခဲ့ရတဲ့အပြင် ချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်လည်းချန်လှပ်ခံခဲ့ရပါတယ်။ ချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာယခုရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒို ပါဝင်ကစားခွင့်မရတဲ့တတိယမြောက်ပွဲဖြစ်ပါတယ်။ သူဟာယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်ခြောက်ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပြီးပုံမှန်အရန်ခုံမှာထိုင်နေရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်တဲ့ပွဲများတွင် ယူနိုက်တက်ဟာတစ်ပွဲနိုင်၊ […]

စတန်းဖို့ဒ်ဘရစ်ချ်က သရေပွဲစဉ်မှာ ခြေစွမ်းပြခဲ့လို့ ရှရိဖ်နဲ့ပွဲစဉ်မှာလည်း သရဲနီကြယ်ပွင့်ကို ပွဲထွက်ခွင့်ပေးမယ်…

October 25, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီအပတ်ကြားရက်မှာ ရှရိဖ်အသင်းကို အိုးထရတ်ဖို့ဒ်တွင် လက်ခံကစားရဖို့ရှိနေပြီး အဓိက ကစားသမားအချို့ အနားရဖွယ်ရှိပါတယ်။ မန်နေဂျာ အဲရစ် တင်ဟာ့ခ်ကတော့ ရီးရဲဆိုစီဒက်စ်နဲ့ ‌နောက်ဆုံးပွဲမတိုင်ခင် လာလီဂါကလပ်နဲ့ ( ၃ ) မှတ်ကွာ အနေအထားမှာ ရှိလိုတာကြောင့် အနိုင်ရဖို့အစွမ်းကို ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် […]