ယူနိုက်တက်စတားခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပီအက်စ်ဂျီစတား လီယွန်နယ်မက်ဆီတို့ရဲ့ဓာတ်ပုံဟာဆိုရှယ်မီဒီယာသမိုင်းတွင် သမိုင်းဝင်ဓာတ်ပုံတစ်ပုံဖြစ်လာခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ဟာလက်ရှိဘောလုံးလောကရဲ့အကြီးကျယ်ဆုံး ကစားသမားများအဖြစ်သတ်မှတ်ခံလာခဲ့ကြသူများဖြစ်ကြပြီး Ballon d’Or ဆုကို ၁၂ကြိမ်ဆွတ်ခူးထားပါတယ်။ ဘောလုံးစူပါစတားနှစ်ဦးတို့ဟာဖက်ရှင်ကုမ္ပဏီ Louis Vuitton နှင့် ပူးပေါင်းကာဓာတ်ပုံအတွဲရိုက်ကူးမှုပြုလုပ်ခဲ့ကြပြီး ဆိုရှယ်မီဒီယာတွင် အသီးသီးတင်ခဲ့ကြပါတယ်။ ယင်းဓာတ်ပုံတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ဟာ Lois Vuitton သေတ္တာပေါ်တွင် စစ်တုရင်ထိုးနေကြတာလည်းဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံမှာကမ္ဘာ့တလွှား ပြောစမှတ်တွင်လောက်အောင်လူပြောများခဲ့ပြီး၎င်းတို့နှစ်ဦးပေါင်း […]