မန်ချက်စတာယူနိုက်တက်အတွက်ခရစ္စတီယာနိုရော်နယ်ဒိုနောက်ဆုံးဝတ်ခဲ့တဲ့ ယူနိုက်တက်အင်္ကျီ(နောက်ဆုံးဖြစ်လာနိုင်)ကိုလေလံတင်ရောင်းချခဲ့ရာ ပေါင်၃၉၀၀၀ဖြင့်ရောင်းချခဲ့ရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယူနိုက်တက်အတွက်နောက်ဆုံးကစားတဲ့ပွဲအဖြစ်ယခုလအစောပိုင်းတုန်းက ဗီလာကိုရှုံးနိမ့်တဲ့ပွဲမှာကစားခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင် အဖြစ်လည်းတာဝန်ယူခဲ့တဲ့ပွဲဖြစ်ပါတယ်။ ယင်းပွဲစဉ်တွင်ခရစ္စတီယာနို ရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့အဖြူရောင်ယူနိုက်တက်အင်္ကျီကိုလေလံတင် ရောင်းချမှုပြုလုပ်ခဲ့ရာမှာ အမည်မဖော်လိုသူတရုတ်ပရိသတ်တစ်ဦးက ပေါင်၃၉၀၀၀ကျော်ဖြင့်လေလံအောင်သွားခဲ့ပါတယ်။ ယင်းအင်္ကျီမှာယူနိုက်တက်အတွက်ခရစ္စတီယာနိုရော်နယ်ဒို နောက်ဆုံးဝတ်ဆင်ခဲ့တဲ့အင်္ကျီဖြစ်လာဖို့သေချာသလောက်ရှိနေပါတယ်။ အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ TalkTV အင်တာဗျူးတွင် ယူနိုက်တက်၊ နည်းပြအဲရစ်တန်ဟက်၊ အသင်းပိုင်ရှင်ဂလေဇာမိသားစုတို့ကိုဝေဖန်မှုများပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်းယူနိုက်တက်ဟာအသင်းရဲ့စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့၇လကျန် ပေါင်၁၆သန်းတန်ဖိုးရှိ စာချုပ်ကိုနစ်နာကြေးတစ်ပြားမျှမပေးဘဲစာချုပ်ဖျက်သိမ်းရန် […]