ဝက်စ်ဟမ်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ဒီကလန်ရိုက်စ် ငြင်းဆန်ခဲ့လို့ ယူနိုက်တက်အတွက် မျှော်လင့်ချက်ရှိလာ

May 13, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားနေတဲ့ အင်္ဂလန် လက်ရွေးစင်ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ ဒီကလန်ရိုက်စ်ကို ယူနိုက်တက်၊ ချယ်လ်ဆီးစတဲ့ ထိပ်သီးအသင်းတွေက ခေါ်ယူလိုနေတာကြောင့် ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့လူငယ်ကစားသမားကို လက်မလွှတ်ရစေဖို့အတွက် တစ်ပတ်ပေါင်(၂၀၀,၀၀၀)အထိ လစာငွေတိုးမြှင့်ပေးပြီးတော့ (၈)နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ချုပ်ဆိုဖို့စီစဉ်ခဲ့တာဖြစ်ပေမယ့် ဒီကလန်ရိုက်စ်က ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ ဒီကလန်ရိုက်စ်ဟာ […]

မန်ယူနိုက်တက်က ဒီဂျောင်ကို မခေါ်ယူသင့်ကြောင်း ဖော်ပြနေတဲ့ အချက် ( ၃ ) ချက်

May 13, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ရေပန်းစားနေပြီး စပိန်ဂျာနယ်လစ်က ဂျာရတ် ရိုမဲရိုးက ဒတ်ချ်လက်ရွေးစင်ဟာ အိုးထရတ်ဖို့ဒ်ကို ပြောင်းဖို့ ( ၉၅ ) ရာခိုင်နှုန်း သေချာနေပြီလို့ ဆိုထားပါတယ်။ ဘာစီလိုနာအသင်းက ဒီဂျောင်ကို ရောင်းချပြီး ဝင်‌ေငွရရှိဖို့ ပစ်မှတ်ထာ‌း […]

ယူနိုက်တက်အသင်းမှာ ဗန်ဒီဘိခ်ရဲ့အနာဂတ်ဆက်ရှိနေဆဲ . . .

May 13, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ယက်ပ်စတမ်းက ဗန်ဒီဘိခ်ဟာ အရည်အချင်းရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ သူ့ရဲ့အနာဂတ်ဆက်ရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ၂၀၂၀၊ နွေရာသီတုန်းက အေဂျက်စ်အသင်းကနေပြောင်းရွှေ့ခဲ့သူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပြီး ဒီရာသီမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အဲဗာတန်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ရပါတယ်။ ဗန်ဒီဘိခ်အနေနေဲ့ ပရီးမီးယားလိဂ်ကစားဟန်နဲ့အသားကျဖို့ ရုန်းကန်နေရပေမယ့် လာမယ့်နည်းပြသစ် အဲရစ်တန်ဟက်လက်အောက်မှာတော့ အေဂျက်စ်အသင်းမှာကစားခဲ့ချိန်က ခြေစွမ်းမျိုးပြသနိုင်မယ်လို့ […]

ယူနိုက်တက်ယူ-၂၃ (၁)နှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးခဲ့တဲ့ အယ်လ်ဗာရိုဖာနန်ဒက်ဇ်

May 13, 2022 Wyne 0

မန်ချက်တာယူနိုက်တက်ယူ-၂၃အသင်းနောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်ဇ်ဟာ ၂၀၂၁-၂၂ ရာသီ (၁)နှစ်တာအကောင်းဆုံးဆု (Denzil Haroun Reserve-Team Player of the Year award)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အသက်(၁၉)နှစ်သာရှိသေးတဲ့ အယ်လ်ဗာရို ဖာနန်ဒက်ဇ်ဟာ ၂၀၂၀၊ စက်တင်ဘာလတုန်းက ရီးယဲလ်လူငယ် အသင်းကနေ ယူနိုက်တက်အကယ်ဒမီကို (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး […]

စပို့တင်းအသင်းက နောက်ခံလူငယ်ကစားသမားလေးကို မျက်စိကျနေပြန်တဲ့ ယူနိုက်တက်

May 12, 2022 Wyne 0

ယူနိုက်တက် အသင်း ရဲ့ နည်းပြသစ် အဲရစ် တန်ဟက် ဟာ အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ အဓိက အကျဆုံး ပြင်ဆင်မှု ဖြစ်တဲ့ နောက်တန်းအရေးအတွက် ကစားသမားတွေကို အဓိကဦးစားပေးရှာဖွေနေပါတယ်။ အဲဒီလို ရှာဖွေရာမှာ ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်း ဗဟိုနောက်ခံလူ ဂွန်ကာလို အင်နာစီယိုအတွက် […]

ယူနိုက်တက်ကို အမြဲတမ်းဦးစားပေးအဖြစ် ရင်ထဲမှာ မှတ်ကျောက်တင်ထားတဲ့ သရဲနီချစ် ကာဗာနီ

May 12, 2022 Wyne 0

ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဥရုဂွေး ဝါရင့်တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ လာမယ့်ဈေးကွက်အတွင်း အသင်းပြောင်းပါတော့မယ်။ အသက်(၃၅)နှစ်အရွယ်ရှိ တိုက်စစ်မှူးကြီး ကာဗာနီဟာ ၂၀၂ဝခုနှစ် နွေရာသီကမှ ပီအက်စ်ဂျီကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ယူနိုက်တက် ကစားသမားဘဝ ပထမရာသီမှာ အသင်းအတွက် သွင်းဂိုး(၁၇)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယရာသီဖြစ်တဲ့ […]

FA ဖလားရခဲ့ပေမယ့် အောင်မြင်မှုပန်းတိုင်ဆီရောက်ဖို့ ခက်ခဲကြမ်းတမ်းတဲ့လမ်းကိုကျော်ဖြတ်ရဦးမယ့် သရဲနီမျိုးဆက်သစ်များ

May 12, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အကယ်ဒမီအကြီးအကဲဖြစ်သူ နစ်ကော့စ်က အသင်းလူငယ်ကစားသမားလေးတွေဟာ စီနီယာအသင်းမှာ ပါဝင်ကစားခွင့်ရဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ခရီးရှည်ကြီးကို ကျော်ဖြတ်ရမှာဖြစ်တယ်လို့ သတိပေးစကားဆိုလိုက်ပါတယ်။ ယူနိုက်တက်ယူ-၁၈အသင်းဟာ လူငယ် FA ဖလားဗိုလ်လုပွဲမှာ နော်တင်ဟမ်ဖော်ရက်စ်ကို(၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ချန်ပီယံဆုဖလားကို ပြန်လည်ရယူခဲ့သလို ပြိုင်ပွဲတစ်လျှောက် (၁၁)ကြိမ်မြောက်ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီဗိုလ်လုပွဲကို စံချိန်တင်အဖြစ် ပရိသတ်(၆၇,၄၉၂)ဦးလာရောက်ကြည့်ရှုခဲ့ပြီး ဂန္ထဝင်နည်းပြကြီးဖာဂူဆန်နဲ့အတူ နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ […]

အသင်းမှာ နှစ်ရှည်ထိန်းထားနိုင်ဖို့ ဒက်လန်းရိုက်စ်ကို ရှစ်နှစ်စာချုပ်နဲ့ ၀က်စ်ဟမ်းကမ်းလှမ်း 😱

May 12, 2022 Wyne 0

ဝက်စ်ဟမ်းဟာဒက်လန်းရိုက်စ်ကိုအသင်းတွင်နှစ်ရှည်ထိန်းထားနိုင်ရေးအတွက် ရှစ်နှစ်စာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်လာကြောင်းသိရပါတယ်။ အသက်၂၃နှစ်ရှိရိုက်စ်ဟာမတ်နိုဘယ်မှာပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးလာပြီးနောက် ယခုရာသီတစ်ခုလုံးဝက်စ်ဟမ်းကိုအသင်းခေါင်းဆောင် အဖြစ်ဦးဆောင်လာသူလည်းဖြစ်ကာ ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာနွေရာသီတွင်အသင်းမှထွက်ခွာမယ်လို့သတင်းပြေးနေတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကိုအသင်းတွင်ကာလရှည်ထိန်းထားလိုနေပါတယ်။ ဒက်လန်းရိုက်စ်ရဲ့ဝက်စ်ဟမ်းနှင့်စာချုပ်မှာ၂နှစ်ကျန်နေသေးတဲ့အပြင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်းပါဝင်ပါတယ်။ ယနေ့မှာ talkSPORT ရဲ့ဖော်ပြမှုအရဝက်စ်ဟမ်းဟာဒက်လန်းရိုက်စ်ကို ရှစ်နှစ်စာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်လာကြောင်းသိရပါတယ်။ ဝက်စ်ဟမ်းဟာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀တန်၈နှစ်စာချုပ်ကမ်းလှမ်း လာတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့တဖက်တွင်ဒက်လန်းရိုက်စ်နှင့်အေးဂျင့်တို့က အခြားထိပ်သီးကလပ်တစ်ခုသို့ပြောင်းပါကတစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀မှ ပေါင်၄၀၀၀၀၀အကြားရရှိနိုင်ခြေရှိနေမှုကြောင့်ဝက်စ်ဟမ်းရဲ့စာချုပ်သစ် ပယ်ချလာဖို့ရှိနေပါတယ်။ ဝက်စ်ဟမ်းဟာတကယ်လို့များဒက်လန်းရိုက်စ်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချလာပါကလည်းလာမယ့်နွေရာသီတွင်ရောင်းချဦးမှာ မဟုတ်သေးဘဲအနည်းဆုံးနောက်ထပ်တစ်ရာသီထိန်းသွားဖို့ရှိပါတယ်။ zawgyi […]

အကောင်းဆုံးကစားသမားဆုနဲ့အတူ စံချိန်သစ်တွေ ထပ်တင်ခဲ့တဲ့ ရော်နယ်ဒို

May 12, 2022 Wyne 0

ခရစ္စတီယာနို ရော်နယ်ဒိုက သူ့အတွက် သမိုင်းဝင်ဘောလုံးရာသီတစ်ခုမှာ နောက်ထပ် စံချိန်သစ်တွေ ရယူခဲ့ပြန်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က စိတ်ပျက်စရာဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ထားပေမယ့် ရော်နယ်ဒိုရဲ သွင်းဂိုးတွေကတော့ ရပ်တန့်မယ့်အရိပ်အယောင် တစ်စုံတစ်ရာ မတွေ့ရပါဘူး။ ပေါ်တူဂီ လက်ရွေးစင်ဟာ ယူနိုက်တက်ကို ပြန်လာပြီးနောက် လက်ရှိရာသီ အစောပိုင်းကာလတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ […]

League One ကလပ် လင်ကွန်းကို မိုက်ကယ်ကာရစ် တာဝန်ယူမည်

May 12, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်လက်ထောက်နည်းပြဟောင်းမိုက်ကယ်ကာရစ်ဟာ League One ကလပ် လင်ကွန်းစီးတီးအသင်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အသက်(၄၀)အရွယ်ရှိပြီဖြစ်သူကာရစ်ဟာ ယူနိုက်တက်အသင်းမှာ မော်ရင်ဟို၊ ဆိုးလ်ရှားတို့ရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက နည်းပြရာထူးကနေ ဆိုးလ်ရှားအထုတ်ခံခဲ့ရချိန်မှာ ယာယီနည်းပြအဖြစ်(၃)ပွဲကိုင်တွယ်ခဲ့ပြီး (၂)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ယာယီနည်းပြအဖြစ်ရန်နစ်ခ်ကို ခန့်အပ်လိုက်ချိန်မှာတော့ ကာရစ်ဟာ အသင်းနဲ့လမ်းခွဲခဲ့ပြီး အခုအချိန်မှာ သူ့ကို […]