ဒါလိုအတွက် သတင်းကောင်း ၊ ဝီလီယံအတွက် သတင်းဆိုး

May 20, 2022 Wyne 0

မန်ချက်စတာ ညနေခင်း သတင်းရဲ့ ဖော်ပြချက်အရ နည်းပြသစ် အဲရစ် တန်ဟာ့ခ်ဟာ ဒီယေဂို ဒါလိုကို လာမယ့်ရာသီအတွက် အသင်းမှာ ဆက်ရှိနေစေလိုကြောင်း သိရပါတယ်။ အသက် ( ၂၃ ) နှစ်အရွယ် ဒါလိုဟာ ညာအစွန်နောက်ခံလူနေရာမှာ ဝမ်ဘစ်ဆာကာကို ကျော်လွန်ပြီး ဦးစားပေး ကစားခွင့်ရလာသလို ပြီးခဲ့တဲ့ […]

အသက်အကြီးဆုံး သရဲနီပရိသတ်အတွက် ဆာအဲလက်စ်ရဲ့ အံ့အားသင့်ဖွယ် ဖြည့်ဆည်းပေးမှု

May 20, 2022 Wyne 0

ဆာအဲလက်စ်ဖာဂူဆန်ဟာမန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်စဉ်ကာလအတွင်းများစွာလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့စကော့တလန်ဂန္ထဝင်နည်းပြကြီးရဲ့ယူနိုက်တက်ရဲ့ အသက်အကြီးဆုံးတစ်ရာသီစာလက်မှတ်ကိုင်ဆောင်သူပရိသတ်အတွက် လုပ်ဆောင်ပေးခဲ့တဲ့အရာအချို့ကိုတော့ လူတော်တော်များများသိကြမှာမဟုတ်ပါဘူး။ လက်စတာမာကျူရီသတင်းထောက်ဟောင်းဂျီရီမီကလေးရဲ့ဖွင့်ဟပြောကြားလာတဲ့ ဇာတ်လမ်းတစ်ပုဒ်အရအသက်၉၀နှစ်ကျော်အရွယ်ယူနိုက်တက်အမာခံ ပရိသတ်အလိုက်စ်ဟာရုံးခန်းသို့ပုံမှန်ဖုန်းဆက်ပြီးယူနိုက်တက်သတင်းတွေ များများရေးဖို့ပြောကြားလေ့ရှိကြောင်းသိရပါတယ်။ နောက်ပိုင်းတွင်အလိုက်နှင့် ကလေးတို့တွေ့ဆုံစကားပြောဖြစ်ကြပါတယ်။ယင်းသို့စကားပြောရာမှာ ဆာအဲလက်စ်ဖာဂူဆန်ကယူနိုက်တက်ရဲ့အသက်အကြီးဆုံးတစ်ရာသီစာ လက်မှတ်ပိုင်ရှင်အတွက်ဆာအဲလက်စ်ဖာဂူဆန်လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေကိုသိခွင့်ရလာခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ ၁၉၉၀ခုနှစ်များမှ သူကိုင်တွယ်တဲ့ကာလတစ်လျှောက်လုံးစနေနေ့ပွဲဖြစ်ဖြစ်၊ တနင်္ဂနွေနေ့ပွဲဖြစ်ဖြစ်၊ယူနိုက်တက်ပွဲရှိတဲ့ရက်တိုင်း အလိုက်စ်အတွက် အင်မတန်ကြီးကျယ်တဲ့အရာတစ်ခုလုပ်ဆောင်ပေးခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာယူနိုက်တက်ရဲ့အိမ်ကွင်းပွဲစဉ်တိုင်း အရှေ့အလယ်ပိုင်း(လက်စတာ)မှအိုးထရက်ဖို့ဒ်သို့ အလိုက်စ်လာရောက် ကြည့်ရှုနိုင်ရန်အတွက်မီနီဘတ်စ်တစ်စီးစီစဉ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ […]

ရော်ဘီဆာဗေ့ရဲ့သားကို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်ပြီ

May 20, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဟာရော်ဘီဆာ့ဗေ့ချ်ရဲ့သားချာလီကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ အသက်၁၉နှစ်ရှိချာလီဟာ စာချုပ်သစ်ကြောင့်၂၀၂၅ခုနှစ်၊ဇွန်လအထိအိုးထရက်ဖို့ဒ်တွင်ရှိနေမည်ဖြစ်ပြီး စာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ ချာလီဟာအသက်၉နှစ်အရွယ်ကတည်းက ယူနိုက်တက်အကယ်ဒမီသို့ရောက်လာခဲ့သူဖြစ်ပြီးဒီဇင်ဘာလတုန်းက ယန်းဘွိုင်းနှင့်ကစားရမယ့်ပွဲတွင်ယူနိုက်တက်အတွက်ပထမဆုံးစီနီယာပွဲ ကစားခွင့်ရခဲ့ပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာဝေးလ်ယူ-၁၇၊ ယူ-၁၉အသင်းတို့အတွက်လည်းကစားထားပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်ယူ-၁၈အတွက်၂၃ပွဲပွဲထွက်ကစားခဲ့သလိုယူ-၂၃အသင်းအတွက်လည်း ၁၉ပွဲကစားခဲ့ပါတယ်။ ချာလီဆာ့ဗေ့ချ်ရဲ့ဖခင်ဖြစ်သူရော်ဘီဆာ့ဗေ့ချ်မှာလည်း မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး Class 92 ကစားသမားတစ်ဦးဖြစ်ပါတယ်။ zawgyi ရော်ဘီဆာဗေ့ရဲ့သားကို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်ပြီ မန်ချက်စတာယူနိုက်တက်ဟာရော်ဘီဆာ့ဗေ့ခ်ျရဲ့သားချာလီကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ […]

လန်ဒန်မှာ လျှို့ဝှက် အစည်းအဝေးသွားနေတဲ့ တန်ဟာ့ခ်ကို မြင်တွေ့ရစဥ်

May 20, 2022 Wyne 0

လာမယ့်ရာသီကစပြီး မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်‌တော့မယ့် သရဲနီတို့ရဲ့ နည်းပြသစ် အဲရစ် တန်ဟာ့ခ်ကို လန်ဒန်မြို့မှာ မြင်တွေ့ခဲ့ရပါတယ်။ ဒတ်ချ်နည်းပြဟာ အမ်စတာဒရမ်ကနေ ကိုယ်ပိုင်ဂျက်လေယာက်ဖြင့် ပျံသန်းလာခဲ့ပြီး‌ေနာက် ဗုဒ္ဓဟူးနေ့မှာ အင်္ဂလန်မြို့တော်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ တန်ဟာ့ခ်က ယူနိုက်တက်ကို ယခင်အောင်မြင်မှုနေ့ရက်တွေထံ ပြန်လည် ပို့ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် ချက်ချင်းဆိုသလို […]

“ ဟာနီဘယ် ပွဲကစားခွင့်ပိုရဖို့ မျှော်လင့်ပါတယ်။” _ မာတစ်

May 20, 2022 Wyne 0

နီမာနီယာ မာတစ်က သရဲနီတို့အတွက် နောက်ဆုံး ကစားခွင့်ရမယ့် ပွဲစဥ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား ဟာနီဘယ် မစ်ဂျ်ဘရီကို ချီးကျူးခဲ့ပါတယ်။ မာတစ်က ရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိကြောင်း အတည်ပြုထားပြီးဖြစ်တာကြောင့် လာမယ့် ခရစ္စတယ် ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဥ်က သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ […]

မန်ယူပရိသတ်တွေ တိုက်ခိုက်မှာစိုးလို့ မြို့ခံပြိုင်ဘက်ထံ မပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ကွင်းလယ်လူ

May 20, 2022 Wyne 0

လွန်ခဲ့တဲ့ နှစ်တွေအတွင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ မီဒီယာ‌လောကမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခုဖြစ်ခဲ့တဲ့ ပေါလ် ပေါ့ဘာဟာ ယခုနွေရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာ‌တော့မယ်လို့ သိရပါတယ်။ အသက် ( ၂၉ ) နှစ်အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ( ၁၀ ) နှစ်တုန်းကလိုပဲ ဂျူဗင်တပ်အသင်းထံ […]

တန်ဟာ့ခ်က ယူနိုက်တက် ကစားသမား ( ၃ ) ဦးကို ရှင်းထုတ်တော့မည်။

May 20, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားရှင်းထုတ်ရေး အစီအစဉ်တွေကတော့ စတင်နေပါပြီ။ လွန်ခဲ့တဲ့ ( ၁၂ ) နာရီအတွင်းမှာပဲ ကစားသမား ( ၃ ) ဦးက အသင်းပြောင်းရတော့မယ်လို့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဖာဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ အဲရစ် ဘိုင်လီ နှင့် အာရွန် ဝမ်ဘစ်ဆာကာ […]

ခြေစွမ်းပျောက်ဆုံးနေတဲ့ ပရဟိတမင်းသားကို အသင်းမှာ ဆက်ထိန်းသွားမယ့် နည်းပြသစ်ကြီး

May 20, 2022 Wyne 0

အဲရစ်တန်ဟက်ဟာ ခြေစွမ်းပျောက်ဆုံးကာယုံကြည်မဲ့နေတဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်ကိုအသင်းတွင်ဆက်ထိန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြသစ်ဟာ အသက်၂၄နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးကိုဆက်ထိန်းကာ သူ့ရဲ့လာမယ့်ရာသီစီမံကိန်းတွင်ထည့်သွင်းသွားမှာလည်းဖြစ်ပါတယ်။ အဲရစ်တန်ဟက်ဟာဗုဒ္ဓဟူးနေ့တုန်းကအေးဂျင့်ကီးဗလို့စ်နှင့်အတူ လန်ဒန်သို့ရောက်လာခဲ့ပြီး ယူနိုက်တက်ရဲ့လန်ဒန်ရုံးသို့သွားခဲ့ရောက်ခဲ့ပါတယ်။ လန်ဒန်ရုံးတွင်အဲရစ်တန်ဟက်ဟာယူနိုက်တက်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာကစားသမားခေါ်ယူအားဖြည့်ရေး၊ခရစ္စတီယာနိုရော်နယ်ဒိုအား နေရာအတွက်စိန်ခေါ်မယ့်တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူရေးဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ ယင်းအစည်းအဝေးတွင်ယူနိုက်တက်တာဝန်ရှိသူများက ရပ်ရှ်ဖို့ဒ်တွင်လှပတဲ့ အနာဂတ်ပိုင်ဆိုင်ထားသေးတယ်လို့ယုံကြည်ကာကလပ်တွင်ဆက်ထိန်းသွားမယ်လို့ အဲရစ်တန်ဟက်ကိုအသိပေးခဲ့ပါတယ်။ မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာယခုရာသီတွင် ၅ဂိုးတည်းသာသွင်းထားနိုင်တဲ့အထိအခြေအနေဆိုးခဲ့ပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီများတွင်၂၂ဂိုးနှင့်၂၁ဂိုးသွင်းလာခဲ့သူလည်းဖြစ်ပါတယ်။ သူဟာယူနိုက်တက်တွင်နေရာပျောက်ဆုံးနေမှုနဲ့အတူ နိုဝင်ဘာလ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်လူစာရင်းတွင်ပါဝင်ရန်မရေမရာဖြစ်နေပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်က၂၀၂၃ခုနှစ်တွင်မှကုန်ဆုံးမယ်ဆိုပေမဲ့စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါဝင်ပါတယ်။ […]

ကစားသမားတွေရဲ့ရှက်ရွံ့မှုကြောင့် ယူနိုက်တက် ရာသီကုန် ဆုပေးပွဲခမ်းအနား ဖျက်သိမ်းလိုက်ရတဲ့ အဖြစ်

May 20, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဟာပထမအသင်းကစားသမားများက ရာသီကုန်ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ရန်ရှက်ရွှံ့နေမှု‌နဲ့အတူ ရာသီကုန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားကို ဖျက်သိမ်းလိုက်ပါတယ်။ ယခုရာသီကယူနိုက်တက်အတွက်မေ့ပစ်ချင်တဲ့ရာသီပါ။ ၂၀၂၁-၂၂ရာသီကုန်ဆုံးရန်တစ်ပွဲသာလိုတော့တဲ့အချိန်တွင် ယူနိုက်တက်ဟာအမှတ်ပေးဇယားအဆင့်၆နေရာတွင်ရပ်တည်နေပြီး ထိပ်ဆုံးမှမန်စီးတီးနှင့်ရမှတ်၃၂မှတ်အထိကွာဟနေပါတယ်။ ၎င်းတို့ဟာချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးထားရပြီးဖြစ်ပါတယ်။ ယခုရာသီတွင်၁၁ပွဲရှုံးနိမ့်ထားပြီးဖြစ်တဲ့ယူနိုက်တက်ဟာတနင်္ဂနွေနေ့ ပဲလေ့စ်နှင့်ရာသီသိမ်းပွဲတွင်အနိုင်ရရှိပါကလည်းကလပ်သမိုင်းတွင် အဆိုးရွားဆုံးရမှတ်ရရှိမှုကြုံလာရပါတော့မယ်။ ယူနိုက်တက်ဟာနိုဝင်ဘာလတုန်းကရလဒ်ဆိုးရွားမှုကြောင့်ဆိုးလ်ရှားကို ထုတ်ပယ်ပြီးရန်းနစ်ခ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပေမဲ့ ရလဒ်အနည်းငယ်သာတိုးတက်ခဲ့ပါတယ်။ ယူနိုက်တက်ဟာယခုရာသီတွင် မလိုချင်တဲ့စံချိန်များအဖြစ် ပရီးမီးယားလိဂ်သမိုင်းတွင်ရမှတ်အနည်းဆုံး၊ ပရီးမီးယားလိဂ်သမိုင်းတွင်ပေးဂိုးအများဆုံး၊ပရီးမီးယားလိဂ်ငါးပွဲဆက် အရှုံးစံချိန်တို့ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်လည်းယူနိုက်တက် ပရိသတ်များဟာရာသီကုန် ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ရန် ရှက်နေကြကာပွဲကိုဖျက်သိမ်းပေးရန်ယူနိုက်တက်ထံသို့တောင်းဆိုခဲ့ပါတယ်။ ယခုအခါယူနိုက်တက်ကလည်းကစားသမားများရဲ့တောင်းဆိုမှုကို […]

ယူနိုက်တက်ကြယ်ပွင့်က နယူးကာဆယ်ထံ ပြောင်းဖို့ ( ၉၉ ) ရာခိုင်နှုန်း သေချာပြီ။

May 19, 2022 Wyne 0

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီး ဟန်ဒါဆန်ဟာ နယူးကာဆယ် အသင်းထံ ပြောင်းရွေ့ဖို့ အတော်လေးနီးစပ်နေကြောင်း မန်ချက်စတာ ညနေခင်းသတင်းအရ သိရပါတယ်။ အဆိုပါ သတင်းအရ အသက် (၂၅ ) နှစ်အရွယ် ဟန်ဒါဆန်ဟာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးမှုတေွ ပြုလုပ်ဖို့ နယူးကာဆယ်ကို ရောက်ရှိနေခဲ့ကြောင်း သိရပြီး […]