
ဂန္ထဝင်နည်းပြကြီးဖာဂူဆန်လက်ထက်ကလို ပုံစံမျိုးနဲ့ အုပ်ချုပ်သွားမယ့် အဲရစ်တန်ဟက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္လာနေ့မှာ ရာသီကြိုပွဲတွေအတွက် လေ့ကျင့်ခန်းအစီအစဉ်စတင်တော့မှာ ဖြစ်တာကြောင့် နည်းပြသစ်အဲရစ်တန်ဟက်ရဲ့ စည်းကမ်းတွေနဲ့ ကစားသမားတွေ စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲရစ်တန်ဟက်အနေနဲ့ သူ့ရဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ကစားသမားတွေ ဘောလုံးပေးပို့မှုတိကျသေချာမှုရှိအောင် အရင်ဆုံးလေ့ကျင့်ခိုင်းမှာဖြစ်သလို သူလိုချင်တဲ့အတိုင်း လျင်လျင်မြန်မြန် Passing ပေးနိုင်ဖို့ အိုးလ်ထရက်ဖို့ဒ် ကွင်းဝန်ထမ်းတွေကို မြက်ခင်းပြင်အရှည် (၁၅)စင်တီမီတာ ကွက်တိဖြစ်အောင်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သတင်းထွက်နေပါတယ်။ […]