
ဘောလုံးပရိသတ်များဟာပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး
ကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်ခရစ္စတီယာနိုရော်နယ်ဒို၊
ဗာဂယ်ဗန်ဒိုက်၊ဆာဒေယိုမာနေးတို့မပါဝင်လာမှုအပေါ်ဒေါသထွက်နေပါတယ်။
ဒါပေမဲ့ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်
ဆန်ကာတင်စာရင်းတွင်ဂျိမ်းစ်ဝတ်ပရောက်အံ့ဩသင့်ဖွယ်ပါဝင်လာပါတယ်။
ရာသီသိမ်းရန်တစ်ပတ်သာလိုတော့တဲ့အချိန်တွင်ပရီးမီးယားလိဂ်ဟာ
တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းကို
ကြေညာလာတာလည်းဖြစ်ပါတယ်။ ဘောလုံးကလောင်ရှင်များအဖွဲ့ချုပ်က
ချီးမြှင့်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးထားပြီးဖြစ်တဲ့
မိုဟာမက်ဆာလက်နှင့်ကီဗင်ဒီဘရိုင်းတို့ကပရီးမီးယားလိဂ်တစ်နှစ်တာ
အကောင်းဆုံးကစားသမားဆုအတွက် ဘွတ်ကီဒိုင်တို့ရဲ့ရေပန်းအစားဆုံးဖြစ်နေပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ဘွတ်ကီဒိုင်တို့ရဲ့ရေပန်းအစားဆုံး
စာရင်းမှာပါဝင်တဲ့မာနေးနှင့်ဗန်ဒိုက်တို့မပါဝင်လာပါဘူး။
လီဗာပူးမှထရန်းအလက်ဇန္ဒားအာနိုးနှင့်မိုဟာမက်ဆာလက်တို့သာ
ပါဝင်ပြီးမန်စီးတီးမှကန်စီလို၊ကီဗင်ဒီဘရိုင်း၊စပါးစ်မှဆန်ဟောင်မင်း၊
အာဆင်နယ်မှဘူကာယိုဆာကာ၊ဝက်စ်ဟမ်းမှဂျာရော့ဒ်ဘိုဝင်းနှင့်
ဆောက်သမ်တန်မှဝတ်ပရောက်စ်တို့ပါဝင်ခဲ့ပါတယ်။
ဒါကြောင့်လည်းဘောလုံးပရိသတ်များဟာဂျိမ်းစ်ဝတ်ပရောက်က
အကောင်းဆုံးဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်ပြီးမာနေးနှင့်
ခရစ္စတီယာနိုရော်နယ်ဒိုတို့မပါဝင်မှုအပေါ်မေးခွန်းထုတ်လျက်ရှိကြပါတယ်။
zawgyi
EPL တစ္ႏွစ္တာအေကာင္းဆုံးကစားသမားစာရင္းမွာ ေရာ္နယ္ဒုိ မပါ၀င္လုိ႔ ေဒါသထြက္ေနၾကတ့ဲ ပရိသတ္ေတြ
ေဘာလုံးပရိသတ္မ်ားဟာပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံး
ကစားသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒို၊
ဗာဂယ္ဗန္ဒိုက္၊ဆာေဒယိုမာေနးတို႔မပါဝင္လာမႈအေပၚေဒါသထြက္ေနပါတယ္။
ဒါေပမဲ့ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္
ဆန္ကာတင္စာရင္းတြင္ဂ်ိမ္းစ္ဝတ္ပေရာက္အံ့ဩသင့္ဖြယ္ပါဝင္လာပါတယ္။
ရာသီသိမ္းရန္တစ္ပတ္သာလိုေတာ့တဲ့အခ်ိန္တြင္ပရီးမီးယားလိဂ္ဟာ
တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းကို
ေၾကညာလာတာလည္းျဖစ္ပါတယ္။ ေဘာလုံးကေလာင္ရွင္မ်ားအဖြဲ႕ခ်ဳပ္က
ခ်ီးျမႇင့္တဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးထားၿပီးျဖစ္တဲ့
မိုဟာမက္ဆာလက္ႏွင့္ကီဗင္ဒီဘ႐ိုင္းတို႔ကပရီးမီးယားလိဂ္တစ္ႏွစ္တာ
အေကာင္းဆုံးကစားသမားဆုအတြက္ ဘြတ္ကီဒိုင္တို႔ရဲ႕ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ဘြတ္ကီဒိုင္တို႔ရဲ႕ေရပန္းအစားဆုံး
စာရင္းမွာပါဝင္တဲ့မာေနးႏွင့္ဗန္ဒိုက္တို႔မပါဝင္လာပါဘူး။
လီဗာပူးမွထရန္းအလက္ဇႏၵားအာႏိုးႏွင့္မိုဟာမက္ဆာလက္တို႔သာ
ပါဝင္ၿပီးမန္စီးတီးမွကန္စီလို၊ကီဗင္ဒီဘ႐ိုင္း၊စပါးစ္မွဆန္ေဟာင္မင္း၊
အာဆင္နယ္မွဘူကာယိုဆာကာ၊ဝက္စ္ဟမ္းမွဂ်ာေရာ့ဒ္ဘိုဝင္းႏွင့္
ေဆာက္သမ္တန္မွဝတ္ပေရာက္စ္တို႔ပါဝင္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားဟာဂ်ိမ္းစ္ဝတ္ပေရာက္က
အေကာင္းဆုံးဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ၿပီးမာေနးႏွင့္
ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔မပါဝင္မႈအေပၚေမးခြန္းထုတ္လ်က္ရွိၾကပါတယ္။